Subscribe to our RSS Feed

မြန်မာ လူမျိုးများသည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများဖြင့် ယဉ်ကျေး သိမ်မွေ့စွာ နေထိုင်သော လူမျိုးများ ဖြစ်ပါသည်။ အဘိုး၊ အဘွား၊ အမိ၊ အဖ၊ အစ


မြန်မာ လူမျိုးများသည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများဖြင့် ယဉ်ကျေး သိမ်မွေ့စွာ နေထိုင်သော လူမျိုးများ ဖြစ်ပါသည်။ အဘိုး၊ အဘွား၊ အမိ၊ အဖ၊ အစ်ကို၊ အစ်မနှင့် ဆွေမျိုး များအပေါ်၌ ရိုသေကိုင်းရှိုင်းပြီး မိမိထက် တစ်မနက်ကြီးသော သူကိုပင် ရိုသေ လေးစားစွာ ဆက်ဆံ ကြသော လူမျိုးများ ဖြစ်ကြပါသည်။ လူကြီးမိဘများသည် ငယ်စဉ်ကပင် သားသမီးများအား ဗုဒ္ဓ ဘာသာ ယဉ်ကျေးမှု အခြေခံများ ရရှိစေရန် ဘုန်းတော်ကြီးကျောင်းများတွင် သင်ကြား ဖွင့်လှစ်ပေးသော နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းများသို့ တက်ရောက် စေပါသည်။ ကျေးလက် ဒေသများတွင် အခမ်း အနားဖြင့် ဖွင့်လှစ် သင်ကြားလျက် ရှိသည်ကို ဗုဒ္ဓ ဘာသာဝင်များ အနေဖြင့် ကြည်နူးစွာ မြင်တွေ့ရမည် ဖြစ်ပါသည်။

ကြည့်မြင်တိုင်မြို့နယ်ရှိ သာဓုပရိယတ္တိ ကျောင်းတိုက်သည်လည်း ရွှေည၀ါ ဆရာတော်၏ ဦးစီး လမ်းညွှန်မှုဖြင့် ယဉ်ကျေးလိမ္မာ သင်တန်းကို နှစ်စဉ် ဖွင့်လှစ်ခဲ့သည်မှာ ၁၀ နှစ်ခန့် ရှိပြီဖြစ်ပါသည်။ ထိုကဲ့သို့ ဗုဒ္ဓဘာသာဝင် ကလေးသူငယ်များအား ယာဉ်ကျေးလိမ္မာ အခြေခံသင်တန်းများ ဦးစီး သင်ကြား ပေးနေ သော ရွှေည၀ါ ဆရာတော်သည် ၄င်းထက် ၀ါတော်၊ သိက္ခာတော် ကြီးမားပြီး သီလ၊ သမာဓိ၊ ပညာ ဂုဏ်တို့ဖြင့် ပြည့်စုံသည့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ဗဟိုဝန်ဆောင် ဆရာတော်ကြီးများ အပါ အ၀င် အခြားဆရာတော်ကြီးများ အပေါ်၌ ပုတ်ခတ် စော်ကား၍ ပြည်သူလူထုနှင့် အစိုးရမှ သီလ၊ သမာဓိ၊ သိက္ခာဂုဏ်များဖြင့် ပြည့်စုံ သောကြောင့် ကြည်ညို လှူဒါန်းကြသော ကျောင်းတိုက်ကြီးများနှင့် ကား အကောင်းစားကြီးများကို မစွန့်လွှတ်နိုင်၍ အစိုးရ အလိုကို လိုက်နေကြောင်း၊ အစိုးရ အလိုက် အကြိုက်ဆောင် သောကြောင့် ဘွဲ့တံဆိပ်များစွာ ရရှိနေကြောင်း ပြောဆိုခဲ့သည့်အပြင် သံဃနာယက ဆရာတော်ကြီးများမှ ဆိုဆုံးမမှုကိုလည်း ဆီလို အပေါက်ရှာ၍ အပြစ်ယူနေသည်ဟု ပြောဆိုခဲ့ပါသည်။

ရွှေည၀ါဆရာတော်သည် ၄င်းထက် ၀ါတော် ၊ သိက္ခာတော် ကြီးမားသော သံဃာတော်ကြီးများ အပေါ်တွင် ပြစ်မှား ပြောဆိုသည်မှာ ၀ိနည်းနှင့်အညီ စော်ကားခြင်း ဖြစ်သည်ဟု သတ်မှတ် ရမည်လား၊ ရဟန်း၊ သာမဏေငယ်များမှ အတုယူ၍ လိုက်ပါပြောဆိုမှုများ ဖြစ်ပေါ်လာပါက သာသနာတော်နှင့် ဗုဒ္ဓ ဘာသာဝင်များ အပေါ်တွင် ရင်လေးဖွယ်ရာပင် ဖြစ်ပါသည်။ ကလေးသူငယ်များ အပေါ်တွင် ယဉ်ကျေး လိမ္မာစွာ နေထိုင်ရန် ဆိုဆုံးမမှုများ ပြုလုပ်လျက်ရှိပြီး ဆရာတော် ကိုယ်တိုင်က စိတ်ထင်တိုင်း ပြုမူနေသည်မှာ မသင့်လျော်ကြောင်း မြင်တွေ့ရပါသည်။ ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့ ဆိုသည့် ပုံစံမျိုး ဖြစ်နေပါသည်။ ဆရာတော်ကြီးက သီးခံ ခွင့်လွှတ်သော်လည်း ၀စီကံမြောက် စော်ကားသည့် အကုသိုလ် အကျိုးတရား ကရော ရွှေည၀ါဆရာတော်အပေါ်တွင် ခွင့်လွှတ်ပါမည်လား။

Myanmar Express

1 comments:

U.N.H.C.R

U.N.H.C.R ၏ ရည်ရွယ်ချက်မှာ ပြည်ပနိုင်ငံ အသီးသီးသို့ ရောက်ရှိသွားပြီးမှ မြန်မာနိုင်ငံတော်ကြီးအား ပျက်စီးရာပျက်စီးကြောင်းကို၎င်း၊ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူပြည်သားများအား အတိဒုက္ခရောက်စေ နိုင်ရန်သွေးထိုးလှုံဆော်ပေးနေသော ဒုက္ခသည်အမည်ခံများနှင့် နိုင်ငံရေးအရေခြုံပြီး ကိုယ်ကျင့်တရားပျက်ပြားနေသော မည်သူကိုမဆို ဖော်ထုတ်ရေးသားသွားမည်ဟု ရည်ရွယ်သည်။ လူမျိုးမရွေး ဘာသာမရွေး နိုင်ငံမရွေး ကျွန်ုပ်တို့နှင့် ပူးပေါင်းနိုင်ပြီး မိတ်ဆွေများအနေနှင့် UNHCRဖြင့်ပူးပေါင်းဖော်ထုတ်လိုပါက U.N.H.C.R@live.com (သို့မဟုတ်)dohraydoh@googlemail.comသို့ဆက်သွယ်နိုင်ပါသည်။။။ ။။မြန်မာနိုင်ငံတော်ကြီးအား တိုးတက်ကောင်းမွန်လာအောင် အဖက်ဖက်မှ ကိုယ်ကျိုးစွန့်အနစ်နာခံကာ ဆောင်ရွက်နေသော နိုင်ငံရေးသမားကောင်းများနှင့် အဖွဲ့အစည်းအသီးသီးမှ လူပုဂ္ဂိုလ်များအားဦးညွတ်ဂုဏ်ပြု့နေလျှက်...........

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်