Subscribe to our RSS Feed

သူက . . ဖခင်ကောင်း . . စနစ်ဟောင်းကိုတော်လှန်နေသူ

From : သက်တန့်ချို

သူက သာမန်ရိုးရိုးကြီးပဲ
သူက သာမန်ဦးလေးကြီးပဲ
သူက သာမန်နဲ့မတူတဲ့ စိတ်ထားတော့ရှိတယ်
ခေတ်ပြောင်းတော်လှန်ရေးကို ဦးဆောင်လို့
စနစ်ကောင်းတွေကို စတင်ခဲ့

မြေစမ်းခရမ်းပျိုးကာလပါ
အနည်းဆုံးတော့ တိုင်းပြည်ကိုစေတနာရှိတာ
သူ့မျက်လုံးတွေမှာပေါ်တယ်
သူ့အပြုံးတွေမှာပေါ်တယ်
သူ့လုပ်ရပ်တွေမှာပေါ်တယ်
သူ့မှာ အခက်အခဲတွေရှိတယ်
သူ့မှာအားနည်းချက်တွေရှိတယ်

သူက အသက်ကြီးနေပြီ
သူက ပါးရေနားရေတွန့်နေပြီ
သူ့မှာ မသန်စွမ်းတဲ့နှလုံးသားကို
ဘက်ထရီအကူအညီနဲ့ခုန်စေလို့
သူ့စိတ်ဖိစီးမှုကိုဘယ်သူကမျာ
စာနာနားလည်ပေးမလဲ

သူက လူလိမ်လို့အပြောခံရတယ်
သူက ရွှေပန်းနဲ့အကြိုခံရတယ်
သူက မျက်ရည်အကြိမ်ကြိမ်ကျတယ်
သူ့မိသားစုမှာ သူက ဖခင်ကောင်း
သူ့တိုင်းပြည်မှာ သူက ခေါင်းဆောင်ကောင်း
စနစ်ဟောင်းကို သူရဲဝံ့စွာတော်လှန်တယ်

သူက သာမန်လူသားတစ်ယောက်ပဲ
သူ့မှာ အစွမ်းထက်တန်ခိုးတွေမရှိဘူး
စေလိုရာစေ ဖြစ်စေရာဖြစ်
စနစ်ကို ချက်ချင်း ပြောင်းဖို့မလွယ်ဘူး
အရာရာကို အသိနဲ့သတိကို စုံတွဲလို့
ဒီမိုကရေစီကိုသူဖော်ဆောင်နေတယ်

သူ့မှာ တိုင်းပြည်အတွက်လက်တွဲမယ့် ဒေါ်စုရှိတယ်
သူ့မှာ တိုင်းပြည်အတွက်လက်တွဲမယ့် ကိုမင်းကိုနိုင်ရှိတယ်
သူ့မှာ တိုင်းပြည်အတွက်လက်တွဲမယ့် ပြည်သူတွေရှိတယ်
သူ့မှာ မြန်မာပြည်ကိုချစ်စိတ်ရှိတယ
သူ့ရင်ခုန်သံဟာ တိုင်းပြည်အတွက် သွေးတစ်စက်
အဖက်ဖက်ကနေ သူကြည့်ရှာတယ်

မောနေပါပြီ
သူသွားနေတဲ့ခရီးတိုင်းမှာ တိုင်းပြည်အတွက်
မျက်နှာလည်းငုံ့ခဲ့ရ မျက်ရည်လည်းကျခဲ့ရ
ကလင်တန်ကို ရိုသေခဲ့ရ
အိုဘားမားကိုရိုသေခဲ့ရ
ယင်လတ်ကိုရိုသေခဲ့ရ
ဘယ်သူကများ ဒီအဖိုးအခကိုသိနိုင်မလဲ

သူ . . မောနေပါပြီ
အနာဂါတ်က မှောင်ပြပြ
တတ်စွမ်းသမျှ အလင်းပေးချင်တဲ့သူ
သူ့ပုံစံက လှောင်စရာကောင်းနေလို့လား
သူ့ မျက်ဝန်းတွေက မသမာမှုတွေလုပ်နေလို့လား
သူ့အပြုံးတွေက အရေခြုံတွေမို့လို့လား
သူ့မှာ သူမတတ်နိုင်တဲ့ တွန်းအားတချို့
သူ့မှာ သူကယ်ဆယ်နေရတဲ့ ဒုက္ခတချို့
သူ့မှာ သူ ထမ်းတင်နေရတဲ့ အနာဂါတ်တချို့
နံနက်ခင်းတိုင်းမှာ ခင်ဗျားတို့ ကျွန်တော်တို့လို
ပျော်ရွှင်စွာ နေနိုင်ကြရဲ့လား

သူ . . လင်းစေချင်တယ်
အမှောင်တွေကို . . . ဖယ်ခွာချလို့
တိုင်းပြည်အတွက်ချစ်စိတ်
သူ့ နေ့ရက်တိုင်းအတွက် ထိပ်မှာ ရှိတယ်
သူ့လက်တစ်စုံဟာ တိုင်းပြည်အတွက်
သူ့ ခြေထောက်တစ်စုံဟာ တိုင်းပြည်အတွက်
အဖက်ဖက်ကနေ လေးစား
အကြွေးများနဲ့တိုင်းပြည်ကိုကယ်တင်
မြန်မာပြည်ရဲ့ အရှင်ပါ

သူဘယ်လောက်ထိ ဆက်လုပ်ခွင့်ရမလဲ
တစ်နှစ်. . .နှစ်နှစ်. . .သုံးနှစ် . . .
ဇရာက လုပ်နိုင်ခွင့်ကိုတားဆီးတယ်
ဖိအားက လုပ်ပိုင်ခွင့်ကို နှောင့်နှေးစေတယ်
ဘယ်တော့မှ စိတ်မပျက်ဘူး
ဘယ်တော့မှ လက်မှိုင်မချဘူး
သူချစ်တဲ့ပြည်အတွက်
စနစ်ဟောင်းကို ဦးဆောင်တော်လှန်နေတဲ့သူ ။


  www.MyanmarExpress.net
 

21 comments:

ဒီတခါတော့ မှန်သွားပြီ သက်တန့်ချို ဆိုတဲ့ နွား ရေ..
ခါတိုင်း facebook မှာ မင်း ရေးသမျှ အ ရေ မရ အဖတ် မရ တွေ ချည်းပဲ

မှန်လိုက်တာသက်တန့် ချို. သူနဲ့ အတူလိုက်တဲ့သူ. အားလုံး. သူ့စိတ်အတိုင်း လိုက်တဲ့ သူက ရှားတယ်. ဒေါ်စုတောင် တခါတလေ ဖေါက်သေး တာ ဘဲ

ဖတ်နေရင်း မျက်ရည်တွေ အလိုလိုဝဲလာတယ်
ဘဝမှာတစ်ခါမှအဲလို မဖြစ်ခဲ့ဘူးပါ


@ နန်းမိုးခမ်း

မြန်မာပြည် မှာခေါင်းဆောင်ကောင်း၂ယောက်ပေါ်နေပါပြီ. မြန်မာပြည်သူ ပြည်သား အားလုံး နောက်လိုက် ကောင်း တွေဖြစ် နေကြပါစို့ လွန်ခဲ့တဲ့ နှစ်၅၀ လုံးခေါင်းဆောင် ကောင်း မရှိတာတောင် နောက်လိုက်ကောင်းတွေအဖြစ်နေခဲ့ကြသေးတာပဲ

သက်သန့်ချိုရေးတာကောင်း
သမ္မတကြီးကတကယ့်စေတနာတွေမေတ္တာတွေနဲ့ပြုပြင်ပြောင်းလဲပေးနေတာ
ကိုတိုင်းရင်းသားတွေကစည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့လက်တွဲပြီး
ပြည်ပအန္တရယ်ကိုကာကွယ်ကြရင်မြန်မာပြည်ကြီးငြိမ်းချမ်းမှာပါ။

Can you explain me who was ruling old system? Is he part of ruling old system? Thanks.

မှန်ပါတယ်ဗျာ

မှန် ပါ တယ် ဗျာ တ ကယ့် ဖ ခင် ကောင်း ပါ တာ ဝန် ကို ကျေ ပွန် တာ ထက် ပို အောင် ထမ်း ဆောင် နိုင် ပါ တယ်

ငါ လဲ လက် ခံ တယ် ။လူ တိုင်း က အ မှန် ကို မြင် သင့် ပါ ပြီ ။

အလွန်ကို လေးစားစရာကောင်းတဲ့၊ သမိုင်းတွင်မဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် တစ်ယောက်ဆိုတာ နိုင်ငံသားတိုင်း(တစ်ချို့ ပါးစပ်ကဖွင့်မပြောပေမဲ့လည်း ရင်ထဲရှိကြပါတယ်) လက်ခံထားကြပါတယ်။ ပြည်ပမှာလည်း အထူးထင်ရှား ကျော်ကြားနေပါတယ်။ 2015 မှာ မနားစေချင်သေးပါဘူးခင်ဗျာ။ ကျွန်တော် Time မဂ္ဂဇင်းက ကာတွန်းလေး တစ်ကွက်နဲ့ သမ္မတကြီးကို တောင်းဆိုချင်ပါတယ်။ ကာတွန်းလေးက ဒုတိယကမ္ဘာစစ်ကာလ နောက်ခံနဲ့၊ နာဇီ စစ်လေယာဉ်တွေ အင်္ဂလန် ပေါ် တ၀ုန်းဝုန်းကြဲနေချိန်မှာ ပြည်သူတွေက စုစုဝေးဝေးနဲ့ ချာချီ ဓါတ်ပုံကိုင်ဆွဲပြီး ““ချာချီ နောက်လှည့်မကြည့်နဲ့ ပြည်သူအားလုံး ခင်ဗျားနောက်မှာရှိတယ်”” ဆိုပြီး ကြွေးကြော်နေကြပုံလေးပါ။ ဟုတ်ကဲ့ ““သမ္မတကြီးခင်ဗျား နောက်လှည့်ကြည့်မနေပါနဲ့ ပြည်သူတွေအားလုံး သမ္မတကြီးနောက်မှာ ရှိနေကြပါတယ်””

တကယ်ဖတ်နေရင်း မျက်ရေ၀ဲမိပါတယ် ဒါပေမဲ့ သမ္မတကြီး ဘယ်လောက်ကောင်းကောင်း လူ့အလိုနတ် မလိုက်နိုင်ဘူးနိုင် နားလည်မပေးနိုင်တဲ့လူတွေကို ပွဲကြည့် စင်ပေါ်က ပရိတ်သတ်လိုပဲ အော်အော်ပြီးသာဆဲလိုက် ချင်တော့တယ်

သမ္မတကြီးသက်တော်ရာကျော်ရှည်ပါစေ သူတော်ကောင်းကို ပြစ်မှား တရားစွဲမယ်ဆိုတဲ့ ဒေ၀ဒတ်နဲ့အပေါင်းအပါများ နိဂုံးအမြန်ချုပ်ပါစေ အမြင်မှန်ရကြပါစေ

မှန်တယ်ဗျာ. ။. သမ္မတကြီးနောက်မှာကျွန်တော်တို့ ရှိနေပါမယ်

ရှေံဆက်ချီတက်ပါဗျာ။. ခွေးဟောင်တိုင်းလှည့်ကြည့်မနေပါနဲ့ 

Respect him.But why he ignore the poor workers n farmers?They r badly squeezed by some authorities n cronies.They will explode n it can b worse than 1300 strike led by thakin Pho Hla Gyi.Police r also worse than before. Innocent public hate them a lot.They r fascists.

သမ္မတကိုတရားစွဲ တဲ့ခွေးတွေပြည်ဖျက်တဲ့အောက်တန်းစားမတွေ ဘေးတွေ့ပါစေ။

ခွေးရှုး ၃ ကောင် မွန်းတည့် ချိန် ထိ ခံမလား :-) ဆက်ကြည့် မယ်။နာမည်လိုရင် တခြားနည်းသုံး။

အဇာတသတ် ထက်အပြစ်ကြီတယ်။

oh my god i was cry when i was red the this post that soooooooooo true .i was a revolution army i dont really like FCDC but i read the meg and the other news web and soneone said u thain sain is blah blah blah but its ok now i can see what is the changed in my myanmar . now only i have to say to U thain sain ......thank you daddy of democrecy for everything for our country

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်