Subscribe to our RSS Feed

အမြင်မှန်ရကာ အလင်းဝင်လာသူ KIA အဖွဲ့များကို KIA ဗဟိုမှ နောက်က လိုက်ကာ ကချင်လူမျိုးချင်း ရက်ရက်စက်စက် ပစ်သတ်

အမြင်မှန်ရကာ အလင်းဝင်လာသူ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်သားများကို KIA ဗဟိုမှ အတင်းလိုက် သတ်ခိုက်သဖြင့် လိုက်သတ်ရာ အတိုက်ပွဲ အကြီးအကျယ် ဖြစ်ပြီး မနေ့ က မနက်ပိုင်းတွင် များစွာ ကျဆုံး သွားကြောင်း သတင်းရရှိပါတယ်။

အမြင်မှန်ရလာသူ ကချင်လွတ်လပ်ရေးတပ်မတော် KIAက အကြပ်တပ်သား ၃၅ယောက်က လက်နက်မျိုးစုံ ၂၃လက်နဲ့အတူ ပြီးခဲ့တဲ့ သင်္ကြန်အတက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးရွာမှာ အခြေချနေတဲ့ အစိုးရ တပ် စခန်းကို လာရောက် လက်နက်ချခဲ့ပါတယ်။ ဒေသခံတွေကတော့ ဒီလို လက်နက် ချလာ သူတွေ ဟာ KIAက အဓမ္မ တပ်သားသစ်စုဆောင်းခံရ သူတွေဖြစ်တာကြောင့် ပြန်လာ တာဖြစ်ကြောင်းပြောဆိုခဲ့ပြီး KIA ဗဟိုကတော့ အားလုံးကို သတ်ပစ်ဖို့ ချက်ချင်း အမိန့်ထုတ်ခဲ့ကြောင်း သိရပါတယ်။

အလင်းဝင်ပြီး ၃ ရက် အကြာတွင် ၎င်း အဖွဲ့များ ရှိနေသည့် တာလောကြီးနှင့် ရှဒန်ပါ ငှက်ပျောခြံကြား နေရာများအား KIA ဗဟို မှ ဝင်ရောက်ဆီးနင်းကာ KIA အဖွဲ့ အချင်းချင်းပင် ရက်ရက် စက်စက် ပစ်သတ်သွားကြောင်း သိရပါတယ်။

အသက်ရှင်ကျန်ခဲ့သူ တစ်ဥိးကတော့ အရင်တုန်းက လုပ်ဖော်ကိုင်ဖက် ရဲဘော် ရဲဖက် အချင်းချင်း ဖြစ်တာကြောင့် တကယ် ပစ်သတ်မယ် မထင်လို့ ပြန်ပစ် တာတွေ မလုပ်ခဲ့ပေမယ့် KIA ဗဟို ဖက်ကနေ ကချင်လူမျိုးအချင်းချင်း ရက်ရက်စက်စက် ပစ်သတ်သွားကြောင်း ပြောခဲ့ပါတယ်။

kia-deserter2-1904

Myanmar Express

3 comments:

We should report this crime to the UN and intrenational organisation which can take action to KIA terrorist group.
They are using international groups to see the human right violations are committed by Government troops. Acturally they are real gangstars giving big troubles to the locals.
Those KIA terrorists are torturing people in Kachin state for long time. Killing, Raping and Looting are the routine work of KIAs.
Myanmar people particularly locals living in Kachin state disgusting KIA.

I'm totally agree with you and govt. should take action on that matter.

why they didn't get covered by Myanmar Army.
If you guy protect them, there are alot of KIA soldier are waiting to join them.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်