ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

သို့သော် ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်၏ မူဝါဒများကို မကြိုက်ကြသူများကလည်း ၎င်းအားရာထူးမှ ရာသက်ပန်အနားယူစေလိုကာ ဥက္ကဋ္ဌအသစ်ရွေးချယ်ခန့်ထားရန် ဆန္ဒရှိကြပြီး အဖွဲ့အတွင်း ဥက္ကဋ္ဌရွေးချယ်မှုအပေါ် သဘောထားတင်းမာမှုများ ရှိနေကြသည်။ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်ကို ဥက္ကဋ္ဌ အဖြစ်ပြန်လည်ထမ်းဆောင်စေလိုသူများက အဖွဲ့အတွင်း ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်လောက် လုပ်ရည်ကိုင်ရည် ရှိသူမရှိဟုဆိုကြကာ ဗိုလ်ချုပ်ကြီး ရွက်ဆစ်ကို အနားယူစေချင်သူများက ၎င်း၏
ဥက္ကဋ္ဌ သက်တမ်းကာလအတွင်း အဖွဲ့၏ ရည်မှန်းချက်များ အောင်မြင်မှုမရှိဘဲ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်၏ လုပ်ဆောင်မှုများအပေါ် သံသယရှိသူများက ဥက္ကဋ္ဌအသစ် အဖြစ် တခြားတစ်ယောက်ကို အစားထိုးလိုကြသည်။ ၎င်းတို့က ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်စစ်အစား ဗိုလ်မှူး ချုပ် စိုင်းယီနှင့်
ဗိုလ်မှူး ကြီး ခဂွန် တို့ထဲမှ တစ်ဦးဦးကို ခေါင်းဆောင်တင်လိုကြသည်။
လက်ရှိကျင်းပနေသည့် ဥက္ကဋ္ဌအသစ်ရွေးချယ်ပွဲတွင် အဆိုပါပြဿနာကြောင့် သဘောထားတင်းမာမှုများ
ဖြစ်လျက်ရှိပြီး အငြင်းပွားနေခြင်းကြောင့် ဥက္ကဋ္ဌအသစ်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။
၎င်းပြဿနာကို မဖြေရှင်းနိုင်ပါက ရွက်ဆစ်ထောက်ခံသူများနှင့် မထောက်ခံသူကြား အဆင်မပြေမှုများဖြစ်ကာ RCSS/SSA အဖွဲ့အနေဖြင့် နှစ်ပိုင်းကွဲသွားနိုင်သည့် အခြေအနေအပေါ် အဖွဲ့သားများ အနေဖြင့် စိုးရိမ်ပူပန်နေကြကြောင်း သိရှိရသည်။
လက်ရှိဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေသော ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် ၂၀၀၀ ခုနှစ်ကစ၍ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်လာခဲ့သူဖြစ်သည်။ RCSS/SSA သည် ညီလာခံ ကို လေးနှစ် တစ်ကြိမ် ကျင်းပခဲ့ပြီး လက်ရှိကျင်းပနေသော ညီလာခံ ၌ ဥက္ကဋ္ဌ သစ် ရွေး ချယ်ကြမည် ဖြစ်ကာ ပညာ ရေး၊ ကျန်းမာ ရေး၊ ပြန်ကြား ရေး၊ နိုင်ငံတကာ၊ ပြည်တွင်း နှင့်တိုင်းရင်း သား ဆက်ဆံရေး စသည့် လုပ်ငန်း ဌာနပေါင်း ၁၅ ခုမှ ဌာနဆိုင်ရာတာဝန်ခံ များကို လည်း ရွေးကောက် တင်မြှောက် ကြမည် ဖြစ်ကြောင်း သိရှိရသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်