ဒီကနေ့ ဧပြီလ (၃၀) ရက်နေ့ မနက်မှာ နေပြည်တော်ရောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်း မှ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မိန့်ခွန်းပြောကြားခဲ့ပြီး ပြည်တွင်း မီဒီယာများသာမက ပြည်ပ မီဒီယာများကပါ တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ပါတယ်။
ကုလသမ္မဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မှ ပြည်ထောင်စုလွှတ်တော် မိန့်ခွင်းတွင် ယနေ့ မြန်မာနိုင်ငံ အနေဖြင့် အပြောင်းအလဲများစွာဖြင့် တရှိန်ထိုး တိုးတက်လျှက်ရှိကြောင်း ၊ ယနေ့ မြန်မာနိုင်ငံဟာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေနဲ့ မြန်မာဟာ ကမ္ဘာရဲ့ စိတ်ဝင်စားမှုကို သိမ်းကျုံးရယူနေပါကြောင်း၊ ၎င်းနိုင်ငံအနေနှင့် မြန်မာအစိုးရ၏ အနာဂတ်မြင့်မားစေဖို့ ရည်မှန်းချက်ဆန္ဒ အရမ်းကို ပြင်းပြနေတယ်ဆိုတာ နာလည်းပါကြောင်း၊ နိုင်ငံ တကာ ကူညီရေးအဖွဲ့များအနေနဲ့ အရှိန်ကောင်းနေတဲ့ မြန်မာနိုင်ငံရဲ့ ပညာရေး၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးရေးအတွက် ကူညီမှုတွေ လာရောက်ဖို့ အချိန်ရောက်ပြီဖြစ်ကြောင်း၊ မြန်မာပြည်သူများအပေါ် စီးပွားပိတ်ဆို့ထားတဲ့ EU နဲ့ နိုင်ငံတကာ ပိတ်ဆို့မှုတွေ လည်း ရုတ်သိမ်းဖို့လိုအပ်ပြီဖြစ်ကြောင်း ၊ သမ္မတကြီး ဦးသိန်းစိန် အတွက် အလွန် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့ပါတယ်။

မစ္စတာဘန်ကီမွန်းဟာ ဧပြီ ၂၉ ရက်နေ့ကတည်းက မြန်မာနိုင်ငံမှာ ၃ ရက်တာ ခရီး ရောက်ရှိနေတာဖြစ်ပြီး နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်အပါအဝင် လွှတ်တော် အကြီးအကဲတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်း ပြန်ကောက်မယ့် အစီအစဉ်မှာ ကုလသမဂ္ဂက ငွေကြေးနဲ့နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးမယ့် သဘောတူညီချက်တရပ် မစ္စတာဘန်ကီမွန်းနဲ့ ဒု-သမ္မတ စိုင်းမောက်ခမ်းတို့ ရှေ့မှောက်မှာ သဘောတူ လက်မှတ်ရေးထိုးမှုတွေ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
Myanmar Express

1 comments:
http://www.youtube.com/watch?v=P0ft18z6ALo
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်