Subscribe to our RSS Feed

Intel ကုမ္ပဏီမှ ပထမဆုံး စမတ်ဖုန်း ထုတ်လုပ်ရောင်းချမည်

From : MRTV4


ကွန်ပျူတာချစ်ပ် ထုတ်လုပ်တဲ့ Intel ကုမ္ပဏီက ၎င်းရဲ့ ပထမဆုံး Intel စွမ်းအင်အသုံးပြု စမတ်ဖုန်းကို ယခုသီတင်းပတ်အတွင်း အိန်္ဒိယနိုင်ငံမှာ
ဈေးကွက်တင် ရောင်းချမယ်လို့ သိရပါတယ်။ Intel ကုမ္ပဏီနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အကျိုးတူပူးပေါင်းခဲ့တဲ့ ကုမ်္ပဏီကတော့ အိန္ဒိယအခြေစိုက် စမတ်ဖုန်းကုမ္ပဏီ Lava International ဖြစ်ပါတယ်။ Lava ကုမ္ပဏီက X0L0 X900 ဖုန်းကို ဧပြီလ ၂၃ရက်နေ့မှာ ဖြန့်ချိပေးမှာဖြစ်ပြီး အဆိုပါစမတ်ဖုန်းမှာ X0L0 X900 ရဲ့ Processor ကို Android Operating System နဲ့ ပံ့ပိုးပေးထားပါတယ်။

စမတ်ဖုန်းဈေးကွက် အတွင်းမှာ ဗြိတိန်အခြေစိုက် ARM နဲ့ အမေရိကန်အခြေစိုက် Qualcomm ကုမ္ပဏီတွေရဲ့ ချစ်ပ်တွေက လွှမ်းမိုးထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် Intel က တရုတ်ကုမ္ပဏီ Lenovo နဲ့လည်း သဘောတူ စာချုပ်တစ်ခု ချုပ်ဆိုထားပါတယ်။ Intel ဟာ အမေရိကန်ထုတ် စမတ်ဖုန်းတွေ လွှမ်းမိုးနေတဲ့ အိန်္ဒိယနဲ့ တရုတ်နိုင်ငံမှာ ၎င်းရဲ့ဈေးကွက်အခြေအနေကို စမ်းသပ်တာ ဖြစ်ကြောင်း လေ့လာ သူတွေက သုံးသပ်ထားတယ်လို့ သိရပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်