Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဂျပန်နိုင်ငံသို့ ငါးရက်ကြာ ခရီးသွားရောက်မည်



 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် သောကြာနေ့ (ဧပြီလ ၂၀ ရက်နေ့ )တွင် ဂျပန်နိုင်ငံသို့ ငါးရက်ကြာ ခရီးသွားရောက်မည် ဖြစ်ကြောင်းသိရှိရသည်။ဂျပန်နိုင်ငံသို့ ရောက်ရှိနေစဉ် အတွင်း သမ္မတ ဦးသိန်းစိန်သည် ဂျပန်ဝန်ကြီးချုပ် မစ္စတာ ယိုရှီဟီကိုနိုဒါနှင့် ၂၂ ရက်နေ့တွင် တွေ့ဆုံကြမည်ဖြစ်ကြောင်း ကို ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတင်းဌာန များသို့ ပြောကြားခဲ့သည်။ယခု ခရီးစဉ်သည် နှစ်ပေါင်း ၂၈ နှစ်အတွင်း မြန်မာအစိုးရမှ အဆင့်မြင့်ဆုံးပုဂ္ဂိုလ် တစ်ဦး ဂျပန်နိုင်ငံသို့ ခရီးသွားရောက်ခြင်းလည်း ဖြစ်သည်။


Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်