Subscribe to our RSS Feed

အောင်အုံးမယ့် အရေးတော်ပုံ

အနှစ် ၂၀ ကျော် အော်လာတာ ဘာလို့ခုထိ မအောင်မြင်ရတာလဲ ဆိုတာကတော့.. အော်နေရင်းအိပ်ပျော်သွားလို့ပါ... ခုလည်း နောင်လာနောက်သားတွေ ဆက်ပြီး အော်လိုက် အိပ်လိုက် လုပ်နေကြတုန်းပါပဲ....

7 comments:

နားနားပြီးပြော မောမယ် ..

ထဘီခြုံထဲက လက်သီးပုန်းပြတာက လွဲရင် ဘာမှမလုပ်တတ်ဘူး။

ဒီမိုလို့ မင်းတို့ကို ဘာလို့ခေါ်လဲ သိလား ။

Demo ဗားရှင်းဆိုတာ ကြားဖူးတယ်မဟုတ်လား။

software တွေဘာတွေမှာ မပြီးမပြတ် လက်စမသတ်ရသေးတဲ့ဟာကို ပြောတာလေ။

မင်းတို့လည်း ဒီလိုဘဲ ။ အမြီးမြှောက်လိုက် အီးပေါက်လိုက် ထဘီခြုံဒေါသတွေထွက်လိုက်နဲ့ demo အဆင့်ကဘယ်တော့မှ မတက်ဘူး ။

ဒါကြောင့် ဒီမိုလို့အခေါ်ခံရတာ။

အခု ငါပြောတာကိုလည်း ဒေါသတွေထွက်လိုက်ကြဦး

ထဘီခြုံလက်သီးတွေ ပြလိုက်ကြဦး

ကိုယ့်မွေးထားတဲ့အမေ့ကိုမှ မရှက်။ ဆဲရေးတိုင်းထွာမှုတွေ လုပ်လိုက်ကြဦး ။

ဒီလိုနဲ့ဘဲ အိုပြီးသေသွားကြမယ့်ကောင်တွေ။

ပြီးတော့လည်း ပြီးသွားတာပါဘဲကွာ။


သဗ္ဗေသတ္တာ ကမ္မသကာ ပေါ့ ။



နွားညွန့်ဦး
ဥက္ကဌ
လှည်းကျိုးထမ်းအဖွဲ့
အများသုံးအိမ်သာမြို့
မျောက်မပျော်နိုင်ငံ

အရီးဒေါ်ဘုံ အော်ရမည်။

အရီးဒေါ်ဘုံ မနက်ဖြန် (သို့ ) ဘယ်သောအခါ ။

အလှူငွေများ ထည့်ဝင်ကြပါ ။

အပစ်အခတ်ရပ်ရေး သမတဦးသိန်းစိန်သို. ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစါ - http://padaukmyay.blogspot.com/2011/07/blog-post_7087.html

ယခုအခါ ကချင်၊ ရှမ်း၊ ကရင် နှင့် မွန် စသည့် ပြည်နယ်များတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ပဋိပက္ခများ ဖြစ်ပွားလျက် ရှိကြောင်း ကြားသိ နေရပါသည်။ ယင်း ပဋိပက္ခ များကြောင့် သေကြေဆုံးရှုံး ပျက်စီးမှုများ ဝမ်းနည်းဘွယ်ရာ ဖြစ်ပွားလျက် ရှိသည့်အပြင် တန်ဖိုး ကြီးမားသည့် နိုင်ငံပိုင် အဆောက်အဦများ၊ စီမံကိန်း လုပ်ငန်းများ၊ ယိုယွင်း ပျက်စီးမှုများ ကြုံတွေ့နေရ ပါသည်။ ဒေသခံ တိုင်းရင်းသား ပြည်သူများလည်း အတိဒုက္ခများစွာ ရောက်နေကြ သည့်အပြင် အိမ်နီးချင်း နိုင်ငံများကိုပါ ကူးစက်ပျံ့နှံ့မည့် အန္တရာယ် ရှိနေပါသည်။

ယင်းပဋိပက္ခများနှင့် ပြဿနာများကို အင်အားသုံး၍ ဖြေရှင်းကြမည် ဆိုလျှင် နှစ်ဦးနှစ်ဘက် အကျိုးဆုတ်ယုတ် မှုများသာ ဖြစ်ပေါ်ပါမည်။ အမျိုးသား ရင်ကြားစေ့ရေးကို စစ်ရေးနည်းများဖြင့် တည်ဆောက်၍ မရနိုင်ပါ။ နိုင်ငံရေး နည်းလမ်း ဖြစ်သော ဆွေးနွေးညှိနှိုင်း ဖြေရှင်းခြင်းဖြင့်သာ တည်ဆောက် သွားကြရမည် ဖြစ်ပါသည်။ နိုင်ငံရေး အရ ညှိနှိုင်း ဖြေရှင်း နိုင်ကြမှသာလျှင် ပြည်ထောင်စုကြီး အနာဂတ်ကို အာမခံနိုင်မည့် စစ်မှန်သော တိုင်းရင်းသာ သွေးစည်းညီညွတ်မှုကို ရရှိမည် ဖြစ်ပါသည်။ စစ်မှန်သော ငြိမ်းချမ်းရေး ပြေလည်မှု မရရှိလျှင် ပြည်တွင်းစစ်မီး ဟူသည် ကျယ်ပြန့် သွားနိုင်သည့် အန္တရာယ် ရှိတတ်ပါသည်။

Cont'd....

ပြည်ထောင်စုသား အချင်းချင်း အကြား ဖြစ်ပေါ်နေသော ပြဿနာများကို တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် နားလည်မှု၊ အပြန်အလှန် ယုံကြည်လေးစားမှု တို့ဖြင့် ဖြေရှင်းကြမည် ဆိုလျှင် ပြေလည်မှု ရရှိကြပြီး ပြည်ထောင်စုကြီး ငြိမ်းချမ်း တည်ငြိမ်မည် ဖြစ်ပါသည်။ ပြည်ထောင်စုကြီး ငြိမ်းချမ်း တည်ငြိမ်မှသာ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

သို့ပါ၍ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသား လူမျိုးများ အားလုံး၏ အကျိုးစီးပွား များကို ရှေးရှု၍ ယခု ဖြစ်ပွားနေသော ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်း ကြပါရန်နှင့် အမြန်ဆုံး အပစ်အခတ် ရပ်စဲကြပါရန် လေးနက်စွာ ပန်ကြားအပ်ပါသည်။

အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပံ့ပိုးရန်အတွက် ကျွန်မအနေနှင့် ကိုယ်စွမ်းရှိသမျှ ပါဝင် ကြိုးပမ်းပေးရန် အသင့်ရှိပါသည်။

ဒေါ်အောင်ဆန်းစုကြည်

မာမီစုကို ပြောလိုက်ဦး ။


ကိုယ့်ပေါင်ကြားကဟာဘဲ ကိုယ်အရင်စေ့ပြီး နေအောင် ကြိုးစားပါဦးလို့ ။

အမျိုးသားရင်ကြားစေ့တာက နောက်မှလုပ်လို့ရပါတယ်လို့။


(ကိုယ့်ဟာကိုယ်တောင် NLD တွေ ၊ NDF တွေ ၊ ခမောက်သစ်တွေ ခမောက်ဟောင်းတွေကွဲနေတာကို ပြန်မစေ့နိုင်ဘဲနဲ့ လျှာမူလီချောင်ခြင်းကို အမြင်ကတ်နေသူတဦး )

ရွေးကောက်ပွဲတုန်းက အချောင်သမား ကပ်ဖား ရပ်ဖား စားဖား ဖေါက်ပြန်ရေးသမား ကရင်ဇာတ်ပျက်တချို့ကို ကြံ့ဖွံ့အဖြစ်မွေးပြီး ဒီမိုကရက်တစ်ကရင်အဖွဲ့တွေနဲ့ ကရင် ကရင်ချင်း ချ ခိုင်းတာ ဘယ်သူလဲ။
ကချင်ဇာတ်ပျက် အခွင့်အရေးသမား “စားဖား” ကို မွေးပြီး ကချင်ပြည်သူလူထုနဲ့ ကချင်နိုင်ငံရေးခေါင်းဆောင်များ အကြားမှာ မွှေနှောက်တာ ဘယ်သူလဲ။
စိုင်းမောက်ခမ်းကို မက်လုံးပေးကာ ကြံ့ဖွံ့လက်ကိုင်ဒုတ်အဖြစ်မွေးပြီး ဒီမိုကရက်တစ်ရှမ်းတွေနဲ့ ရှမ်း ရှမ်းချင်း ချ ခိုင်းတာ ဘယ်သူလဲ။ စိုင်းမောက်ခမ်းကို လူမျိုးစုကိုယ်စားပြု ခေါင်းဆောင်ယောင်ယောင် ကြိုးဆွဲအသုံးချ မျက်လှည့်ပြနေတာ ဘယ်သူလဲ။
တိုင်းရင်းသားဆိုတဲ့ စကားလုံးကို ရှေ့တန်းမှာထားပြီး မွှမ်းနေပေမယ့် တကယ်လက်တွေ့မှာ တိုင်းရင်းသား လူမျိုးများအားလုံးကို တိုက်ခိုက်ပြီး အမှုန့်ခြေဖို့ စစ်ပြင်နေတယ်။ ထိပ်တိုက်ရင်ဆိုင်နေတယ်။ လက်နက်ကြီးတွေနဲ့ လှမ်းထုနေတယ်။ ဒါတွေဟာ ဘာသဘောလဲ။
နှစ်ဘက်သဘောတူ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို လောလောလတ်လတ် တိုက်ခိုက်နေတာ ဘာသဘောလဲ။ နို့စို့ကလေးသူငယ်မှစလို့ အိုနာချည့်နဲ့နေတဲ့ အဖိုးအိုအဖွားအိုများပါမကျန် မိုးထဲရေထဲမှာ စစ်ပြေးဒုက္ခသည်များအဖြစ် ဆင်းရဲခြင်းကြီးစွာ လောကငရဲခံနေရတာ ဘယ်သူ့လက်ချက်လဲ။
http://www.irrawaddyblog.com/2011/07/blog-post_9878.html

တိုင်းရင်းသားအားလုံျးခစ်ကြည်ရင်းနှီးမှု့ရခြင်တယ်ဆို၊
ပြည်ပကမြှောက်ပင့်ပေးတာတွေရပ်လိုက်ပါ၊
မြန်မာပြည်မီးဟုန်းဟုန်းတောက်မှမင်းတို့အကျိုး
ရှိမှာမိုလို့မင်းတို့အကျိုးမင်းတို့လုပ်နေကြတာပါ၊
ပြန်ရှင်းစရာမလိုပါ၊အတိုက်အခံဆိသူတွေအားလုံးရင်တွင်မှာဖြစ်နေတဲ့
ဆန္ဒအမှန်တွေပါ၊
မသေခြာရင်မြန်မာနိုင်ငံကြီးအေးချမ်းသွားပြီလို့စိတ်ထဲမှာထားကြည့်လိုက်၊
မင်းတို့နေရာဘယ်မှာလဲလို့တွေးကြည့်လိုက်၊အခုလိုကပိုကောင်းပါတယ်လို့ထင်လာလိမ့်မယ်၊
စမ်းကြည့်လိုက်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်