Subscribe to our RSS Feed

၈၈ မျိုးဆက်ကျောင်းသားများ ဒေါ်လာ ၆ သန်းကျော် ခိုးယူ အလွဲသုံးစားလုပ်မှု မဝန်ခံသေး


၈၈ မျိုးဆက်ကျောင်းသားများ ထံသို့ NGO တစ်ခုမှ ပြည်သူများအားထောက်ပံ့ရန် အတွက် ပေးထားသော ဒေါ်လာ ၆ သန်းကျော် ခိုးယူ အလွဲသုံးစားလုပ်မှု မဝန်ခံသေး ကြောင်း သတင်းရရှိသည်။

ပုံမှန်ဝင်ငွေ ရသည့် အလုပ်အကိုင် တစ်ခုမှမရှိတဲ့ ကိုယ်လက်အင်္ဂါ အပြည့်အစုံ ရှိသော ယောင်္ကျားကြီးများအဖွဲ့ဟာ လက်ကြောတင်းတဲ့ အလုပ်မရှိပဲ ပုံမှန်စားသောက် သွားလာ နေထိုင်လျှက် ရှိနေမှုဟာ အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားများ ဟာ ကားစီးနိုင်ပါတယ်၊ ဖုန်းကိုင်နိုင်ပါတယ်၊ ဒါပေမယ့် အလုပ်အကိုင်မရှိပါဘူး။ NGO အဖွဲ့တစ်ခုမှ ပြည်သူများအတွက် ပေးတဲ့ ဒေါ်လာ ၆ သန်းကျော်ကို ဦးမင်းကိုနိုင်မှ လက်ခံကာ ဦးဌေးကြွယ်မှ ၈၈ ကျောင်းသား တစ်ဦးလျှင် မြန်မာငွေ ကျပ် သိန်း တစ်ထောင် စီ ခွဲပေးခဲ့ကြောင်း ၈၈ ဗကသ ဝင် တစ်ဦးမှ ပြောဆိုသည်။

၎င်းကိစ္စနှင့် ပတ်သက်ပြီး ဂျာနယ် အများအပြားတွင် ဖော်ပြချိန်မှာတော့ ၈၈ ကျောင်းသားခေါင်းဆောင်များက ဖင်ပိတ် ငြင်းလျှက် ရှိကြောင်း သိရသည်။

NGO တစ်ခုကပေးသည့် အမေရိကန်ဒေါ်လာ ၆ သန်းကိစ္စနှင့်ပက်သက်၍၈၈ မျိုးဆက်ကျောင်းသားများမှတစ်ဆင့် စီးဆင်းနေသည်ဟု ပြည်တွင်းဂျာနယ်အချို့ တွင် သတင်းဖော်ပြခဲ့ခြင်းနှင့်ပက်သက်၍ ယင်းသတင်း က တိတိကျကျ မမှန် ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များက အတင်း ဘူးခံ ငြင်းဆိုလိုက်ကြောင်းသိရသည်။

စက်တင်ဘာလ ၈ ရက်နံနက်က ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်းမြို့ နယ်၊ ဝေဇယန္တာလမ်းရှိ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ရုံးတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များက အထက်ပါအတိုင်း ဘူးခံ ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက.. “ကျွန်တော်သိသလောက်တော့ ဂျာနယ်သုံးစောင်ရှိသွားပြီ။ ကျန်တဲ့ဂျာနယ်နှစ်စောင် မှာငြိမ်းချမ်းရေးလုပ် ငန်းစဉ်တွေနဲ့ ပက်သက်ပြီးတော့ ဒေါ်လာ ၆ သန်းကို ၈၈ မျိုးဆက်ကျောင်းသားတွေကနေပြီးတော့ ဆက်ပြီးစီးဆင်းမယ်ဆိုတဲ့အဓိပ္ဖာယ်ကိုရေးတယ်။ နောက်ဂျာနယ်တစ်စောင်က အတိအလင်းကိုပြောတယ်။၈၈ မျိုးဆက်ကျောင်းသားတွေကနေတစ်ဆင့် စီးဆင်းနေပြီဆိုပြီးတော့ အဲဒီလိုပြောတယ်။ အဲဒီအထောက်အထားတွေကလည်း ခိုင်လုံမှုမရှိဘူး။ဒါကိုစုံစမ်းကြည့်တော့ ဒါက ငြိမ်းချမ်းရေးနဲ့ ပက်သက်ပြီးတော့လုပ်နေတဲ့ NGOအဖွဲ့ အစည်းတစ်ခုကနေပြီးတော့ ရှင်းလင်းပွဲတစ်ခုလုပ်တယ်။ အဲဒီရှင်းလင်းပွဲမှာငြိမ်းချမ်းရေးလုပ်နေတဲ့အဖွဲ့ အစည်းတွေထဲမှာ ဒီအဖွဲ့ အစည်းတွေ ပါတယ်လို့ သူက အဲဒီလိုရှင်းသွားတယ်။ အဲဒီလိုရှင်းသွားတာကို ဒီငွေကြေးဟာ ဒီကနေဖြတ်စီးနေပါတယ်ဆိုတဲ့ အဓိပ္ဖာယ်မျိုး ကျွန်တော်တို့ ကို စွပ်စွဲပြီး ရေးသားထားတယ်။ ကျန်တဲ့ဂျာနယ်တွေကတော့ စီးဆင်းမယ်လို့ ယူဆချက်လေးတွေ။ဒီနေရာမှာ ကျွန်တော်ပြောချင်တာက ဂျာနယ်တွေဟာ ကျွန်တော်တို့ ရဲ့ လုပ်ဖော်ကိုင်ဖက်တွေလို့ သတ်မှတ်ပါတယ်။ အင်မတန်ခင်မင်ရင်းနှီးကြပါတယ်။ကျွန်တော်တို့ က ငွေကြေးနဲ့ ပက်သက်ရင် အစွန်းအထင်းဖြစ်မှာကိုသိပ်သတိထားတယ်။ ကျွန်တော်တို့ ကစီးဆင်းတာ ဘာတစ်ခုမှမရှိဘူး။ဘယ်တော့မှလည်း ရှိမှာမဟုတ်ဘူး” ဟု အကြောက်အကန် ငြင်းဆိုခဲ့သည်။


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ကလည်း သတင်းသမားများကို သိက္ခာကျစေရန် အောက်ပါအတိုင်းပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ က သတင်းစာလွတ်လပ်ခွင့်၊ စာနယ်ဇင်းလွတ်လပ်ခွင့်ကိုအရမ်းတန်ဘိုးထားတယ်။ ဒါ့ကြောင့်လည်း ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ပါတယ်။အခုဟာက နည်းနည်းပွင့်လာတယ်။ ထုတ်တင်ပုံစံမျိုးနဲ့ ကြိုပြီးတင်စရာ မလိုဘူးဆိုတော့ ဂျာနယ်တွေက တာဝန်ယူဖို့ အခန်းကဏ္ဍ ပိုအရေးကြီးလာပြီ။အဲဒီလိုအရေးကြီးလာတဲ့အချိန်မှာ အနီရောင်ကြီးနဲ့  ဒေါ်လာခြောက်သန်း ဆိုပြီးပြူးတူးပြဲတဲလုပ်တယ်။ အဲဒါ Unity ဂျာနယ်ပါ။ အဲဒီမှာ PDSI ဆိုတဲ့ အဖွဲ့ အစည်းကို Unity က ဖော်ပြတယ်။ အဲဒီ PDSI ဆိုတဲ့အဖွဲ့ အစည်း လုံးဝမရှိပါဘူး။နောက်တစ်ခုက Unity ဂျာနယ် တာဝန်ယူတဲ့သူတွေဟာ ကျွန်တော်တို့ နဲ့ အင်မတန်ရင်းနှီးသူတွေပါ။ ဒါက ကျွန်တော်တို့ ဂုဏ်သိက္ခာထိခိုက်အောင် အသရေဖျက်မှုဖြစ်ပါတယ်။ ဂျာနယ်တစ်စောင်ကို၈၈ မျိုးဆက်ကျောင်းသားတွေကနေပြီးတော့ အသရေဖျက်မှုနဲ့ တရားစွဲမယ်ဆိုရင်ဂျာနယ်လောကအတွက်ရော၊ ဖူးပွင့်ကာစ အညွန့် အညှောင့် ထွက်လာကာစဂျာနယ်တွေအတွက် မကောင်းတဲ့အစဉ်အလာတစ်ခုကို ကျွန်တော်တို့ မပေးချင်ဘူး။ မလိုလားအပ်သူတွေအဖြစ်နဲ့  ကျွန်တော်တို့ ကြေညာပါတယ်။အဲဒီလိုမျိုး စည်းမဲ့ကမ်းမဲ့ တာဝန်မဲ့ဆောင်ရွက်လာပြီဆိုရင် အဲဒီဂျာနယ်ကိုမလိုလားအပ်တဲ့ဂျာနယ်အဖြစ်နဲ့  ကျွန်တော်တို့ သတ်မှတ်ရပါလိမ့်မယ်။နောက်နောင် အဲဒီဂျာနယ်နဲ့ ကျွန်တော်တို့  လုံးဝဆက်ဆံမှာမဟုတ်ပါဘူး။
ဒီလောက် ဆတ်ဆတ်ထိ မခံတဲ့ ဒေါ်လာ ၆ သန်းပမာဏမျိုး ၈၈ မျိုးဆက်ကျောင်းသားတွေကနေ အများစုစီးဆင်းတယ်လို့  ဖော်ပြတာမျိုးဟာခင်ဗျားတို့ လည်း စဉ်းစားကြည့်လို့ ရပါလိမ့်မယ်။ အဲဒီကိစ္စကို မျက်နှာဖုံးသတင်းအဖြစ်နဲ့  တိတိကျကျပြန်ပြီးတော့ အမှားပြင်ဆင်ချက် ထည့်မပေးမချင်းအဲဒီ Unity ဂျာနယ်နဲ့  ကျွန်တော်တို့  လုံးဝဆက်သွယ်မှာမဟုတ်ပါဘူး” ဟု စိတ်ကောက်သည့် လေသံဖြင့် မီဒီယာများသို့ ရှင်းလင်းပြောဆိုသည်။

၎င်း ကိစ္စနှင့် ပတ်သက်၍ ဝါရင့် သတင်းဆရာကြီး တစ်ဦးကတော့ သတင်း သမားတွေအနေနဲ့ လုပ်ကြံရေးသားဖို့ လုံးဝမဖြစ်နိုင်ကြောင်း၊ အကြောင်းရှိလို့သာ အကျိုးဖြစ်လာတာ ဖြစ်ကြောင်း၊ ၈၈ မျိုးဆက် ကျောင်းသားတွေအနေနဲ့ ဘာတွေလုပ်ကိုင်စားသောက်နေပြီး ဘယ်ကဝင်ငွေတွေနဲ့ နေထိုင်စားသောက်နေနိုင်မှုကို ပွင့်ပွင့်လင်းလင်း ပြောသင့်ကြောင်း ဝေဖန် ပြောဆိုခဲ့သည်။

ပြီးခဲ့တဲ့ နှစ်ကလည်း ပဲခူးမှ ဆရာတော် တစ်ပါးထံမှ ၈၈ ကျောင်းသားများက ငွေသုံးသိန်း လိမ်လည်တောင်းယူသွားကြောင်း သတင်းများ ထွက်ခဲ့သေးသည်။ ယခု ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း မသိဘူး၊ မရှိဘူး၊ မဟုတ်ဘူး... ဟုသာ ဘူးခံငြင်းသွားကြပေမယ့် ၎င်း တို့အနေနဲ့ အလုပ်မလုပ်ပဲ ဘယ်ကပိုက်ဆံတွေနဲ့ စားသောက်နေကြတယ်ဆိုတာ ရှင်းလင်းနိုင်စွမ်း မရှိခဲ့ပေ။

Myanmar Express

4 comments:

ဟားဟားဟားဟား
အမလေးဟဲ့
သူတို့အလှည့်ကျ နာတတ်ကြောက်တတ်လိုက်တာ
ဟုတ်ပါရဲ့
တွေ့လိုက်ရင်ဝတ်စုံပြည့်နဲ့ သွားလာစားသောက်နေတာပဲ
အလုပ်မရှိဘဲဒီလောက်ကြွရွဝတ်စား
စားလွန်းလို့ဖောင်းပြဲကားများရေ့
အမလေးဟဲ့
ရယ်လိုက်ရတာ

Yoma Bank ( Mingalar Zay ) account credit from
Mya Aye Money ( Black Money ) very very volum
Large.Caution all People Money.

ဝန်ကြီးတွေကို ပိုင်ဆိုင်မှု ကြေငြာခိုင်းသလို ၈၈၊ NLD နဲ့
တခြားအတိုက်အခံတွေရဲ့ ပိုင်ဆိုင်မှုတွေပါ ကြေငြာသင့်
တယ်။ ဂေါပက လုပ်ဖို့ရည်ရွယ်ချက်ရှိရင် ဖာမချသင့်ဘူး။

သူတို့ထိ တော့မိန်းမကြီးကျနေတာပဲ။ အမလေးဟဲ့ ရယ်ရတယ်။ ဝန်ကြီးတွေ ကျတော့ ပြောပြပါ လိမ့်မယ် ဖာသည်မပါးစပ်တွေနဲ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်