Subscribe to our RSS Feed

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီ ကွယ်လွန်


မြောက်ကိုရီးယားခေါင်းဆောင်ဖြစ်သူ အသက် ၆၉ နှစ်အရွယ် ကင်ဂျုံအီဟာ ဒီဇင်ဘာ ၁၇ ရက်နေ့ နံနက် ဂ နာရီခွဲ က ကွယ်လွန်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံက ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ကြေညာသွားခဲ့ပါတယ်။ ကင်ဂျုံအီဟာ မြို့တော် ပြုံယမ်း အပြင်ဘက်သို့ ကွင်းဆင်းခရီးစဉ် ထွက်ခွာနေတုန်း ရထားပေါ်ပဲ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ သတင်းမှာ ကြေညာသွားပါတယ်။

ဝမ်းနည်းခြင်း အထိန်းအမှတ် အနက်ရောင် ဝတ်ဆင်ထားပြီး မျက်ရည်တွေဝဲနေတဲ့ မြေက်ကိုရီးယား သတင်းဌာနရဲ့ သတင်းကြော်ငြာသူအမျိုးသမီးကတော့ကျွန်မတို့ ခေါင်းဆောင်ကြီး ကင်ဂျုံအီတစ်ယောက် ကွင်းဆင်းစီမံညွန်ကြားချက်တွေကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းလို့ ဒီခရီးမှာပဲ ကွယ်လွန်သွားခဲ့ပြီလို့ အသံတုန်စွာနဲ့ ပြောကြားသွားပါတယ်။

မြောက်ကိုရီးယား မြို့တော် ပြုံးယမ် က လူထုကြီး သူတို့ခေါင်းဆောင်သေဆုံးကြောင်း သတင်းကြားရလို့ မျက်ရည်ကျကြ၊ ငိုကြွေးကြနဲ့ တစ်နိုင်ငံလုံး တိတ်ဆိတ်နေပါတယ်။

ကင်ဂျုံအီရဲ့သား ဖြစ်သူ ကင်ဂျုံအွန် ကိုလည်း ဖခင်အရိုက်ရာကို လူမျိုး ၊ ပါတီ နဲ့ တပ်မတော်အတွက် ဆက်ခံမယ့် ဂုဏ်ယူဖွယ်ရာသားအဖြစ် ချီးမြှောက်ဖော်ပြသွားတာကိုတွေ့ရပါတယ်။

ကင်ဂျုံအီ ဟာ မြောက်ကိုရီးယား နိုင်ငံကို ဘယ်နိုင်ငံကမှ မစော်ကားရဲအောင် ကိုယ့်အားကိုယ်ကိုးပြီး ဖန်တီးနိုင်ခဲ့တဲ့ သမိုင်းဝင်ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။




Myanmar Express

5 comments:

စိတ်မကောင်းလိုက်တာဗျာ....

တနေ့ ကျ၇င်သန်းရွှေလဲ သေမှာဘဲ

မှန်တာပေါ့
NLD က ဦးလွင်တို့တော့ သေပြီးပြီ
အောင်ကြီးတို့ တင်ဝင်းတို့ တင်ဦးတို့လည်း သေသင့်ပြီ
မုဆိုးမ စုကြည်လည်း ၆၇ နှစ်ဆိုတော့
ကင်ဂျုံအီကို မှီဖို့ ၂ နှစ်ပဲ ကျန်တော့တယ်

စုကြည် သေရင် သတင်းကို ဘယ်သူဖတ်မှာလဲ?

အောင်ဆန်းစုကြည်သေရင် တနိုင်ငံလုံး ထကမှာ မြင်ယောင်သေး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်