Subscribe to our RSS Feed

ဖျက်ဆီးခံလိုက်ရတဲ့ www.nyinaymin.org နှင့် ပတ်သက်ပြီး BHG ကို မြန်မာပြည်သူများမကျေမနပ် ဖြစ်နေကြ


www.nyinaymin.org ဆိုဒ်ကို နည်းပညာလေ့လာနေကြတဲ့ လူတိုင်း သိကြမယ်လို့မိုးထင်ပါတယ်။ အဲဆိုဒ်မှာ နည်းပညာနဲ့ပတ်သက်တာတွေ တော်တော်များများတင်ထားပါတယ်။ softwareတွေလဲစုံပါတယ်။ မိမိလိုချင်တဲ့ software ဒါမှမဟုတ် နားမလည်တာရှိရင်လဲ အချိန်မရွေးမေးလို့ရတဲ့ ဆိုဒ်ပါ။ ကိုညီနေမင်းက သူတတ်ထားတဲ့ပညာတွေကို မြန်မာလူငယ်တွေ နည်းပညာတိုးတက်စေချင်တဲ့ စေတနာတစ်ခုထဲနဲ့ အချိန်ကုန်၊ လူပင်ပန်းခံပြီး ထောင်ထားတဲ့ဆိုဒ်ပါ။ ဒီဆိုဒ်ကို Blink Hucker Group မှ ဖျက်ဆီးလိုက်ပြီလေ။

ဘာကြောင့်လဲ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး တိုးတက်စေချင်တဲ့ စေတာနာကို မိုးတို့က ဆိုဒ်ရေးသူကို ကျေးဇူးတောင်တင်ရအုံးမယ်။ မိုးတို့က မြန်မာလူမျိုးတွေလို့တောင်ပြောရမှာရှက်လာတယ်။ အများအတွက်ကိုယ်မလုပ်ပေးနိုင်ရင်တောင်မှ သူများလုပ်ပေးတာကို ပီတိဖြစ်ရမှာမဟုတ်ဘူးလား။ မိုးတို့လဲလိုအပ်တဲ့software ရှိရင် အဲဆိုဒ်ကနေပဲ download လုပ်တာပါ။
ဘာကြောင့်ဖျက်ဆီးပစ်ရတာလဲ။ ဘာကြောင့်လဲ။ ဒီစာကို Blink Hucker Group မှတစ်စုံတစ်ယောက် ဖတ်မိခဲ့သည်ရှိသော်။ ဆိုဒ်ကို အရင်အတိုင်း ပြန်လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ Blink Hucker Group ကိုမိုးမစော်ကားဘူးနော်။ ဒါပေမယ့် မိမိတတ်တဲ့ပညာကို ကောင်းတဲ့လမ်းကနေအသုံးချပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကောင်းစားဖို့ အတွက် လမ်းမှန်ကိုလျှောက်စေချင်ပါတယ်ရှင်။

မိုးပြောတာတစ်စုံတစ်ရာမှားယွင်းခဲ့ရင်လဲတောင်းပန်ပါတယ်။ ဒီစာကိုဖတ်မိတဲ့သူငယ်ချင်းများလဲ အခြားဆိုဒ်များသို့ တင်ပေးစေချင်ပါတယ်နော်။ မိုးတို့ www.nyinaymin.org ကိုပြန်လည်ရရှိအောင် စုပေါင်းပြီး ကြိုးစားကြရအောင်နော်။
Blink Hucker Group အဖွဲ့ဝင်များလဲ ပညာတွေဒီထက်မကတိုးတက်ပြီး မိမိနိုင်ငံ၊ မိမိလူမျိုး တိုးတက်ရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းနိုင်ပါစေနော်။
မိုး
http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A307842&xgs=1&xg_source=msg_share_post


ပုံပြင်လေး : မဖြစ်သင့်တဲ့ ကိစ္စတခုပါ......စိတ်မကောင်ပါဘူး

ကံကောင်း : အော် လူတွေလူတွေ ကို့ အတွက် ဘာအကျိုးမှ မရှိတာတွေကိုလဲ အကျိုးရှိရှိလုပ်နေသူကိုဘာလို့ နောက်ဒုတ္ခပေးနေကြတာလဲနော်..

စောနောင် : ဒီအဖွဲ့ ကို ဗုဒ္ဓဘာသာစော်ကားတဲ့ သူကိုဖော်ထုတ်ပေးတုန်းက အထင်ကြီးလေးစားမိတယ်...ပြည်သူတွေအတွက် အကျိုးပြု ဟက်ကာတွေလို့ ထင်ခဲ့မိတယ်..ခုတော့ သူ့ တို့ နဲ့ မစဉ်မချောတဲ့သူကို ပညာပြမယ်ဆိုတဲ့ လက်သရမ်းတဲ့ ဟက်ကာအဖွဲ့ ပဲ..လူဆိုတာ ခေတ်တွေဘယ်လိုပြောင်းပြောင်း စိတ်ကောင်းရှိဖို့  ပထမပဲ..ဒီကိစ္စသာမှန်တယ်ဆို ဒီအဖွဲ့ က လမ်းဘေးက အောက်တန်းစားအဖွဲ့ ပဲ..အများအကျိုးပြုတဲ့စာတွေဖျက်စီးတဲ့ ခွေးတိရစ္ဆာန်



Hacking ကာကွယ်ရေး နဲ့ မြန်မာ hacking အဖွဲ့တွေပေါ် အမြင်။

Hacking အကြောင်းကို ကျွန်တော်တို့ စိတ်ဝင်စားလာနေကြပြီးဆိုတော့.... ကျွန်တော်က ကျွန်တော့် စာဖတ်ပရိတ်သိတ်တွေရဲ့ အကြောင်းကို အနားလည်ဆုံးဆိုတော့ Facebook ကို ဘယ်လို hack ရမလဲ၊ Gmail ကို ဘယ်လို hack ရမလဲကို မသင်ပေးပါဘူး။ ဒါပေမဲ့ အရေးကြီးတဲ့ လုံခြုံရေးအပိုင်းကို ရှင်းပြပေးပြီး သိပေးသွားပါမယ်။ ဘာဖြစ်လိုလဲဆိုတော့ ကျွန်တော် ကိုယ်တိုင်လဲ Hacking ကို စိတ်ဝင်စားနေတဲ့ လူတစ်ယောက် မို့လို့ ကျွန်တော် နောက်ဆုံး သိသိသမျှ Hacking နည်းလမ်း ကိုတွေကို ဘယ်လို့ ကာကွယ်ရမလဲဆိုတာကို ကျွန်တော် အတက်နိုင်ဆုံး ပိုစ့်တင်ပေးသွားမှာပါ။

ဒီမှာ ကျွန်တော်က Hacking ကို ပိုစ့် မတင်ရခြင်းအကြောင်းရင်းက မြန်မာပြည်မှာက သိတဲ့အတိုင်း Internet ဆိုင်တွေမှာ လူအများနဲ့သုံးစွဲနေရတာရယ် လူတိုင်းစေ့က နည်းပညာပိုင်းကို ထိထိရောက်ရောက် မသိသေးတဲ့ အချိန်မှာ ကျွန်တော်က hacking post တင်ပေးလိုက်ရင် ကျွန်တော့် blog ကိုဖတ်တဲ့ လူတွေက သူများတွေကို hack တာမျိုးဖြစ်မှာ စိုးရိမ်လို့ပါ။ ဒါကြောင့် ကျွန်တော်အနေနဲ့ မြန်မာပြည်က ကွန်ပျုတာ သုံးတဲ့လူတိုင်းလိုလိုကို လုံခြုံရေးပိုင်း နားလည်တဲ့ အခါကျမှသာ ကျွန်တော်တို့ နောက်ထပ် ထပ်လှမ်းရမဲ့လမ်းဖြစ်တယ်လို့ ကျွန်တော် အနေနဲ့ ခံယူထားလို့ပါ... ပြီးတဲ့အခါမှသာ hacking ကိုလေ့လာရမှာပါ.. လုံခြုံရေးကို မလေ့လာ၊ မကျွမ်းကျင်ဘူးဆိုရင်လည်း ကိုယ့်ကပြန် hack ခံသွားရပါမယ်။ ဒါကြောင့် ကျွန်တော်လဲ ဒီလောက်ကြီး Hacking အကြောင်း လုံခြုံရေးပိုင်းကိုလဲ မသိပါဘူး.....ဒါပေမဲ့ ကိုယ်သိသလောက်ကို မိတ်ဆွေတွေ သတိထားဖို့ ကျွန်တော်ပြန် ဝေမျှပေးပါမယ်။

အခုလဲ Blink hacker Group က မြန်မာပြည်တွင်းပြည်ပ Website တွေကို လိုက် Hack နေတာကို တွေ့ရပါတယ် တဖက်မှာ မြန်မာတွေထဲမှာ ဒီလောက် တော်တဲ့ အဖွဲ့ရှိတာကို ၀မ်းသာမိသလို၊ တဖက်မှာက ဒီလိုတော်တဲ့ လူတွေကဘဲ ကိုယ့်ဆီက မတော်တဲ့ လူတွေကို အားပေးမကူညီဘဲ ပြန်ပြီးလှ တိုက်ခိုက်တာ တွေကို တွေ့ရတဲ့အတွက် ၀မ်းသာရမလို ၀မ်းနည်းရမလိုဖြစ်မိပါတယ်။ ဘယ်ကြောင့်လဲဆိုတော့ မြန်မာပြည်မှာက သိတဲ့ အတိုင်း နည်းပညာက မကောင်းရတဲ့ကြား သင်ကြားလို့ရမဲ့ဆိုဒ်တွေကို ပိတ်ထား တာကြောင့်ရဲ၊ connection ကနည်းတာကြောင့်ရယ် များလှတဲ့ ဒုက္ခများတဲ့ ကြားထဲကနေ ဒီလိုမျိုး Hacker အဖွဲ့တွေက ကိုယ့်အချင်းချင်းကို ပြန်တိုက်၊ ဒီကြားထဲ တခုတလော myanmar Ebook site ကို Turkey နိုင်ငံခြားက တစ်ယောက်ကလာ hack နဲ့ ဘာမှမတက်တဲ့ ကြားထဲက အချင်းချင်းကတိုက်၊ သူများက တိုက်ကြီးဘဲခံနေရတော့တာပေါ့။

ဒါကြောင့် အကြံအဥာဏ်ပေးချင်တာကတော့ ကိုယ့်မှာ hacking ပညာတက်ထားတယ်.ဆိုရင် ဒီပညာကို ကိုယ့်လူမျိုးတိုင်းပြည် အတွက်ဘယ်လို အကျိုးရှိအောင် အသုံးပြုသလဲ ဆိုတာကိုလေ့လာပြီး အကျိုးပြု ကောင်းပါတယ်။ ဒါမှမဟုတ် အခုလို hack မြန်မာအချင်းချင်းပြန် hack နေခြင်းဟာ ကိုယ့် hacking ပညာတိုးတက်အောင် လုပ်နေခြင်းဖြစ်တယ်ဆိုရင်လဲ ဒီလောက်များပြားတဲ့ နိုင်ငံခြားက ခက်ခဲ hacking ရတဲ့ site မျိုးကို hack ပြီး Myanmar hacker တွေတော်ပါလားဆိုပြီး နာမည်ရအောင် လုပ်ရင် သိပ်ကောင်းမှာဘဲ လို့ ကျွန်တော်ထင်မိပါတယ်။ ဒီလိုမဟုတ်ဘဲ ကိုယ့်အချင်းချင်းထဲက လွယ်လွယ် hack လို့ရမဲ့ ဟာတွေကို hack ပြီး နာမည်ကောင်းယူမယ်ဆိုရင်တော့ နောက်နောက်မှာ အခုလက်ရှိ hack နေတဲ့ လူတွေသာ တက်ပြီးနောက်မှာ ဘာပညာမှ နောင်လာနောင်သားတွေအတွက် ကျန်တော့မယ် မထင်ပါဘူး..လို့ ကျွန်တော်ရဲ့ အမြင်လေးကို ကျွန်တော် စာဖတ်ပရိတ်သိတ် လေးဆီ ပြောပြလိုက်ပါတယ်။

http://www.sbsangpi.com/2011/07/hacking-hacking.html

မင်းကို နိင် : ကွန်ပြူတာအကြောင်းကိုစိတ်ဝင်စား သောမြန်မာလူငယ်တို့အားထားရာကိုညီနေမင်းဧ။်
 ဆိုဒ်..အား BHG ဂရုမှအခုလို..Hacking လုပ်သွားခဲ့တယ်. ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့အကျင့်တွေကအဲ့ဒါပါပဲ.. ကိုညီနေမင်း.ဆိုတာအခကြေးငွေမယူပဲ.သူသိတဲ့ပ​ညာတွေကို ဖြန့်ဖြူးပေးနေတဲ...့..ကွန်ပြူတာပညာရှင်တေ​ယာက်ပါ. ခုလုပ်ရပ်ဟာ..ကိုညီနေမင်းဆိုဒ်မှာပညာသွားသ​င်နေတဲ့.. ကျွန်တော်တို့မြန်မာလူငယ်တွေအများကြီးဒုက္ခ​ရောက်ရပါတယ်.. BHG ဂရုရဲ့ယုတ်ညံ့တဲ့လုပ်ရပ်တွေကိုအားလုံးသတိထားကြပါ.

မင်းကို နိင် တော်တော်လေးကိုယုတ်ညံ့လွန်း​ပါတယ်ဗျာ. တူသောအကျိုးကိုပြန်ခံစားရမှာတော့သေချာ ပါတယ်...
Htoo Wai ညီနေမင်းဘလော့ကို ဟက်ခံရတာ သမ္မတကြီးကိုတိုင်သင့်တယ်
လူ့ အခွင့်ရေးကောင်စီကို တိုင်သင့်တယ်
အိုဘားမားကြီးကိုပြောပီး ဗုံးကြဲသင့်တယ် :PPPP

ဒေါ်အင်ကြင်းနိုင်က စိုင်းသိန်းဝင်းအကောင့်ဟက်ခံရတုန်းကတော့
အဲလိုပြောသွားတာပဲ :)
Htoo Wai သြော်အတိုက်ခံတို့ များ
ဟိုကသူ့ပိုက်ဆံနဲ့ သူ ကွန်ပျူတာနည်းပညာတွေတင်ပေးတဲ့
ဆိုဒ်ကိုတောင်ဝင်ဟက်ရတယ်လို့ကွာ
တော်တော် အဆင့်တန်းနိမ့်တာပဲ...စိုင်းသိန်းဝင်းအကောင့်ဟက်ခံရတုန်းက
လူ့ အခွင့်ရေးကောင်စီတိုင်ပြီး​ မြန်မာပြည်ကို ဗုံးကြဲခိုင်းမယ်ဆိုတဲ့
ရဲရဲတောက်ပုဂ္ဂိုလ်ကြီးများ ဒီကိစ္စကိုဘယ်လိုဖြေရှင်းကြရ​င်ကောင်းမလဲဗျ :)
မင်းကို နိင်
ကိုညီနေမင်းရဲ့မေးထဲကိုတပတ်​ကို.. နည်းပညာနဲ့ပတ်သတ်တာတွေကိုမေးထားတဲ့ Mail..ပေါင်း..၄၀၀၀..လောက်အ​ဝင်အထွက်ရှိတယ် လို့.ကိုညီနေမင်းပြောဖူးပါတ​ယ်..မေးခွန်းတွေကို ဖတ်ဖို့မသိတဲ့မေးတွေကိုသူဖွ​င့်ရတယ်.. အဲ့ဒီကနေ.သူ့ရဲ့..Gmail Account..ကို. ယူသွားပုံရပါတယ်..ကိုညီနေမင်းရဲ့လူတွေ အပေါ်မှာထားတဲ့.စေတနာကိုအလွဲ​သုံးစားလုပ်သွား တာ..ပါပဲ...

BHG အကြောင်း အခြားဖတ်စရာများ


ပေးစာ - ၁၁ (လုပ်ရပ် သာမက စိတ်ဓာတ် ပါ ညံ့ဖျင်းသည့် BHG)



Gmail တွေကို Hack ထားတယ်, Hack အုံးမယ် သတိထား ဆိုတဲ့ BHG ၊ စကားအမျိုးမျိုးပြောတဲ့ DVB နှင့် ကြာကူလီရိုက်လို့ လူမိတာကို မရှက်ဘူးဆိုတဲ့ စိုင်းသိန်းဝင်း

BHG ကို ထောက်ခံသူများကတော့
http://www.irrawaddy.org/bur/index.php/news/5323-2010-12-23-07-33-32

BHG_hacker




Myanmar Express

8 comments:

မောင်လေး စံပီးပြောတာ မှန်တယ်၊ BHG ဆိုတာ အဆင်.တန်းမရှိတဲ့ အင်တာနက်ပေါ်က သူခိုးတွေ စုနေတဲ.နေရာပဲ

ဒီနေရာမှာ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းလေးတစ်ခုကိုသွားသတိရမိတယ်...

"ဗမာတွေ စိတ်ထဲမှာ ဗမာတွေဟာ စိတ်ဓာတ် ထက်တယ် ဘာညာနဲ့ တလွဲဆံပင်ကောင်းနေတယ်ဆိုတာနဲ့ အတူတူဘဲ။ ဒီစကားဟာ ဒီနေရာမှာသုံးဖို့ဟာတွေဘဲ။ ဗမာတွေစိတ်ဓာတ်က မဟုတ်တဲ့နေရာမှာသွားပြီးကောင်းနေတယ်။ တကယ့်နေရာတွေကျတော့ အသုံးမကျဘူး။ ဗမာပြည် လွတ်လပ်ရေးရအောင်ဆိုတာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာပြည်ပြန်လည်ထူထောင်ရေး လုပ်တဲ့ နေရာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာ ဗမာချင်းချဖို့မှာ လုပ်ချင်တယ်။ အဲဒါမျိုးတွေ လုပ်ချင်လို့ဘယ်တော့မှ အကျိုးမရှိဘူး။ ဒီတိုင်းပြည်ဘယ်တော့မှ ပြန်လည်မထူထောင်နိုင်ဘူး"

(ကျပ်ပြေး) က အဲလိုတွေဖြစ်တာကိုတော်တော်လေး ပျော်နေပုံ ရတယ်
စောက်ရုး က အခုအုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်တွေ အားလုံးလည်း အဲလို တိုက်လာရတဲ့သူတွေပဲ မသေလို့ ခုလို ဘ၀ ရောက်နေတာ ..စောက်ရုး သူများတွေ အုပ်ချုပ်နေတာကို မနာလိုမဖြစ်နဲ့ မင်းကိုယ်တိုင် အဲလို လူတွေ ကို အုပ်ချုပ်ချင်ရင် သူတို့လို သက်စွန့်ဆံဖျား ကြိုးစား လေ အလကားနေ ကလေးလိုလိုနဲ့ ဟိုလူတွေသေ ပြန်ပီ ဒီလူတွေသေပြန်ပီနဲ့ ဘာရည်ရွယ်ချက်နဲ့လုပ်နေမှန်းကိုမသိ့တာ..........

စောက်ရှက်လုံးလုံးမရှိတဲ့ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဘရိန်းဝပ်ခ်ျလုပ်ခံထားရတဲ့ ဖွတ်ကောင်လေးတွေ ရီရတယ် ဗြဲ ဗြဲ ဗြဲ မင်းတို့ပထွေးတွေကို ဘယ်သူကများ အတင်းတောင်းပန်ပြီး တိုင်းပြည်အုပ်ချုပ်ခိုင်းလို့လဲ ပြောပါအုန်းကွာ မင်းမရှက်ဘူးလား

အဲ့လိုတော့မပြောနဲ့ဗျ တပ်ချုပ်ကြီးက ဦးခင်ညွန့်ကိုမဖြုတ်ခင်မှာ တန်ပြန်ထောက်လှမ်းရေးအဖွဲ့ဆိုပြီး ဗိုလ်ချုပ်ကျော်ဝင်းသားမက် ဗိုလ်ကြီးမင်းကိုဦးတို့လူငယ်တွေဦးစီးပြီး သေချာဖွဲ့စည်းထားတယ်၊ အဲ့ဒါ တကယ့် ဦးခင်ညွန့်တို့အဖွဲ့တွေကို တန်ပြန်ထောက်လှမ်းဖို့သီးသန့်ပဲ အခုလဲ BHG ဆိုတဲ့အဖွဲ့ကို ရုရှားပြန်လူငယ်တွေထဲကမဟုတ်ပဲ သာမာန်အရ့ပ်သားလူငယ်တွေကိုရွေးထုတ်ဖွဲ့စည်းပြီး ရုရှားပြန်လူငယ်ကွန်ပြူတာအဖွဲ့တွေဘာတွေလုပ်နေတယ် အတွင်းသတင်းတွေကိုအပြင်ပပို့နေသလား စသည်တို့ကို ပြန်ထောက်လှမ်းဖို့အတွက် ဝန်ကြီးတယောက်ကို သေချာတာဝန်ပေးပြီး BHG ကိုဖွဲ့စည်းထားတာဖြစ်ပါတယ် တနည်းအားဖြင့်လဲ ဒီအဖွဲ့ဟာ ပြင်ပမီဒီယာအဖွဲ့အစည်းတွေနဲ့လဲ ပတ်သက်ဆက်စပ်မှုရှိအောင် တမင်လုပ်ထားတာပါ

BHG မင်းတို့အကြောင်းကိုတော့ ကြားဖူးတာကြာပြီ အစကတော့ အထင်ကြီးပါတယ် ကိုယ့်နိုင်ငံမှာလည်း Hacker တွေရှိလို့ ဒို့နိုင်ငံသားတွေလည်း ဒီလောက်မညံ့ပါဘူးဆိုပြီး ဂုဏ်ယူနေတာ ...
ခုတော့ မင်းတို့လုပ်ပုံက ...
တစ်နေ့တော့ မင်းတို့အဖွဲ့လည်း ၀တ်လည်လိမ့်မယ်....

အဲ ဒီ BHG ကို ကျနော့် သူငယ်ချင်း နဲ့ ပြန် ဟက် ခိုင်းမယ် သ

တိသာ ထား တော့

တကယ်ဆို hack တက်တာကောင်းပါတယ် ဒါပေမဲ့ လွယ်လင့်တကူလေးတွေပဲ hack ပြီး ပညာပြနေတာတော့ မကောင်းဘူးပေါ့ အရမ်းခက်ခဲတာတွေကိုဟက်ပြီးပဲ ကိုယ်ပညာကိုတိုးတက်စေကြပါ ကိုယ်ကြောင့်တော့ သူများဒုတ်ခမရောက်ပါစေနဲ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်