Subscribe to our RSS Feed

အမေ့ခံ



ပိတ်ဆို့ မှု တွေဖွင့်လိုက်တော့

တစ်ချို့ တစ်ချို့ တွေ England မှာ

အိမ်တွေဝယ် ကြတယ်တဲ့ ~~~

သူတို့ တွေမှာရော နေစရာ အိမ်

သေသေချာချာ ရှိပါရဲ့ လား ?

နာမည်ခံ လူယုံ တွေနာမည်နဲ့

တစ်ချို့ တစ်ချို့ တွေ ဆွစ်ဇာလန်မှာ

ဘဏ်ငွေတွေအပ်သတဲ့~~~

သူတို့ ကတော့ ပင်စင်လေး

ရဖို့ မိုးရေထဲမှာ ....

တစ်ချို့ တစ်ချို့ တွေရဲ့ သားသမီး

တွေ ... နိုင်ငံတကာမှာပဲ

ကျောင်းထားသတဲ့ .... သူတို့

သားသမီးတွေရော ပညာရေးနပ်

မှန်ရဲ့ လား ?

တစ်ချို့ တစ်ချို့ တွေ ကုမ္ပဏီကြီး

တွေထောင် ဆယ်သက်စာချမ်း

သာပေမယ့် ....

အဆင်မပြေလွန်းလို့ စာအုပ်ရောင်း

တဲ့ သူတို့ကိုတော့လူတွေက

အော်ထုတ်သတဲ့ ....

မျိုးဆက်သစ် နောက်ပေါက်တွေ

က သူတို့ ကြောင့် အရှက်ရလို့တဲ့

အသက် သွေးချွေး တိုင်းပြည်

အတွက်စတေး ပေးဆပ်ခဲ့တယ်

သတ်ရဲခဲ့တယ် သေရဲခဲ့တယ်။

ဘယ်သူတွေနဲ့ တိုက်ခဲ့သလဲ ...

ဘယ်လောက်တောင်သေခဲ့သလဲ

တစ်ချို့ တစ်ချို့ တွေက သတင်းစာ

မှာ သိက္ခာမဲ့စွာ နာရေးတစ်ခု ကို

ဝမ်းနည်းကြောင်း ကြော်ငြာ

ထည့်တော့သူတို့တွေ

ဘယ်လောက်များ ယူကြုံးမရ

ဝမ်းနည်းလေမလဲ ....

သူတို့ နောင်ရေးအတွက် လုပ်ငန်း

ကြီးတစ်ခုတည်ထောင်

တောင်တွေ မြစ်တွေ ရောင်းမှ

သူတို့ အတွက် ချိုင်းထောက်တစ်

လက် ရသတဲ့ ......

တန်ဖိုးကြီး Golf set တွေ နဲ့

တစ်ချို့ တစ်ချို့ တွေ အပန်းဖြေ ..

သူတို့က jungle hat လေးကို

ဆောင်းထား နေပူထဲမှာ လမ်းသွား

ရတုန်း .....

တစ်ချို့ တစ်ချို့ တွေပေါ့ ဗျာ ~~~

ပြီးတော့ သူတို့ သူတို့ တွေပေါ့ဗျာ

~~~

ဘယ်သူတွေက လူဖြစ်ရှုံးနေသလဲ

ဘယ်သူတွေကိုပဲ မုန်းသင့်သလဲ !
.


. www.MyanmarExpress.net
 

5 comments:

ဟုတ်ပါ့ဗျာ...။ ဒါတွေကို သူတို့တွေ(သူတို့တွေ) ခံစားနေရတာ မြန်မာ့ တပ်မတော် ခေတ်ဦးအစကတည်းကပါ...။ ကိုယ်ချင်းစာတတ်သူဆိုရင် အလွန်ဝမ်းနည်းစရာကောင်းပါတယ်..။ ခွဲခြားပြီး ကိုယ်ချင်းစာတတ်ပါစေ....။



nice post,so sad for those war veterans.whoever forget them but i never forget,i keep in my mind.

မပြောပါနဲ့တော့M.Eရယ်။ကျွန်တော့်ညာဘက်ခြေထောက်
လေးကိုသတိရ....

Why don't we write in plain Myanmar language?
The culture of our Myanmar language is more and more vague, more and more imprecise, more and more round about.
We need to express in direct, polite, accurate and constructive language.

မှန် လိုက် တာ ။တ ကယ် ပါ ဘဲ။ဝမ်း နဲ စ ရာ ကိုယ် ချင်း မ စာ မှု့  တွေ တ ကယ် ဖြစ် ခဲ့ ဖြစ် ဆဲ ပါ။ မျှ တ အောင် စီ စဉ် ပေး ကြ ပါ ။တကယ် ဖြစ် နေ တဲ့ အ မှန် တ ရား တွေ ကို မ ပြော ချင် ပါ ဘူး ။အဲ ဒါ တပ် မ တော် ကို ချစ် လို့  ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်