Subscribe to our RSS Feed

ဒီမိုး..ဒီလှေ..ဒီလူတွေနဲ့...ဒီအချိုးပဲလား.... NLD (ပေးစာ - ၁၃၃)

From : သီဟသစ်
 

အခုရက်ပိုင်း ဧပြီ ၂၃ မှာပြုလုပ်မယ့် လွှတ်တော်အစည်းအဝေးကို NLD ပါတီ အနေနဲ့ တက်မယ်/ မတက်ဖူး ဆိုတာ
ကွဲကွဲပြားပြားမဖြေပဲ ဝေ့လည် ကြောင်ပတ်လုပ်နေတဲ့ အနေအထားမျိုးကိုတွေ့နေရတယ်။

ဖြစ်နေတဲ့ ပြသာနာက လွှတ်တော် ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ တွေထဲက လွှတ်တော် ကိုယ်စားလှယ်
ကတိ သစ္စာပြုချက်နည်းဥပဒေ ၅(ဂ)နှင့် ၉(က)မှာ

"ကျွန်ုပ်…..သည် လွှတ်တော် ကိုယ်စား လှယ်အဖြစ် ရွေးချယ် ခံရပြီး ဖြစ်သဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများ ကိုလည်း လိုက်နာပါမည်"လို့ပြဌန်းထားတယ်။
 ဒီစာပိုဒ်ကိုမကျေနပ်လို့ NLD က ပြင်ပေးဖို့တောင်းဆိုထားတာပါ။

“အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက် ပါမည်”  ဆိုတဲ့ စကားစုနေရာမှာ“အခြေခံဥပဒေကို လေးစားလိုက်နာပါမည် ” ဆို ပြီး အစားထိုးပေးဖို့ နားပူနားဆာတိုက်နေပါတယ်။

ဒီရွေးကောက်ပွဲဝင်ပြီးမှ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုမကာကွယ် မစောင့်ရှောက်ချင်ရင် ဘာကိုကာကွယ်ချင်သေးတဲ့ သဘောလဲ။မကာကွယ် မစောင့်ရှောက်ချင်ရင်  အစကတည်းကရွေးကောက်ပွဲကိုဝင်မနေနဲ့။ ရှင်းရှင်းပြောရမယ်ဆိုရင် ဒါနိင်ငံရေးချုံခိုတာ ။

မဏ္ဍပ်လည်းပြင်ပြီးပြီ။ ဧည့်သည်တွေလဲဖိတ်ပြီးပြီ။ ကတုံးလည်းတုံးပြီးပြီ။ ဒါကိုမှ သင်္ကန်းတောင်းမရွတ်ချင်ဘူး....
ဆိုပြီး ဂဂျီဂဂျောင်လုပ်တဲ့ သဘောပါပဲ။

NLD ရဲ့ ဒီလို နိင်ငံရေးဂဂျီဂဂျောင် ကျတဲ့အကျင့်က အခုမှ စ ခဲ့တာမဟုတ်ဘူး။ ၁၉၉၀ ရွေးကောက်ပွဲမှာလည်း တကြိမ်လုပ်ခဲ့ပြီးပြီ။ အဲ့ဒီတုန်းက မာရှယ်လောနဲ့ဆက်ပြီး အုပ်ချုပ်ဖို့မဖြစ်နိင်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တခု ဆွဲရမယ့် အနေအထားဖြစ်လာတယ်။နောက်တော့ မူကြမ်းဆွဲမယ့် ကိုယ်စားလှယ်လောင်းတွေ ရွေးဖို့ ၁၉၉၀ ရွေးကောက်ပွဲကိုလုပ်ခဲ့တယ်။အဲ့ဒီမှာ ပြသာနာစတာပါပဲ။

ကိုယ်စားလှယ်လောင်းအများဆုံးရွေးခံရတဲ့ NLD က ရွေးကောက်ပွဲရဲ့မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ မူကြမ်းရေးဆွဲ ဖို့ကို လေသံပြောင်းပြီး အာဏာလွှဲပေးဖို့ ပြောတော့တာပါပဲ။နိင်ငံရေးကလိန်ကကျစ် NLD ရဲ့ဗီဇက အဲ့ဒီမှာ စ ခဲ့တာပဲ။တိုင်းပြည်ဗရမ်းဗတာနဲ့ အုပ်ချုပ်မှုစနစ်တွေ ဖရိုဖရဲအချိန်မှာ ဖျာဝင်ခင်းတဲ့အကွက် နဲ့ နိင်ငံရေးအကြပ်အတည်းဖြစ်အောင်လုပ်ခဲ့တယ်။ဖွဲ့စည်းပုံအခြေခံဥပဒေမရှိပဲ ဘာနဲ့နိင်ငံကို အုပ်ချုပ်ချင်တာကိုတော့ အဲ့ဒီတုန်းက NLD ညဏ်ကြီးရှင်တွေပဲ သိလိမ့်မယ်။အဲ့ဒီကာလမှာ နိင်ငံရေးနယ်ပယ်က ပုဂ္ဂိုလ်တွေအားလုံး ဝိုင်းပြီးထောက်ပြခဲ့တာ မေးခွန်းနှစ်ခုထဲ ပါပဲ။

(၁)  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိပဲ အစိုးရအဖွဲ့ကို ဘယ်လိုဖွဲ့စည်းမလဲ။

(၂) NLD အနေနဲ့ ကြားကာလမှာ ဘယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုးကားပြီး နှစ်ပေါင်း ဘယ်လောက်ကြာအောင် တိုင်းပြည်ကိုအုပ်ချုပ်မလဲ။

ဒီအခြေခံအကျဆုံးမေးခွန်းနှစ်ခုကိုတောင် NLD က ဝေ့လည်ကြောင်ပတ်နဲ့ အဖြေမပေးခဲ့ဘူး။ အာဏာလွှဲပေးဖို့ပဲ တောက်လျှောက်တောင်းဆိုခဲ့တယ်။ တွေးကြည့်ရင်တော့ NLD အခုလုပ်နေတဲ့အကွက်က အရမ်းတော့မထူးဆန်းပါဘူး။ နည်းဟောင်းကိုပြန်သုံးခဲ့တာပါပဲ။

၁၉၉၀ မှာတကြိမ်ကျရှုံးခဲ့ပြီး ၂၂ နှစ်အကြာမှာမှ နလံပြန်ထတုန်း ရှိပါသေးတယ်။
မနူးမနပ်အကွက်နဲ့နိင်ငံရေးအကြပ်အတည်းကိုထပ်ပြီး ဖန်တီးနေမယ်ဆိုရင်တော့
NLDအနေနဲ့အလားအလာမကောင်းနိင်ပါဘူး။

အားလုံးအပြုသဘောဆောင်နေချိန်မှာ  ဖောက်မလာဖို့ မျှော်လင့်မိပါတယ်။

 Myanmar Express 

3 comments:

NLD ရဲ့  ဖောက်ပြန်ရေး လမ်းစဉ်ဟာ ခွေးမြီးကောက် ကျည်တောက်စွပ် ဖြစ်နေပါပြီ။ ကျည်တောက်စွပ်ထားတုန်းပဲ ဖြောင့်တဲ့ ခွေးမြီးလို ဖြစ်နေပြီဆိုတော့ ပြန်ခေါ်ပြီး ထောင် ဆိုတဲ့  ကျည်တောက်နဲ့  စွပ်ထားလိုက်ရင် သင့်တော်မယ်ထင်ပါတယ်။

သနားလို့  ငါးဝယ်ကျွေး၊ အရိုးမျာသော၊ ချေး ခါးသော ဇီဇာများတဲ့  ခွေးငယ်လေး တစ်ကောင်လို ဖြစ်နေပြီလို့  မြင်တယ်။ ဒီလို အတိုင်း သာဆိုရင် ဒေါ်စုကြည်နဲ့  ကြံရာပါတွေဟာ တိုင်းကျိုး ပြည်ပြု လုပ်ချင်လို့ ၊ လုပ်နိုင်လို့  မဟုတ်ဘဲ၊ တိုင်းချိုး၊ ပြည်ဖျက် လုပ်ချင်လို့ ဆိုတာ ထင်ရှားနေပါပြီ။

အင်္ဂလန်ကိုသာ ပြန်ပါတော့  ဒေါ်စုကြည်။

ဟာသ... NLD စာမတတ်တဲ့ ပြည်သူတွေက NLD ဆိုရင် စုကြည်ဆိုတာပဲသိတယ် ဒိတော့ ဘယ်မဲနယ်ပယ်မဆို NLD ကစုကြည်ပဲဆိုပြီးထည့်လိုက်ကြတာပါပဲ.. ကဲအခုကြည်ကြပေတော့ Hiphop အဆိုတော်ဆိုတဲ့ ဒေါက်မကျိုးတဲ့ သူတွေ ထောင်ထွက်တွေ... နောက်မီးလင်းတွေ...နဲ့လွတ်တော်ကြီးကတော့ ..ဟာသကွာ... ဖြစ်မှာပါပဲ အင်္ဂလိမ်မယား နဲ့ အနောက်အုပ်စုရဲ့ နိုင်ငံရေးလှဲကွက်တွေကြားမှာ ကိုယ်အချင်းချင်း မသေမချင်းကိုက်နေကြတော့ ဘာသိလဲဆိုတော့ ဘာမှမသိ... ဟာသကွာ... (ကျော်ကြီး)

အော်.. ဒေါ်စု ဦးစီးတဲ့ NLD ကတော့ အပြောတစ်မျိုး အလုပ်တစ်မျိုး နဲ့ ပြည်သူတွေကို မျက်လှည့်ပြနေပီ... ယုံကြည်စွာနဲ့ NLD ကို မဲတွေ နေရာအနှံ့ အများအပြား ပေးခဲ့ပေမယ့် အခု လွှတ်တော်တက် ခါနီးမှာ NLD က ရှောင်လွှဲဖို့ လမ်းစဉ်ကို လိုက်နေပြီ... ပြည်သူတွေကို လိမ်ညာပြီး NLD ပါတီ အနိုင်ရရင် လွှတ်တော်မှာ ပြည်သူတွေရဲ့ အကျိုးစီးပွား ခံစားခွင့်တွေကို တင်ပြပေးမယ်လို့ အာဘောင် အာရင်းသန်သန်နဲ့ အရပ်တကာ နယ်တကာ နေပူမရှောင် မိုးရွာမရှောင် လှည့်လည် မဲဆွယ်စည်းရုံးခဲ့တဲ့ ဒေါ်စု ကတော့ ပြည်သူတွေကို ထပ်ပြီး ယုံတမ်းစကားတွေ ပြောနေလေရဲ့.. NLD အနိုင်ရလို့ လွှတ်တော်တက်ရောက်ဖို့ ခေါ်ယူခဲ့သော်လည်း လွှတ်တော်ကို မတက်ရောက်ခဲ့ပါဘူး.. အဲဒါက ဘာကို ပြလိုက်တာလို့ဆိုတော့ ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကို ပါးစပ်ဖျားလေးနဲ့(မဲတစ်မဲရရှိဖို့အတွက်)လွှတ်တော်မှာတင်ပြပေးမယ်လို့ပေးခဲ့တဲ့ကတိစကားကို တကယ်လက်တွေ့မှာ မလုပ်ဆောင်ပေးနိုင်တာကြောင့် အခုလို ဟိုအကြောင်းပြ.. ဒီအကြောင်းပြ.. တွေနဲ့ ပြည်သူတွေနဲ့ အစိုးရကို ရန်တိုက်ပေးနေ ပါပီ.. အများအမြင်မှာတော့ အစိုးရကပဲ လွှတ်တော်မခေါ်သလိုလို.. လွှတ်တော်တောင် မတက်ရသေးဘူး. မဖြစ်နိုင်တဲ့ကိစ္စကို အရင်ဆုံး တောင်းဆို နေတာကတော့ ပြည်သူနဲ့ အစိုးရကို သက်သက်ရန်တိုက်ပေးပြီး သွေးခွဲနေတာဖြစ်ပါတယ်.. ဒါကြောင့် ပြည်သူလူထုအပေါင်းတို့ခင်ဗျား.. အခုတော့ ဒေါ်စုရဲ့ ဇာတ်ရုပ်က မြန်မာပြည်သူလူထုအတွက် အမှန်တကယ် လုပ်ဆောင် နေတာလား ? အနောက်အုပ်စုရဲ့ ကြိုးဆွဲတိုင်း က နေတဲ့ ရုပ်သေးရုပ်လားဆိုတာတော့ ပြည်သူအများ သိသင့်ပီလို့ ပြောလိုက်ပါရစေ...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်