From : အရှင်အာဒိစ္စ
သစ်ပင်ကမ္ဘာ၊ရုက္ခရွာဝယ်၊ရသာချိုမြ၊သီးကင်းလှသည့်၊
ဗန္ဒရသရက်၊ပင်ပျိုထက်ဝယ်၊တွယ်ဖက်တက်လျှောက်၊နွယ်ယှက်ပေါက်သည့်၊
ဂွေးတောက်ကပ်ပါး၊ပူးဝင်ပွား၍၊တူးခါးဖန်သက်၊ရသာပျက်ကာ၊
မျိုးဆက်သိမ်ဖျင်း၊မျိုးပျက်ခြင်းကို၊ထင်လင်းရှုမြင်၊ပမာတင်၍
ဆင်ခြင်သုံးသပ်ကြည့်ပါလေ။
လူတို့ကမ္ဘာ၊သတ္တရွာ၌၊နေရာပိုင်းခြား၊စည်းရိုးတာ၍၊မြေသားပထ၀ီ၊
တိုင်းဌာနီဟု၊တည်ရာပိုင်နက်၊နယ်မြေထက်ဝယ်၊ဆက်ဆံချုပ်ခြာ
အုပ်စိုးလာလျှက်၊ရှည်ကြာမှီတင်း၊နေထိုင်ရင်းမှ၊ဆင်းသက်ပေါက်ပွား၊
နိုင်ငံသားတို့၊မြေးသားစဉ်ဆက်၊ပေါင်းနွယ်ဖက်၍၊မျိုးဆက်ဆစ်ခု၊
ဝံသာနုကို၊ပြုစုတည်တံ့၊သွေးသန့်သန့်ဖြင့်၊ခန်းငြားထည်ဝါခဲ့ကြသည်။
သို့သော် ခန်းငြား၊စည်းဝိုင်းတားလျှက်၊နေငြားသော်လည်း၊လူ့ရွာထဲဝယ်၊
စည်းကွဲချိုးဖောက်၊တိုးဝင်နှောက်ပြီး၊ဂွေးတောက်ပင်နှယ်၊ကပ်ပါးနွယ်၍၊
နယ်ကျော်ကြိုးရှုပ်၊အမျိုးဖြုတ်မည့်၊သွေးစုပ်ရန်ဆွယ်၊အသွယ်သွယ်ကို၊
တွယ်ကပ်မှီခွဲ၊ရှိစမြဲတည်း။
ဇွဲလုံးလပွား၊သတိထား၍၊တရားသစ္စာ၊ဖြောင့်မှန်စွာဖြင့်၊
တာဝန်သယ်ပိုး၊စောင့်ကြပ်မိုးလော့။
မျိုးနွယ်ညံ့ဖျင်း၊သီးငုံကင်းကာ၊လူခြင်းမျိုးဖုံး၊မျိုးမတုံးရေး၊
နှလုံးမြဲမြံ၊သန်ဒိဋ္ဌာန်ဖြင့်၊အားမာန်ဝင့်ကာ၊ကြူးရင့်ပါအံ့။
ကမ္ဘာအရှည်၊မြန်မာတည်၍၊တည်သည့်တို့မြေ၊မြန်မာနေမည်၊
မိုးမြေသိမ့်သိမ့် တုန်စေသတည်း။
Myanmar Express



2 comments:
ကောင်းလေစွ။ကောင်းလေစွ။ဆရာတော်ကျန်းမာချမ်းသာပါစေ။သာဓု သာဓု သာဓု ။
ခုလာမယ့် ကုလားအစ် မှာနွားမသတ်အောင် တစ်ပုဒ်လောက်ရေး ပါအုန်းအရှင်ဘုရား
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်