Subscribe to our RSS Feed

ရန်ကုန်တွင် အထပ်မြင့် လူနေအိမ် ခန်းပါ ဈေး ၁၀ ခု ခန့် တည်ဆောက်မည်


ရန်ကုန်မြို့တော်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အတွက် ဘဏ္ဍာငွေ ရရှိစေရန်နှင့် မြို့တော် အင်္ဂါရပ်နှင့်အညီ ဈေးများလည်း ဖွံ့ဖြိုး တိုးတက်လာ စေရန် စည်ပင်သာယာ နယ်နိမိတ် အတွင်း အထပ်မြင့် လူနေတိုက်ခန်းပါ ဈေး ၁၁ ခုခန်းကို ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် အကျိုးတူ ပူပေါင်း၍ တည်ဆောက် မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ(ဈေးများဌာန) ဌာနမှူးက The Voice Weekly သို့ပြောကြားသည်။ ယခုအစိုးရ သက်တမ်းအတွင်း အဆိုပါ အဆင့်မြင့်ဈေးများကို အပြီး တည်ဆောက်မည်ဖြစ်ကြောင်း၊ လုပ်ငန်း စဉ်ကိုမူ ယခုအချိန်တွင် အတိအကျ ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆိုသည်။ "အနည်းဆုံးလေး၊ ငါး၊ ခြောက် ဈေး ကနေ ဆယ်ဈေးလောက်ထိဆောက် ဖြစ်မှာပါ။ နေရာကတော့ အချက်အချာကျတဲ့ နေရာတွေပဲဖြစ်မှာပါ"ဟု ၎င်းက ဆိုသည်။

အဆိုပါတည်ဆောက်မည့် ဈေး များသည် ယခင်ရှိပြီးသားဈေးများကို ပြန်လည်တည်ဆောက်မည့် အစီအစဉ် ဖြစ်ကြောင်း၊ မူလဈေးနေရာအပြည့် တည်ဆောက်မည်ဖြစ်ပြီး အပေါ်ထပ်များ သည် လူနေအိမ်ခန်းများ အတွက် ထား၍ မြေညီထပ်ကိုဈေးအဖြစ် သတ်မှတ်မည်ဖြစ် ကြောင်း ဈေးများဌာနထံမှ သိရသည်။ ပထမဆုံးစီမံချက်အဖြစ် စမ်းချောင်း မြို့နယ် ရှမ်းလမ်းဈေးကို ၂၀၁၂ခုနှစ် မတ်လမှစတင်ကာ တည်ဆောက်မည် ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။ မူလဈေးဆိုင်ခန်းများအား ဈေး သစ်များတည်ဆောက်ပြီးလျှင် မြေညီ ထပ်တွင် အခမဲ့ပြန်လည်နေရာချထား ပေးမည်ဖြစ်ကြောင်း၊ ဈေးတည်ဆောက် မှုကြာမြင့်ချိန်နှင့် ဆိုင်ခန်း နေရာများ ပြန်လည်ရရှိရန် ဈေးများဌာနက အာမခံ ပါကြောင်း ဈေးများဌာန အကြီးတန်း အရာရှိကြီးတစ်ဦးကဆိုသည်။

"အာမခံတာကိုမယုံကြည်ရင် ဈေး သူဈေးသားတွေနဲ့ စည်ပင်နဲ့စာချုပ် ချုပ်မယ်လို့ တောင်ပြောထားတယ်" ဟု ၎င်းကပြောကြားသည်။ ရှမ်းလမ်းဈေး သစ်တည်ဆောက်မည့် အစီအစဉ်နှင့် ပတ်သက်၍ ဈေးသူ ဈေးသား အချို့မှ ၎င်းတို့၏ မူလ ဆိုင်ခန်းများ ပြန်လည် မရရှိမည်ကိုစိုးရိမ်နေကြကြောင်း ဆိုင်ခန်းပိုင်ရှင်အချို့က The Voice Weekly သို့ ပြောကြားသည်။ "City Mart နေရာက သက်သေ ပါ" ဟု မူလဆိုင်ခန်းများ ပြန်လည်မရရှိ ခဲ့မှု ဖြစ်ပေါ်ခဲ့မှုနှင့်ပတ်သက်၍ ရှမ်းလမ်း ဈေးမှ အသက် ၃၅နှစ်ခန့် ကုန်ခြောက် ရောင်းချသူအမျိုးသားတစ်ဦးက ၎င်း၏ စိုးရိမ်စိတ်ကိုဖွင့်ဟပြောဆိုသည်။ ယင်းရှမ်းလမ်းဈေးမှ ဈေးသည်များ ကို ဈေးတည်ဆောက်စဉ်ကာလအတွင်း မူလက အခွန်လွတ်ဈေးတွင် ရောင်းချခွင့် ပြုရန် စီစဉ်ခဲ့သော်လည်း ယခုအခါ အဆိုပါဈေးအနီးတစ်ဝိုက်တွင်သာ ရောင်းချ ခွင့်ပြုတော့မည်ဖြစ်ကြောင်း ဈေးများဌာန တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

လူနေအိမ်ခန်းပါ အထပ်မြင့်ဈေး များတည်ဆောက်ပြီးစီးပါက ဆောက် လုပ်ရေးကုမ္ပဏီဘက်မှ အကျိုးအမြတ် ၅၀ ရာခိုင်နှုန်းနှင့် ဈေးများဌာနမှ အကျိုး အမြတ် ၃၀ရာခိုင်နှုန်းရရှိမည်ဖြစ်ပြီး မူလဈေး နေရာများပြန်လည် ချထားရ သည့် အတွက် ဈေးသူ ဈေးသားများအား ၂၀ ရာခိုင်နှုန်းပေး လိုက်ရသည့်သဘော ဖြစ်ကြောင်း ဈေးများဌာနထံမှ သိရှိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်ပင်သာယာ နယ်နိမိတ် ၃၃မြို့နယ်မှ ရရှိသော အခွန် ဘဏ္ဍာငွေများကို ယင်း နယ်နိမိတ်အတွက် လမ်းတံတားအစ ရှိသော လုပ်ငန်းများအတွက် လိုအပ် သလိုပြန်လည်သုံးစွဲရပြီး မှော်ဘီအစရှိ သော စည်ပင်သာယာ နယ်နိမိတ်အတွင်း မပါဝင်သည့်မြို့နယ်ကမူ မိမိတို့မြို့နယ် မှရရှိသော အခွန်ငွေများကို မိမိတို့ မြို့နယ်အတွက်သာ ပြန်လည်သုံးစွဲရ ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး အတွက် နောင် ၂နှစ်အတွက် ဘတ်ဂျက် လိုငွေမှာ ဘီလီယံ ၂၀ခန့်ရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားထားသည်။

Myanmar Daily Mail

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်