Subscribe to our RSS Feed

အကြွေစေ့ တွေကို စက်ကဘယ်လို စစ်ဆေးသလဲ

From : IT Times

အကြွေစေ့ တွေကို စက်ကဘယ်လို စစ်ဆေးသလဲအလေးချိန် တူညီမှု မရှိတဲ့ အကြွေစေ့ တွေကို အတိုင်းအတာ ပမာဏ ရေတွက် စစ်ဆေးတဲ့ စက်တွေဟာ ဘယ်လို အလုပ်လုပ်လဲ ဆိုတာကလည်း ဗဟု သုတ လေ့လာသူတွေ အနေနဲ့ သိသင့်တဲ့ အရာတစ်ခု ပဲဖြစ်ပါတယ်။

ဒီစက်တွေရဲ့ အလုပ်လုပ်ဆောင်မှု အပိုင်းကို ပြောရမယ် ဆိုရင် စက်တစ်ခုမှာ များပြားတဲ့ အစိတ်အပိုင်း စွမ်းဆောင်ရည်တွေ ရှိပါတယ်။ အဲဒီအ စိတ်အပိုင်း စွမ်းဆောင်ရည် တွေက အကြွေစေ့ တစ်ခု ကိုထည့်လိုက်တဲ့ အခါမှာ အတိုင်းအတာ အလေးချိန် ပမာဏကို တွက်ချက်ပြီးသား ဖြစ်နေ ပါတယ်။

အဲဒါ အပြင် အကြွေစေ့တွေဟာ သံလိုက်ဧရိယာတစ်ခုကို ကျော်ဖြတ် ရပါတယ်။ အဲဒီလိုကျော်ဖြတ်တဲ့အခါမှာ အကြွေစေ့ တစ်စေ့ချင်း စီမှာ ရှိတဲ့ သံလိုက် ပိုင်ဆိုင်မှုတွေ ကို စက်ရဲ့အာရုံခံကိရိယာက တစ်ဆင့်ဖမ်းယူထောက် လှမ်းနိုင်တာ ဖြစ်ပါတယ်။ အဲဒီနည်းလမ်းတွေနဲ့ အြွေက စေ့ကို စက်က စစ်ဆေးနိုင်တာပါ။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်