တရုတ်မြန်မာ နယ်စပ် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ NDAK ကချင် ဒီမိုကရေစီ သစ် တပ်မတော်နဲ့ အစိုးရတပ်တွေ ပူးပေါင်း ဖွဲ့ထားတဲ့ နယ်ခြားစောင့် စစ်စခန်း တခုကို KIA ကချင်ပြည် လွတ်လပ်ရေးတပ်မတော်က တနင်္ဂနွေနေ့ မနက်က တိုက်ခိုက် သိမ်းပိုက် လိုက်ပါတယ်။
ကချင်သတင်းဌာနရဲ့ ပြောကြားချက်အရ တရုတ်မြန်မာ နယ်စပ် နယ်ခြား မှတ်တိုင် အမှတ်၅မှာ ရှိတဲ့ အဲဒီစခန်းမှာ လူအင်အား ၃၀ ကျော် ဝန်းကျင်လောက် ရှိနေကြောင်း၊ စခန်းတခုလုံး ကျသွားတဲ့အတွက် သေဆုံးသူ အရေအတွက် များပြီး အသက်ရှင်သူ တခိျု့ကိုလည်း KIA က ဖမ်းဆီးသွားကြောင်း သိရပါတယ်။
ဒီစခန်းဟာ NDAKနဲ့ အစိုးရ ပူးပေါင်းထားတဲ့ နယ်ခြားစောင့် တပ်ရင်း ၁၀၀၃ရဲ့ ရှေ့တန်းစခန်းဖြစ်တယ်လို့ ဆိုပါတယ်။
NDAK နဲ့ အစိုးရတို့ ပူးပေါင်းထားတဲ့ နယ်ခြားစောင့် တပ်ရင်း ၁ဝဝ၃ ရဲ့ရှေ့ တန်း စခန်းကို KIAက ဘာကြောင့် အခုလို စခန်းသိမ်း တိုက်ခိုက်ရသလဲ ဆိုတာကိုတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။
![]() |
| NDAK အဖွဲ့ရဲ့ ဥက္ကဌအဖြစ် ဦး စခုံတိန်ယိန်း တာဝန်ယူခဲ့ |
အစိုးရသစ်လက်ထက်တွင် ပြည်တွင်းငြိမ်းချမ်းရေးကို တစိုက်မက်မက်လုပ်ဆောင်လျှက်ရှိရာ အခြား လက်နက်ကိုင်အဖွဲ့များအားလုံးနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်များ ရရှိနေပြီး KIA ကတော့ ငြိမ်းချမ်းရေးကို လုံးဝ လက်မခံပဲ ကချင်နိုင်ငံ ထူထောင်ရေးကိုသာ တောင်းဆိုလျှက် ရှိကြောင်း သိရသည်။
Myanmar Express



0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်