Subscribe to our RSS Feed

နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီ တည်ထောင်လိုကြောင်း လျှောက်ထားလျက်ရှိ

From : ခေတ်လူငယ်


နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီ တည်ထောင်လိုကြောင်း လျှောက်ထားလျက်ရှိရာ ဧပြီ ၂၆ ရက်တွင် ဦးခင်ဇော် အပါအဝင် ပုဂ္ဂိုလ် ၂၂ ဦးက အမျိုးသားလူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီ တည်ထောင်လိုကြောင်း လာရောက်လျှောက်ထားသည်။ ထို့အတူ ဧပြီ ၂၆ ရက်တွင် ဦးနိုင်ငွေသိမ်း အပါအဝင် ပုဂ္ဂိုလ် ၁၅ ဦးက မွန်ဒီမိုကရေစီပါတီကို တည်ထောင်လိုကြောင်း လာရောက်လျှောက်ထားခဲ့သည်။ ယင်းလျှောက်ထားချက်များနှင့် ပတ်သက်ပြီး ပါတီတည်ထောင်လိုသူ ပုဂ္ဂိုလ်များသည် နိုင်ရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၄ နှင့် ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှု ရှိ၊ မရှိ စိစစ်ပေးနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာ ဝန်ကြီးဌာနများထံ မေတ္တာရပ်ခံ ညှိနှိုင်းထားကြောင်း သိရှိရသည်။


 Myanmar Express 

1 comments:

That is the same with these old stupid people. They thought themselves politicians. If there is two Bamar, there are three parties. They have not done even the work at a ya-wa-ta, they want to rule the country. Can you ask them if they want to get rich and want to make their families and relatives rich like corrupt officials?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်