Subscribe to our RSS Feed

ယူကရိန်းတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့

From : MRTV4


ယူကရိန်း နိုင်ငံ အရှေ့ပိုင်းရှိ မြို့တစ်ခု ဖြစ်သော Dnipropetrovsk တွင် ပေါက်ကွဲမှု လေးခုဆက်တိုက် ဖြစ်ပွားခဲ့သဖြင့် အနည်းဆုံး လူ ၂၉ ဦး
ထိခိုက် ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း presstv သတင်းတွင် ဖော်ပြသည်။ သတင်းပေးပို့မှုများ အရ ဗုံးနှစ်လုံးမှာ ရထား ဘူတာရုံ တစ်ခု အနီးရှိ အမှိုက်ဗုံး နှစ်ခုတွင် ထည့်ထားခဲ့ခြင်း ဖြစ်ကာ  တတိယမြောက် ပေါက်ကွဲမှုမှာ ရထား ဘူတာရုံ အနီးတွင် ဖြစ်ပြီး လေးခုမြောက်မှာ ရုပ်ရှင်ရုံ အနီးတွင် ရှိသော ပန်းခြံ တစ်ခု အတွင်းတွင် ဖြစ်သည်။

ပထမဆုံး ဗုံးမှာ ဒေသ စံတော်ချိန် နေ့လည်ပိုင်း မတိုင်မီ အတွင်း ပေါက်ကွဲခဲ့ခြင်း ဖြစ်ကာ ရထား စောင့်သူနှင့် ဘေးတွင် ရပ်နေသူ ငါးဦးခန့် ထိခိုက်ခဲ့ရသည်။ နောက်ဆုံးရ သတင်းများအရ ထိခိုက်မိသူ ၂၉ ဦးထဲမှာ ၉ ဦးမှာ ကျောင်းသား လူငယ်များ ဖြစ်ပြီး ငါးဦးမှာ ပြင်းထန်စွာ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း အင်တာနက် သတင်းတွင် ဖော်ပြခဲ့သည်။  မြို့တော် ရဲတပ်ဖွဲ့မှာ ဒေသခံ များကို နေအိမ်များထဲတွင် နေထိုင်ကြရန် နှိုးဆော်ထားပြီး အဆင့်မြင့် ဥပဒေ ထိန်းသိမ်းရေး အရာရှိများမှာ ပေါက်ကွဲမှု ဖြစ်ရာသို့ သွားရောက်ကာ  စုံစမ်းမှုများ ပြုလုပ်နေကြောင်းနှင့် မည်သည့် အဖွဲ့ ကမှ တိုက်ခိုက်မှုတွင် တာဝန်ရှိကြောင်း ပြောကြားခဲ့ခြင်း မရှိသေးပေ။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်