Subscribe to our RSS Feed

ဦးသိန်းစိန်ကို ထောက်ခံကြောင်း စစ်ကိုင်းတိုင်း ကလေး မြို့တွင် ဆန္ဒပြမည်


ဦးသိန်းစိန်ကို ထောက်ခံကြောင်း ဆန္ဒပြပွဲ တစ်ခုကို စစ်ကိုင်းတိုင်ဒေသကြီး ကလေးမြို့တွင် စက်တင်ဘာ ၁၃ ရက်နေ့ တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။


ဆန္ဒထုတ်ဖော်ပွဲအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်ကို ကလေးမြို့ ရဲစခန်းမှ ခွင့်ပြုလိုက်ပြီး ဖြစ်ပြီး ခွင့်ပြုချက်အရ လူ ၁၀၀ နှင့် မင်္ဂလာဥယာဉ် ၊ ဘုန်းတော်ကြီးကျောင်းကနေပြီးတော့ လမ်းဆုံကြေး ရုပ်အထိ ၊ လမ်းလျှောက် ဆန္ဒဖော်ထုတ် ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲ ကို စက်တင်ဘာ ၁၃ ရက်နေ့တွင် ကလေးမြို့၌ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေနှင့်အညီ တရားဝင်ကျင်းပ ပြုလုပ်သွား မည်ဖြစ်ပြီးဆန္ဒဖော်ထုတ်ရာတွင် ဦးသိန်းစိန်ဟု သုံးစွဲခွင့်မပေးဘဲ နိုင်ငံတော် သမ
္မတဟုသာ သုံးစွဲရမည်ဖြစ်ကာ ကင်တားနားအမည်ကိုလည်း သုံးစွဲခွင့်မပြု ကြောင်း သိရသည်။
ခွင့်ပြုမိန့်ကို ကလေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက စက်တင်ဘာ ၁၀ ရက်နေ့တွင် ချပေးခဲ့ခြင်းဖြစ်ပြီး ဆန္ဒဖော်ထုတ်စီတန်း လှည့်လည်မည့် လမ်းကြောင်း လျှော့ပေးရခြင်းနှင့် ဟောပြောမည့်ပုဂ္ဂိုလ်အရေအတွက် လျှော့ပေးရခြင်းတို့သာရှိခဲ့ပြီး ဦးသိန်းစိန်နှင့် ကင်တားနားတို့ အမည်များ မသုံးစွဲရသည်မှအပ အခက်အခဲသိပ်မရှိကြောင်းသိရသည်။

Myanmar Express

1 comments:

လာပြန်ပြီ ဒီကန်တားနွား။ ပြည်သူတွေကရန်လိုခြင်းမဟုတ်ပါ။ ကန်တားနွားကသာမြန်မာပြည်ကို စော်ကားနေတာ။မြန်မာ့မြေမှာခြေချခွင့်မပေးသင့်ပါ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်