Subscribe to our RSS Feed

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒယသမ္မတနိုင်ငံ အထက်လွှတ်တော် ဥက္ကဌ Mohammad Hamid Ansari နှင့် အောက်လွှတ်တော် ဥက္ကဌ Kumar, Smt Meira တို့ရဲ့ ဖိတ်ကြားချက်အရ အိန္ဒယသို့ သွားရောက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၈ ရက်နေ့ မနက်မှာ လေကြောင်းနဲ့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

ရက်သတ္တ တပတ်ကြာ ခရီးစဉ်အတွင်း နယူးဒေလီရှိ အထက်လွှတ်တော်၊ အောက်လွှတ်တော် တို့ကို လေ့လာခဲ့တယ်ပြီး သူရဦးရွှေမန်း နှင့် အတူ လွှတ်တော်ဆိုင်ရာ အရာရှိ ၃၀ ပါဝင်တယ်လိ့ သိရပါတယ်။

လွှတ်တော်အမတ်များ အပါအ၀င်၊ အိန္ဒိယနိုင်ငံတကာဆက်ဆံရေးအဖွဲ့၊ ဒေလီဝန်ကြီးချုပ်တို့နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲကြပြီး ခရီးစဉ်အတွင်း နယူးဒေလီနှင့် မွန်ဘိုင်း (ဘုံဘေ) ရှိ စီးပွားရေးလုပ်ငန်းများ၊ ယဉ်ကျေးမှုဌာနများ၊ သမိုင်းဝင်နေရာများကိုပါ သွားရောက် လေ့လာခဲ့ကြတယ်လို့ သိရပါတယ်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်