Subscribe to our RSS Feed

အာရှသံရုံးအချို့က အလုပ်သမား မှတ်ပုံတင်ကတ်ရှိမှ ဗီဇာထုတ်ပေးတော့မည်


ပြည်ပမှာ အလုပ်သွားလုပ်မယ့်သူတွေ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပေးတဲ့ အလုပ်သမားမှတ်ပုံတင်ကတ် ရှိမှသာ ပြည်ဝင်ခွင့် ပေးမယ့်စနစ်ကို စင်ကာပူအပါအဝင် အာရှနိုင်ငံအချို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနမှ သိရပါတယ်။ “စင်ကာပူ၊ တရုတ်၊ ထိုင်း သံအမတ်ကြီးတွေကို ပူးပေါင်းဖို့ ပြောပြီးပြီ၊ သူတို့ဘက်ကလဲ အလုပ်သမားမှတ်ပုံတင်ကတ်ရှိတဲ့ လူတွေကိုပဲ ပြည်ဝင်ခွင့်ပေးချင်တာ” လို့ အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်က ပြောပါတယ်။ အလုပ်သမား မှတ်ပုံတင်ကတ်ပါမှ သွားရောက်လုပ်ကိုင်မယ့်သူတွေကို ပြည်ပနိုင်ငံတွေမှာ ပြည်ဝင်ခွင့်ပေးခိုင်းရတဲ့ အကြောင်းရင်းက ပြဿနာတစ်စုံတစ်ရာ ရှိလာရင် အလုပ်သမားတွေအနေနဲ့ မှတ်ပုံတင်ကတ်ပြပြီး တိုင်ကြားနိုင်အောင် စီစဉ်ရခြင်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အရှေ့တောင်အာရှနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ အမျိုးသမီးတွေကိုပါ ခွင့်ပြုလိုက်တာကြောင့် အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ယခုလို စီစဉ်ပေးတာလည်း ဖြစ်တယ်။ လက်ရှိ သဘောတူညီမှုရထားတဲ့ နိုင်ငံတွေက စင်ကာပူ၊ ထိုင်း၊ တရုတ်နိုင်ငံတို့ ဖြစ်တယ်လို့ သိရပါတယ်။ အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားမှတ်ပုံတင်ကတ်တွေကို အက်ဖ်အီးစီ ၁၀၀ ယူပြီး ထုတ်ပေးနေပါတယ်။ ၂၀၁၂ ခုနှစ်အတွင်းမှာ ပြည်တွင်းရှိ အလုပ်သမားတွေအနေနဲ့ ဘယ်နိုင်ငံကို သွားသွား အလုပ်သမားမှတ်ပုံတင် ယူသွားနိုင်ဖို့အတွက် ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ပြည်ပမှာ မြန်မာအလုပ်သမား သုံးသန်းကျော်နီးပါးရှိပြီး ခုနှစ်သိန်းနီးပါးလောက် ပြည်ပမှာ တရားဝင်သွားရောက် လုပ်ကိုင်နေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်ဟု ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်