မျိုးဆက်သစ် ကျောင်းသားလူငယ်များ ယဉ်ကျေးလိမ္မာ စေဖို့အတွက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းကို မတ်လ ၁၆ ရက်နေ့က ရန်ကုန်မြို့ ဗဟန် ၂ လမ်းမှာရှိတဲ့ ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဓမ္မာရုံမှာ ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလို သင်တန်းတက်ရတဲ့ အကျိုးကျေးဇူးတွေမှာ ကလေးတွေအတွက် အသိလိမ္မာ တိုးပွားလာနိုင်ခြင်း ၊ ပါဋ္ဌိစာပေ အရေး ၊ အဖတ် တတ်မြောက်လာနိုင်ခြင်း ၊ ဘာသာရေး ကိုင်းရှိုင်းတတ်ပြီး လူမှုဆက်ဆံရေး အတတ်ပညာများ တိုးပွားလာနိုင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူး တွေရရှိမှာ ဖြစ်ပါတယ်။ 
Myanmar Express
အဆိုပါ သင်တန်း ကိုတော့ မတ်လ ၁၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး သင်တန်းမှာ သင်တန်းသား ၅၀ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ သင်တန်းကို တော့ ပြည်ထောင်စု ရှေ့နေချုပ်ရုံး ၊ ဥပဒေရုံးများဆိုင်ရာ ဗုဒ္ဓသာသနာ့ နုဂ္ဂဟ အသင်းမှ ကြီးမှူး ဖွင့်လှစ်တာဖြစ်ပြီး ၁၁ ကြိမ်မြောက် ဖွင့်လှစ်တဲ့သင်တန်း ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်