From :
..hot news
တရုတ်နိုင်ငံ၏လူသိများသော ဆီနာဝီဘိုဝက်ဘ်ဆိုဒ်တွင်အမျိုးသမီး တစ်ဦးက အသက် ၂၃နှစ်အရွယ် ရှိသူမ၏ညီမဖြစ်သူမာအီလွန်သည် အိုင်ဖုန်း ၅ ကို အားသွင်းထား စဉ် ဖုန်းခေါ်ဆိုခဲ့၍ဓာတ်လိုက် သေဆုံးခဲ့ကြောင်းရေးသားဖော်ပြ လိုက်သဖြင့် အပ္ပယ်လ်ကုမ္ပဏီက ထိုကိစ္စအားစုံစမ်းစစ်ဆေးမှုပြုလုပ် မည်ဖြစ်ကြောင်းပြောကြားခဲ့ သည်။
သေဆုံးမှုနှင့် ပတ်သက်၍ အပြည့်အ၀စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဘေဂျင်းအခြေစိုက် အပ္ပယ်လ်ကုမ္ပဏီ၏ပြောရေး ဆိုခွင့်ရှိသူအမျိုးသမီးကာရိုလင်းဝူ ကပြောကြားလိုက်သည်။ ဆင်ဝှာ သတင်းအေဂျင်စီကမူဒေသခံ ရဲတပ်ဖွဲ့ကမာ၏သေဆုံးမှုသည် ဓာတ်လိုက်သေဆုံးခြင်းဖြစ်ကြောင်း အတည်ပြုခဲ့သော်လည်းဓာတ်လိုက် မှုသည်သူမ၏ဖုန်းနှင့် ပတ်သက် မှုရှိ/မရှိကိုမူအတည်ပြုရဦးမည် ဖြစ်ကြောင်း ရေးသားဖော်ပြ သည်။
မာ၏အစ်မဖြစ်သူကမူ အိုင်ဖုန်းကို အားသွင်းထားစဉ် ဖုန်းခေါ်ဆိုမှုမပြုကြပါရန် ၀ီဘို ၀က်ဘ်ဆိုဒ်မှတဆင့်သတိပေး ပြောကြားထားသည်။ မာမှာ တရုတ်တောင်ပိုင်းလေကြောင်း လိုင်းမှ လေယာဉ်အမှုထမ်းတစ်ဦး ဖြစ်ပြီးမာ၏အစ်မဖြစ်သူက မာသေဆုံးမှုအတွက် အပ်္ပယ်လ် ကုမ်္ပဏီအနေနှင့်ဖြေရှင်းချက်ပေးနိုင် လိမ့်မည်ဟုမျှော်လင့်ကြောင်း လည်းရေးသား ထားသည်။
တရုတ်နိုင်ငံသည်အပ္ပယ်လ် ကုမ္ပဏီအတွက် ဒုတိယအကြီး မားဆုံးဈေးကွက်ဖြစ်ပြီး အိုင်ဖုန်း များနှင့် အခြားသော တရုတ်နိုင်ငံ တွင်ထုတ်လုပ်သည့်အပ်္ပယ်လ် ကုမ်္ပဏီ၏ပစ္စည်းများမှာလူကြိုက် များလျက်ရှိသည်။ သို့ရာတွင် ဧပြီ လအတွင်းကကုမ္ပဏီသည်အထက် စီးနင်းဆန်သည်ဟု အစိုးရမီဒီယာ များကဝေဖန်ရေးသားခဲ့ကြသဖြင့် အမှုဆောင်အရာရှိချုပ်တင်မ်ကွတ်ခ် ကတောင်းပန်စကားဆိုခဲ့ရသည်။
တရုတ်ဘာသာဖြင့်ရေးသား ထားသောစာ၌ တင်မ်ကွတ်ခ်က နားလည်မှုလွဲမှားခြင်းကိစ္စရပ်များ အတွက်အမှန်တကယ်တောင်းပန် ပါကြောင်း၊ တရုတ်နိုင်ငံတွင် လုပ်ငန်းများလည်ပတ်ဆောင်ရွက် ရန်အတွက် ကုမ္ပဏီအနေနှင့် လေ့လာမှုများစွာပြုလုပ်ရဦးမည် ဖြစ်ကြောင်းရေးသားဖော်ပြခဲ့သည်။
.
. www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်