Subscribe to our RSS Feed

ကျောင်းသားတပ်မတော်မြောက်ပိုင်းလူသတ်ကွင်း (၃)

(77)
အစောင့်တွေအားလုံးသူ့ စကားကိုရီကြတယ်။ ဖမ်းဆီးခံထားရသူတွေကလွဲရင်ပေါ့။ စခန်းကလူတိုင်း အာဆိုက်ရဲ့ အော်သံကိုကြားကြတယ်။နောက်တော့အမျိုးသမီးဆေးဝန်ထမ်းရောက်လာပြီး ဒဏ်ရာကိုဆေး ထည့်ပေးတယ်။ သေသေချာချာတော့မဟုတ်ပါဘူး။ ဂျန်တာမိုက်ဆင် ဆေးထိုးတယ်။
ဖြစ်စဉ်တခုလုံးကိုဘာတွေဖြစ်နေလည်း ကောက်ကြောင်းချနေမိတယ်။ ဒီမိုကရေစီချစ်မြတ်နိုးပါတယ် ဆိုတဲ့ ကျောင်းသားတွေက ဒီမိုကရေစီချစ်မြတ်နိုးတဲ့ကျောင်းသားတွေကိုညှင်း ဆဲနေတယ်။ အသက်ကြီး တဲ့ဒီမိုကရေစီ ချစ်မြတ်နိုးပါတယ်ဆိုတဲ့သူတွေနဲ့ ပရိသတ်က မျက်စိပိတ်မသိ ချင်ယောင်ဆောင်နေကြ တယ်။

ဒီပွဲမှာပါတဲ့သူတိုင်းကဒီမိုကရေစီချစ်မြတ်နိုးတဲ့ တော်လှန်သမားတွေချည့်။တန်ဖိုးရှိတဲ့ဒီမိုကရေစီအမည်ခံပြီး ဒီမှာလူသတ်နေကြတယ်။နှိပ်စက်ညှင်းပန်းနေကြတယ်။ရာဇ၀တ်တခုကျူးလွန်ပြီးတဲ့နောက်အဲဒါကိုဖုန်းကွယ်ဖို့  နောက်ထပ်ရာဇ၀တ်မှုနဲဖုံးကွယ်ဖို့ လုပ်ရတယ်။At that time he had to commit more crime in order to challenge the opposition to shut the mouths. I am giving you the detail mental progression of ABSDF (NB)


(83)
တချို့ ကိုပြန်လွှတ်ချင်တယ်။ လွှတ်လိုက်ရမှာလည်းကြောက်နေတယ်။အဓိကကတော့ကျနော်တို့  မြို့ ကိုပြန် သွား မှာကြောက်နေတာ။ဒီပွဲကို ဘယ်လိုအဆုံးသတ်ရမလည်းသူတို့ သိပုံမရဘူး။ သူတို့ အရမ်းကို ကျွံသွားခဲ့ပြီးဆိုတာသူတို့ ကိုယ်သူတို့ သိတယ်။ ထပ်လည်းမသတ်ရဲ။ သူတို့ လုပ်ခဲ့တဲ့ရာဇ၀တ်မှုကြောင့် လွှတ်လည်းလွှတ်မပေးရဲ။မိုးကြီးနဲ့ ခင်မောင်ဇော်က ဒီနေရာမှာ အခရာ။ သူတို့ ကကျောင်း သားတွေ ယုံကြည်လာ အောင်ပြောကြတယ်။ မအေလိုးနှစ်ကောင်။သူလျှိုကွင်းဆက်ကြီးကိုဖော်ထုတ်ခဲ့ပြီး ဒီသတ် ပွဲကြီး က တရားဝင်သယောင်။ ဘာအမှားမှမရှိခဲ့သယောင်။

သူတို့ ကြောင့်ပဲ ဥက္ကဌအသစ် အောင်နိုင်က

လူတယောက်ယောက်ကိုပဲမှားယွင်းဖမ်းခဲ့ရင်ဖြစ်ဖြစ်၊မှားယွင်းပြီးတယောက်ယောက်ကို သတ်ခဲ့ရင်ပဲဖြစ်ဖြစ် ငါတို့ အားလုံးကိုယ့် ဆန္ဒနဲ့ ကိုယ့်ဘာသာကြိုးစင်ပေါ်တက်သွားမယ် တဲ့ ။
“If we do a single mistake in detaining and killing a single man, we will climb up to the gallows with our own will, without any legal examination”.

နောက်ပိုင်းမှာဒါက ကျောင်းသားတပ်မတော်မြောက်ပိုင်းရဲ့ နေ့ စဉ်အလုပ်။ဒါကိုဘာလို့ နေစဉ်တ တွတ် တွတ် သူတို့ ပြောနေရပါသလဲ။ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့တယောက်ယောက် အပေါ်သူတို့ လုပ်ခဲ့တဲ့ ဒုစရိုက် မှုကခြောက်လှန့် လာတဲ့အခါ ဒါကိုတတွတ်တွတ်ရွတ်တော့ တယ်။အိပ်ယာက ထတယ်။ ရေတခွက်သောက် တယ်။ ပြန်မအိပ်နိုင်တော့ဘူး။ဒါနဲ့ တပက်နှစ်ပက်။ ဆယ် ပက်လောက်ဖြစ် လာ လည်းမူးလာပေမယ့် သူ့ ကိုခြောက်လှန့် နေတုန်းပဲ။


(83) A

ဒီနေ့ ကတကယ့်မှတ်မှတ်ရရနေ့ ပဲ။အစောင့်တွေက ဖမ်းခံထားရသူတွေကို လက်ဝှေ့ ပွဲလုပ်ဖို့ စီစဉ်တယ်။ ထိန်းသိမ်းခံထားရသူတွေ တယောက်ကိုတယောက်တကယ်ထိုးရမယ်။ တချို့ ကတော့ အချင်းချင်း တကယ်ကန်ကြ။တကယ်ထိုးကြ။ အချင်းချင်းတယောက်ကိုတယောက်ဒီလို ထိုးကြိတ်နေကြတာကြည့်တာ သနားစရာ။ ဆိုးတယ်။တကယ်ဆိုးဝါးပါတယ်။ ကျနော့်အလှည့်။ လှမျိုးအောင် ကဒီပွဲကို သေသေချာချာကြည့်တယ်။ မျိုးဇော်က ချိုးကြီးကိုခေါ်လာတယ်။ ၀င်းမြင့်က ကျနော့်ကို စည်းဝိုင်းထဲဝင်ဖို့ ခေါ် တယ်။ ချိုကြီးဟာ တခါက ကျနော်ကရာတေးကစားတုန်းက ကျနော့်သင်တန်းဆရာ။ သူက သုံးဘက်ခ်ျလောက် ဟိုင်ကာရီ ကရာတေးကလပ်မှာ စီနီယာကျတယ်။တက္ကသိုလ်တက်တော့ ဓာတုမေဂျာမှာ ကျနော်တို့ က အတန်းဖော်တွေ။ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေ အခုအတူတူ အဖမ်းခံနေ ရတယ်။သူကဖျားနေတယ်။ကျနော်သူ့ ကိုဘယ်လိုနာအောင်လုပ်ရက်ပါ့မလဲ။ တယောက်နဲ့တယောက် မျက်နှာချင်းဆိုင်လိုက်တော့
ချိုကြီးက သူ့ ကိုကန်ဖို့  နာအောင်လုပ်ဖို့ ပြောတယ်။ ဒါပေမယ့်ကျနော့်လိပ်ပြာနဲ့ သိက္ခာက ဒါကိုခွင့်မပြုဘူး။ ဘယ်လိုလုပ်နိုင်မှာလည်း။ ဖျားနေတဲ့ ကျနော့်သူငယ်ချင်းကို ကျနော်ဘယ်လိုလုပ်နာကျင်အောင်လုပ်ရက်မှာ လည်း။အထူးသဖြင့် အထူးသဖြင့်လွန်ခဲ့တဲ့ ၁၅နှစ်က ကရာတေးအခြေခံနဲ့ နင်ဂျာရွှေ့ ကွက်တွေ ကိုသင်ပေးခဲ့တဲ့ သင်တန်းဆရာကိုဘယ်လိုနာကျင်အောင် လုပ်ရက်မှာလည်း။
ရပ်လိုက်တော့။ရပြီ။
ဆရာ ဒီကုလားကဘာမှသောက်သုံးမကျဘူး။
အေး။ဘာမှသုံးမရတဲ့ကုလားပဲ။ မျိုးဇော်က ၀င်းမြင့်နဲ့ သဘောတူတယ်။ကျနော့်မျက်နှာကိုထိုးတယ် ။ကောင်းကောင်း မချလို့ ပေါ့။ ဒီတခါအထိုးခံရတာ ကျနော်နာပေမယ့် ကျေနပ်တယ်။ အိပ်ယာ ကိုစောစော ၀င်ခဲ့တယ်။ သီချင်းကိုအရင်ထက်ပိုကြာကြာဆိုရမယ်။ အိမ်မက်ထဲမှာခင်ဝမ်းရဲ့  ဘုရင်အာချာ သီချင်းကိုဆိုမိ တယ်။ သီချင်းရဲ့ အဓိကကတော့ မမျှမတ။မတရားခံရတဲ့ သူတွေကိုအားပေးထားတဲ့သီချင်းပါ။


(86)
ကျနော်တခုတောင်းဆိုချင်ပါတယ်။
သူကျနော်စကားကို သေသေချာချာနားစိုက်ပြီး ငါမင်းကိုဘာလုပ်ပေးရမလဲ။ သူ့ ငါးမျှားချိတ်ထဲငါး တကောင်တော့ လာမိပြီလို့ တွေးနေတာလည်းဖြစ်နိုင်ပါတယ်။
အော်ကျနော် ဆေးပေါ့လိပ်တလိပ်လောက် လိုချင်လို့ ပါ။
ရမယ်။ရမယ်။ မင်းကိုဆေးလိပ်သောက်ခွင့်ပေးဖို့ သူတို့ ကိုပြောလိုက်မယ်။
(အေး။ သံချောင်း။ မင်းရဲ့ ကောက် ကျစ်မှုမှာ ငါတို့ ပထမအကြိမ်မိခဲ့ပြီ။ နောက်တကြိမ်ကတော့ငါအလှည့်ပဲ။ အဲဒီအခါမင်းခုလိုပဲနေနိုင်ပါစေ။)

သိန်းထွန်းနဲ့ ဒေါက်တာနိုင်အောင်ကဒီလို။ ဒေါက်တာနိုင်အောင်ကသိန်းထွန်းကို ကောင်းကောင်းသိလို့ သိထွန်းစပိုင်မဖြစ်နိုင်ဘူးပြောတယ်။အဲဒီအချိန် သိန်းထွန်းက တကယ်ဖြစ်နေတဲ့ အခြေအနေတွေ ကို ရှင်းပြတယ်။ သူ့ ကိုယ်သူလည်း အဝေးရောက်အစိုးရ ၀န်ကြီး ဒေါက် တာသောင်းထွန်းနဲ့  ၀မ်းကွဲညီအကိုတော်စပ်တယ်လို မိတ်ဆက် ပါ တယ်။ဒေါက် တာနိုင်အောင်ဒေါသပေါက်ကွဲသွားတယ်။ ၀န်ကြီးရဲ့ နာမည်အလွဲ သုံးစား မ လုပ်နဲ့ လို့  ဆို တယ်။ အဲဒီမှာ နိုင်အောင် က သိန်းထွန်းကိုထိုးတယ်။ သူကြာပွတ် နဲ့ အရိုက်ခံရတယ်။ နံပါတ်တုတ်နဲ့ အရိုက်ခံရ တယ်။ သိန်းထွန်းကိုပြစ်ဒဏ်ပေး ဖို့ လိမ်တဲ့ပါးစပ်ကို လျှပ်စစ်ရှော့ရိုက်ဖို့ ဒေါက်တာနိုင်အောင်က အမိန့် ပေး တယ်။ကဲ ညီညီကိုခေါ်ခဲ့ ။ ညီညီငါမင်းပြောမယ့်စ ကားတွေကြားချင်တယ်။အလ္လာကယ်ပါ။ အခုပြောမယ့်စကားတွေ က ကျနော်ရှေ့ ရေးကို ဆုံးဖြတ်မှာ ကျနော် သိနေတယ်။








(88)

It also may bring further accusation because they surely will cont the fled as an indirect confession.Everybody agree on that point and agree to live till the ship sinks.
အာဆိုက်ကတော်တော်အခြေအနေဆိုးနေပြီ။ သူ့ အနာက လောက်တွေတွယ်နေတာ ကျနော်တို မြင်နေ ရတယ်။ သူကကိုထွန်းအောင်ကျော်ဘေးမှာထိုင်တယ်။ ကိုထွန်းအောင်ကျော် ၀ါးစတစ ယူပြီးသူ့ အနာ က လောက်ကို ဖယ်ပေးနေတယ်။ ဒီမှာရှိတဲ့သူအားလုံး ဒဏ်ရာကိုယ်စီနဲ့ ။ ကျနော်က ဗိုက်မှာ လောင်ထား တဲ့ဒဏ်ရာ။ ကိုထွန်းအောင်ကျော်က ဘယ်ဖက်ဒူးခေါင်း။ ကျော်ဝေ ကလက်တဖက်ပဲရှိတော့ တယ်။အောင်ဖြိုး မှာလဲလက်တဖက်ပဲ ကျန်တော့တယ်။ တခါတခါ ၀န်ထမ်းတွေလာပြီး ညီညီကျော်ခေါင်းကို ထပ်ခါထပ်ခါရိုက်နှက်တယ်။
ဇော်ဇော်မင်းကမေးတယ်။ ဘယ်မှာလည်း ဆက်သွယ်ရေးစက်တွေ။တခါတလေ နီးစပ်ရာလူကိုရိုက်သွား တတ်သေး တယ်။ သေနတ်တွေဘယ်မှာလည်း။ အဆိပ်တွေဘယ်မှာလည်း။ ဒီတခါတော့အာဆိုက်နာ လွန်းလို့ အော်တယ်။ သံချောင်းကသူကို တော်တော်ဆိုးဆိုးဝါးဝါးရိုက်တယ်။ချောင်းဆိုး ပြီး ချွဲတွေ သ လိပ်တွေနှာခေါင်းကထွက်လာတယ်။လက်နဲ့ ဖယ်ထုတ်ပြီးရှင်းတော့လက်မှာ ချွဲသလိပ်တွေ ကပ်ပါ လာ တယ်။ ၀ါးချောင်းလေးနဲ့ လက်က ချွဲတွေ ရှင်းဖို့ လုပ်တော့ 
မအေလိုး။ ပြန်စားပစ်စမ်း။မျိုချပစ်။ မငြင်းဆန်ရဲ ပါဘူး။ မျိုချဆိုတော့ ပြန်မျိုချလိုက်ရတာပဲ။


91
ဒီကောင်တွေ့ သွေးဆာနေတုန်းပဲ။ ဒီအဖြစ်အပျက်ပြီးရင် ဘယ်လို ရက်စက်မှုမျိုးလာဦး မလဲကျနော် မသိဘူး။ကျနော်အကောင်းမြင်သမားတယောက်မဟုတ်ပါဘူး။ ဒါပေမယ့် ကြွက်အနံ့ ရတယ်။ တခုခု မကြာခင်ဖြစ်တော့မယ်။

ဒါစိတ်ရောဂါ။ ဒီကောင်တွေသူတို့ ရဲ့  မကောင်းဆိုးဝါးစိတ်ကို သူတို့ မထိန်းသိမ်းနို င် ဘူး။ ကျောင်းသား တပ်မတော်ထောက်လှမ်းရေး နောက်လိုက်တွေက ဒီလိုရက်စက်တဲ့လုပ်ရပ်တွေကို ပူဇော်ပသကြနေတယ်။ ဒီလိုလုပ်တဲ့သူတွေရဲ့ လုပ်ဆောင်ချက်ကိုအားကျနေကြတယ်။ သူကို ကိုးကွယ်နေကြတယ်။ ငယ်တဲ့သူတွေ က ကြီးတဲ့သူတွေကိုအတုခိုးကြတယ်။ သံချောင်းနဲ့ မျိုးဝင်းက အလွန်အကျွံဖြစ်လာတော့ ၀န်ထမ်းတွေ အစောင့်တွေလည်းအလွန်အကျွံဖြစ်လာကြတယ်။ ဒါကူးစက်ရောဂါပဲ။
ဒေါက်တာအောင်နိုင်ကဒီကိစ္စမှာပရိသတ်ပါ။ သူ့ မိတ်ဆွေ အောင်နိုင်ဦးကဖမ်းခံထားရတဲ့ ကျော်နိုင်ဦးကိုလာတွေ့ တော့ ငါမင်းကို ဒီမှာ စစ်တပ်အရာရှိအဖြစ်တွေ့ ရတာတော်တော်အံ့သြတယ်လို့ ပြော တယ်။ ကျော်နိုင်ဦးက ငါလည်းမင်းပါးစပ်ကဒီ စကားမျိုးထွက်လာ တာတော်တော် အံ့သြ တယ်။ ငါအိမ်မှာလပေါင်း များစွာပုန်းသွားပြီး မင်းပါးစပ်က ခုလိုစကားမျိုးထွက်လာတာ ငါလည်းတော်တော်အံ့သြ တယ်။ အောင်နိုင်ဦး ပြန် ထွက်သွားတယ်။ သူဘာကိုဆိုလိုသလဲ ကျနော်သိပ် မသေချာ ပါဘူး။ ဒါပေ မယ့် အေဘီ အက်ဒီအက်ဖ်အဖွဲ့ ဝင် တွေကြားထဲ မှာ အောင်နိုင်ဦး က ကျော်နိုင်ဦးကို အစိုးရသူလျှိုအဖြစ်လက်ခံတယ် ဆိုလို့ သဘောပေါက် သွားကြပါ တယ်။အဲဒီအချိန် ဒီပွဲ မှာ ဒေါက်တာနိုင်အောင်က ကြားနေ။နောက်တော့ သူလည်း သံချောင်း၊ မျိုးဝင်းတို့ ကို အတု ခိုးပါတော့ တယ်။



94

အောင်ဖိုး။မင်းအရူးပဲ။ မင်းတိတ်တိတ်နေရင် ဒီလိုဖြစ်မှာမဟုတ်ဘူး။ ချိုကြီး ငါ အာဆိုက်လို အဖြစ်မခံနိုင် ဘူး။ဒီ ကောင်တွေသွေးဆာနေတာ။ ကျနော် မဟုတ်ပဲတခြားတယောက်ဆို ပြတ်သွားပြီ။ သူ တို့ ကျနော့် ကို သတ်မှာသေ ချာ တယ်။ ဒါကြောင့် ဒါကိုကျနော် လုပ်တာ။ နောက်ထပ် ကျနော့် သူငယ်ချင်း တယောက်ယောက် ကိုယ် လက်အင်္ဂါမဆုံးရှုံးစေချင်ဘူး။ ကျနော်ကကံဆိုးတဲ့သူ။ ကံကောင်းတဲ့သူတွေကို ကျနော်ကယ်ချင်တယ်။ I was an unlucky person and I want to save lucky ones not to be unlucky.
ညီညီကျော်အလှည့်။ ဘယ်မှာလည်း ဆက်သွယ်ရေးစက်နဲ့ သေနတ်တွေ။
အခုငါမပြောနိုင်ဘူး။
ခွေးသား။ဘယ်မှာလည်း။ည်ီညီင်္ကျော်အော်တယ်။ ဒါပေမယ့်နိုးပဲ။
ငါအခုပြောတော့မင်းတို့  ကငါ့ကိုဘာအခွင့်အရေးပေးမှာမို့ လည်း ။ အခုငါပြောရင် မင်းတို့ ငါ့ကို အခုပဲ သတ်မှာ။ ဒါကြောင့် ဗီစီအက်စ်လာမှ ငါဖြေမယ်။
နာတယ်ကွ။ အေးရိုက်ထား။မင်းတို့ လုပ်တာတွေကို ဗီစီအက်စ်အတွင်းရေးမှူးကိုသတင်းပို့ မယ်း။ မင်းတို့ ငါ ကိုသေ နတ်ဘယ်မှာလည်းမေးနေတာမဟုတ်ဘူး။သတ်နေတာ။
ညီညီကျော်ဒီလိုပြောတော့ သန်းဇော်နဲ့ ဇော်ဇော်မင်း သူ့ ကိုရိုက်နှက်တာရပ်သွားတယ်။ ဒါက ဘာနဲ့ တူမလည်းဆိုတော့ အရေးပါတဲ့ သက်သေကို မားဖီးယားက ရဲ စခန်းမှာ သုတ်သင် သလိုဖြစ် သွားနိုင် တယ်။ မျိုးဝင်းရဲ့ ဒေါသကိုတော့သူတို့ ကြောက်ရတယ်။
အေး။ကောင်းပြီ။မင်းဒဏ်ရာတွေကိုကုဖို့ လုပ်။

96
ထမင်းစားတော့ ကျနော်တို့ လေးယောက်တစုပါ။ ထွန်းအောင်ကျော်ဟိုဝိုင်းဝင်ဒီဝိုင်းဝင်နဲ့ နောက်ဆုံး ကျနော်တို့ နဲ့  ထိုင်ပါတယ်။ ကျနော်တို့ အဖွဲ့ က ထွန်းအောင်ကျော်၊၀ဏဇော်၊ကျနော်။ တ၀ိုင်းမှာသုံးယောက် ပဲရှိတာ ကျနော်တို့ အစုတစုထဲပါ။
ထမင်းစစားတော့ ကိုထွန်းအောင်ကျော် ကခေါင်းငုံ့ ပြီးစားချင်ယောင်ဆောင်ပါတယ်။သူကျနော့်ကိုပြော တယ်။
ဟေးညီညီ။ ချိုကြီးနဲ့ ငါကတော့မကြာ ခင်အသတ်ခံရတော့မယ်။
ဟာဗျာ။ ဒါမဖြစ်နိုင်တာပဲ။ ချိုကြီးတော့ထားတော့။ ဒါပေမယ့် ခင်ဗျားက မြို့  က ကျောင်းသားတွေကြား မှာ လူသိများတဲ့ကျောင်းသားခေါင်းဆောင်တယောက်ပဲ။ မသတ်လောက်ပါဘူး။
ကျေးဇူးပြုပြီးတော့ ငါ့စိတ်သက်သာရာရအောင် မပြောပါနဲ့ ကွာ။အခြေအနေကိုငါသိတယ်။ ငါ့မှာအချိန်နည်း နည်း ပဲရှိတော့တယ်။ နားထောင်။မင်းဘာမှပြန်မပြောနဲ့ ။ သူတို့ စ ကားအရ မင်းကိုတော့သတ်မှာမဟုတ် ဘူး။ မင်းဒီရာဇ၀တ်မှုကိုဖော်ထုတ်ပေးပါ။ I also want our name to be dignified back.
လုပ်မယ်လို ငါ့ကိုကတိပေးပါကွာ။
ခင်ဗျားဟာမန္တလေးမှာတယောက်ထည်းမဟုတ်ပါဘူးဗျာ။You are not the lone wolf from Mandalay.
သူတို့ ခင်ဗျားကိုဒီလိုပုံစံနဲ့ သေးသိမ်အောင်လုပ်လို့ မရပါဘူး။ ဒါပေမယ့်ကျနော်ကတိပေးတယ်။ ကျနော် ဒီကောင်တွေကိုလက်စားချေမယ်။ But I promise to revenge them and save your names back.
ငါရဲဘော်လေးတွေကိုလည်းမင်းတာဝန်ယူစေချင်တယ်။
စိတ်ချပါကိုထွန်းအောင်ကျော်။စိတ်ချပါ။
သူကြည့်ရတာစကားပြောတာနဲ့ တောင်မောနေတယ်။ ငါဘာလုပ်နိုင်လဲ။ ငါဘာလုပ်သင့်သလဲ။
ဝဏဇော် ကျနော်တို့ စကားတွေကို ဆိတ်ဆိတ်ပဲနားထောင်နေတယ်။
နောက်ဆုံး ကိုထွန်းအောင်ကျော်က ကျနော်သူ့ ကို အကြံပေးခဲ့တာတွေကို နားမထောင်ခဲ့မိတာတောင်း ပန် တယ်။
ညီညီ နောက်တခုက ကျောင်းသားတပ်မတော်ကို တနည်းနည်းနဲ့ Nyi Nyi, next thing is try your best to dismantle ABSDF by any means.သူတို့ ဟာ အစိုးရစစ်တပ်ထက်ပိုဆိုးလာလိမ့်မယ်။ ကျနော်ဒါမျိုးဘယ်လိုလုပ်နိုင်မှာလည်း။If there is a revolt, you can.



THE STORY

ကိုထွန်းအောင်ကျော်၊ချိုကြီး၊ကျော်ဝေနဲ့ ဇော်ထွန်းဟာဖေဖော်ဝါလရဲ့ လေအေးအောက်မှာ ခိုက်ခိုက် တုန်နေ ပါတယ်။ ဒီဒေသ အပူချိန်က သုညအောက်အထိညအချိန်ဆိုအေးတယ်။ ဒီလေးယောက်မှာ ဘာ အနွေး ထည်မှဝတ်မထားဘူး။ တကယ်တမ်းပြောရရင် ဒီလေးယောက်သင့်တင့်လျောက်ပတ်တဲ့  တဲ့အ၀တ် အစား တယောက်မှမရှိဘူး။ တယောက်မှ ရှူးတို့ ဘွတ်ဖိနပ်တို့ စီးမထားဘူး။ သူ တို့ ညှပ်ဖိနပ် အစုတ်တွေ နဲ့ ပဲ။ သံချောင်း၊မျိုးဝင်းနဲ့ အဖွဲ့ ကတော့ လိုအပ်တာအပြည့်အစုံ။လိုတာထက်တောင်ပိုနေတယ်။ ၀ါးရင်း တုတ်တွေ၊ သေနတ်တွေ၊ဓားမြှောင်တွေ နဲ့ ..
They have solid bamboo sticks, hand guns, autos, daggers and everything.
ကဲ။ မင်းကအကြီးဆုံး။ဆိုတော့ မင်းတာဝန်ယူရမယ်။ဘယ်မှာလည်းအဆိပ်တွေ။ ဆက်သွယ်ရေးစက်တွေ။ လက်နက်တွေ။အဲဒီအချိန် အုန်းခိုင်ကို လက်နှစ်ဖက်ကြိုးချဉ်ပြီး ခေါ်လာတယ်။ သေနတ်ပြောင်းနဲ့ တေ့ထား တယ်။ အုန်းခိုင် ကဇဝေါဇ၀ါ အခြေအနေကို နားမလည်နိုင်ဘူး။

မျိုးဝင်း။ ။ကဲ အခုအုန်းခိုင်ဒီမှာ။ ဘယ်မှာလည်း စက်တွေ။ဟေ့ချိုကြီး။ငါမေးနေတယ်။
အုန်းခိုင်။ ။ဘာလဲ။vcsကျနော်ဘာမှမသိပါဘူး။ ချိုကြီး ။မင်းပြသနာမင်းရှင်းပါ။ ငါဒီကိစ္စနဲ့ ဘာမှ မဆိုင်ဘူး။ ပြသနာထဲငါ့ကိုဆွဲမထည့်ပါနဲ့ ။
ချိုကြီး။ ။ ကိုထွန်းအောင်ကျော်။ခင်ဗျားက ခေါင်းဆောင်ပါ။ ခင်ဗျားပြသနာကိုယ်ဘာသာရှင်းပါ။
ငါတို့ နာ လှပြီ။ ဒီလောက်ဆိုတော်ပါတော့။လုံလောက်ပါပြီ။ နာလွန်းလို့ ငါတို့ ဒါတွေလျှောက်ပြောတာ တခြားလူငယ်တွေဒုက္ခရောက်ကုန်ပြီ။ငါ့စကားကြောင့်ဘယ်သူ့ ကိုမှဒုက္ခမရောက်စေချင်ဘူး။တကယ်လို့ ဒီဒုစရိုက်မှုကိုမင်းတို့ တသက်လုံးဖုန်းထားလို့  ရမယ်ထင်ရင်ငါ တို့ ကိုသတ်လိုက်။
ချိုကြီးရဲ့ စကားဆုံးတာနဲ့  မျိုးဝင်းနဲ့ သံချောင်းဒေါသ အမျက်ချောင်းချောင်းထွက်ပြီး ဖမ်းဆီးခံထားရ တဲ့သူတွေ ကို ၀ါးတုတ်နဲ့ ရိုက်နှက်ပါတော့တယ်။
နေဦး။နေကြဦး။ ထွန်းအောင်ကျော်။ မင်းညီပြောတာက မင်းကခေါင်းဆောင်။ အဲဒီတော့ ငါတို့ ကြားချင် တာ လေး တွေ မင်းငါတို့ ကိုပြောစမ်း။
သေဖို့ အသင့်ပြင်ဆင်ပြီးသွားတဲ့ပုံ ။တည်ငြိမ်တဲ့အမူအယာ။တည်ငြိမ်တဲ့လေသံနဲ့  ကိုထွန်းအောင်ကျော် စကားစပြော ပါတယ်။
မျိုးဝင်း။ သေချာတာက မင်းတို့ ငါတို့ ကိုသတ်ချင်နေတာပဲ။ သတ်လိုက်ပါ။ ဒါပေမယ့် ကျန်တဲ့သူတွေ ကိုတော့ပြန်လွှတ်လိုက်ပါ။ တော်လှန်ရေးကိုဆက်လက်သယ်ဆောင်သွားပါ။ တော်လှန်ရေးကို သေးသိမ်အောင်မလုပ်နဲ့ ။
ချိုကြီး
ဒီကောင်တွေကိုခပ်ပျော့ပျော့ပြောမနေနဲ့ ။ ဘယ်သူမှနှစ်ခါမသေဘူးကွ။အေး။သံချောင်း။မျိုးဝင်း မင်းတို့  ၂ ယောက်လည်းနောက်ဆုံးတယောက်ကိုတယောက်သတ်ကြဦးမှာပဲ။ခွေးမသားတွေ။

မလုပ်နဲ့ ။မလုပ်နဲ့ ဦး မျိုးဝင်း။ သူ့ ကိုအခုမသတ်နဲ့ ဦး။ငါတို့ နေ့ ရောက်တဲ့အထိစောင့်ဦး။
ဒီလိုဆို ငါတယောက်တော့သတ်မယ်။ ဇော်ထွန်းကို တွင်းဝကိုတရွတ်တိုက်ဆွဲလာပြီး ခေါင်းဖြတ်တဲ့ပုံစံမှာ ထား လိုက်ပါတယ်။
မအေလိုးတွေ။မင်းတို့ ငါတို့ အားလုံးသူလျှိုမဟုတ်ဘူးဆိုတာသိတယ်။ ငါတို့ ဟာတော်လှန်ရေးသမား စစ်စစ်တွေကွ။မင်းတို့ တွေ…….
ကျော်ဝေစကားကိုမဆက်နိုင်ပါဘူး။ မျိုးဝင်းရှေ့ ကိုတချက်တိုးလာပြီး ကျော်ဝေခေါင်းကိုဖြတ်ချလိုက်ပါတယ်။ခေါင်းကပြတ်ပြီး တလိမ့်တ လိမ့်။နွားတကောင်ကို သားသတ်သလိုပါပဲ။ ကျန်ခဲ့တဲ့ခန္ဒကိုယ်က မြေပေါ်လဲကျပြီး သွေးတွေက လည်ချောင်း ကပန်းထွက်လာတယ်။နဂိုကမျက်လုံးပြူးတဲ့ ကျော်ဝေ မျက်လုံးတွေ။ခုပိုပြူးလာပုံရပြီး မျိုးဝင်း နဲ့ သံချောင်းကို စိုက်ကြည့်နေသလို။
ဇော်ထွန်းကို သူတို့ လုံးဝမေ့နေကြပါတယ်။ ဇော်ထွန်းက တွင်းဝကနေ နောက်ဆုတ်နောက်ဆုတ်ရွှေ့  လိုက်ပါတယ်။ပထမဆုံးစလှုပ်ရှားသူတွေကတော့ ကျောင်းသားထောက်လှမ်းရေးတွေပါ။
သူတို့ အ သက်မရှိတော့တဲ့ ခန္ဒာကိုယ်ကြီးကို ခြေထောက်ကနေဆွဲ တွင်းထဲပစ်ချလိုက်ကြတယ်။ မျိုးဝင်းက ခုမှအသက်ပြန၀င်လာပြီး ခေါင်းပြတ်ကို ဘောလုံးလိုကန်ပြီးတွင်းထဲ ကန်ချတယ်။ လူတိုင်းတိတ်ဆိတ်။ သံချောင်းကတိတ်ဆိတ်မှုကိုမေးခွန်းမေးပြီးစဖြိုခွဲလိုက်တယ်။
ကဲ။ချိုကြီး။မင်းအခုဘာပြောချင်သေးလဲ။
အဲဒီမေးခွန်းကိုမင်းငါ့လို ကံကြမ္မာကြုံလာရင်ပြောဖို့  မျိုးဝင်းအတွက်သိမ်းထားလိုက်
သံချောင်းကဘာမှ မပြောနိုင်ခင်မှာပဲ မျိုးဝင်းကသူ့ ဒေါသတွေကိုထုတ်ပြပါတော့တယ်။
မင်းလက်ရှေ့ ထုတ်လိုက်စမ်း။
မင်းလက်ရှေ့ ထုတ်လိုက်စမ်း။
ချိုကြီးကဒီအမိန့် က ဂရုမစိုက်ဘူး။ အစောင့်တွေရိုက်နှက်ထားတာလည်းမွနေပြီ။
ငါအမိန့် ပေးနေတယ်။ ခုမင်းလက်ရှေ့ ဆန့် လိုက်စမ်း။
ချိုကြီး သူ့ ဘယ်ဖက်လက်ရှေ့ ဆန့် ထုတ်လိုက်တော့  မျိုးဝင်းက သူ့ ဓားနဲ့  လက်ကောက်ဝတ်က ခုတ်ဖြတ် လိုက်ပါတယ်။ ပြီးတော့ လက်ပြတ်ကို ဓားဦးနဲ့ ထိုးပြီး မြှောက်လိုက်တယ်။
ထွန်းအောင်ကျော် ကိုက်ထားစမ်း။ အဲဒီသွေးတွေမျိုချ။ အေး။ ငါလိုး။ ထွေးမထုတ် နဲ့ ။ ထွေးထုတ်ပစ်တာနဲ့  မင်းဇက်အပြတ်ပဲ။ ကဲ။အကုန် ထောင်ထဲပြန်ပို့ လိုက်။ ချိုကြီးကိုဆေးခန်းပို့ လိုက်။ ငါသူ့ ကို သွေး လွန်ပြီးမသေစေချင်သေးဘူး။ အကုန်လုံးကိုခေါင်းဖြတ်သတ်ပစ်ဖို့ ဆန္ဒရှိတယ်။
သွားကြ။


........................................................................................................

စာရေးသူက စာအုပ်ထုတ်ဝေချင်ပါတယ်တဲ့။သူကသူ့ စာအုပ်ထဲက ဟိုတဖြတ်ဒီတဖြတ် ဖြတ်ပြီး တင်ပြထားတာပါ။ မူရင်းကအင်္ဂလိပ်လိုပဲရေးထားပါတယ်။ စာရေးသူကို ဗမာလို ရေးပေးပါလို့ တောင်းဆိုချင်ပါတယ်။ အင်္ဂလိပ်စာထော့ကျိုးနဲ့  ဒီစာတွေကို ဘာသာပြန်ပါတယ်။ တကယ်တော့ တော်လှန်ရေးကြီးထဲမှာ အင်္ဂလိပ်စာကောင်းသူများ ဒုနဲ့ ဒေးပါ။ ဒီမှတ်တမ်းကိုဖတ်လို့ ရအောင်ပြန်ပေးပါလို့  ပြောချင်ပါတယ်။ ဒီစာအုပ်ကိုလည်း သက်ဆိုင်သူများထုတ်ဝေဖို့ ကြိုးစားကြပါခင်ဗျား။အကျဉ်းထောင်ထဲကနှိပ်စက်ညှင်းပန်းမှုတွေအကြောင်း စာအုပ်တွေ ပလူပျံအောင်ထွက်နေချိန်မှာ ကျောင်းသားခေါင်းဆောင်ကိုထွန်းအောင်ကျော်တို့ အကျဉ်းထောင်ထဲနှိပ်စက်ညှင်းပန်းခံ ရတာတွေဟာစာအုပ်တအုပ်အဖြစ်နဲ့ ထွက်လာသင့်တယ်လို့ ယူဆပါတယ် ။
သူတို့ ဟာနိုင်ငံရေးအကျဉ်းသားတွေဖြစ်တာမို့  အေအေပီပီဘီက တာဝန်ခံပြီးထုတ်ဝေပေးနိုင် ရင်ကောင်းမှာပါ။
ဒါမှမဟုတ်ရင်လည်း ကျောင်းသားတပ်မတော်က လက်ရှိတာဝန်ယူနေတဲ့သူတွေက ဒီဖြစ်ရပ်တွေကို မှတ်တမ်း စာအုပ်တအုပ်ထုတ်ဝေနိုင်ရင်ကောင်းမှာပါ။
မြန်မာပြည်ဒီမိုကရေစီရေးအတွက် ဒီလောက်ပက်ပက်စက်စက် စတေးခံခဲ့ရသူတွေအတွက် ကျနော်တို့ တတ်နိုင်သလောက်တခုခုမှတော့လုပ်သင့်ကြပါတယ်။
အောက်ကစာက
ဒီစာအုပ်ကိုရေးတဲ့သူရဲ့ စကားပါ။
Dear other bloggers, editors and publishers,

I hope some of you could remember the following true story occurred during 1990/1995 at the ABSDF, upper Burma student rebel camp, in the Burma’s Kachin State, near the China border. There were some 40 anti-government activists, unjustly tortured and sadly killed by fellow activists. I was one of them and this could be called as the memoirs of a student revolutionary.

Please kindly read to taste some selected pages of my chronicle and if you wish to publish this teaser, please feel free to do so.

I would like to discuss the future publisher who would be interested to publish the full book. I wrote it into a story form rather than as a plain diary to attract the reader’s attention and for easier and pleasurable reading. By SMAR
Myanmar Daily Mail

8 comments:

ကဲနယ်စပ်မှာရှိတဲ့ AAPP ရေပြည်တွင်းကနိုင်ငံရေးအကျဉ်းသားအ
ကြောင်းတွေစနစ်တကျပြုစုပြီးနိုင်ငံတကာမှာဒေါ်လာတောင်းစားမယ့်အစားနယ်စပ်ဒေသမှာတော်လှန်ရေးအတွက်မတရားအသတ်ခံရတဲ့အကြောင်းလေးတွေကိုလည်းစာအုပ်လေးအဖြစ်ထုပ်ဝေပေးရင်တော်လှန်ရေးအတွက်တော်တော်လေးအကျိုးရှိမှာပါ.

ဟုတ်ပါတယ်ဗျာ။ဆိုးပါ့ဗျာ။ကျောင်းသားတဲ့တပ်မတော်တဲ့။ဒီမိုကရေစီမရရင်နေ။ဒီလိုကျောင်းသားတွေတပ်မတော်တွေတော့ရွံလှပါတယ်ဗျာ။

အလှူငွေထဲ့မှအပြည့်အစုံရေးပေးမယ်ဆိုတဲသဘောလား ..?
အမှန်အကန်ဇာတ်လမ်းကို အများသိစေချင်တာလား
ဒေါ်လာစားချင်တာလား .....
ပြတ်ပြတ်သားသားရေးချင်ရင် အင်္ဂလိပ်လိုမရေးပါနဲ့  ...
ကျွန်တော်တို့ မသိဘူး ..အားလုးံမြန်မာလိုဘဲရေးပေးပါ
နောက်ပြီးကိုရီးယားဇာတ်ကားလို ပြတ်တောင်းပြတ်တောင်းမရေးပါနဲ့ 
အဖြစ်မှန်ကို အမှန်အတိုင်းရေးပေးပါ..

ဝေစားမျှစားတွေပါဘဲ ..အဝေမတဲ့မှ အကုန်ပေါ်တာပါ
အရင်ကဘာလို့ ဒါတွေမပြောတာလဲ့  ..
အရက်မှူးမှ ကျွဲခိုးပေါ်တာပါ ..ချီးထုတ်တွေပါဘဲ

ပြောလိုက်မယ်ဗျာ ..တောထဲရက်ရက်ရက်စက်စက်အသတ်ခံရတယ်ဆိုသူတွေထက်..
စက်ဆန်းမီးလောက်မှုမှာအသက်စွန့် သွားတဲ့ မီးသတ်ရဲဘော်တွေကို ဂုဏ်ပြုလိုက်မယ် ...အဝေမတဲ့လို့ စားခွက်လုတဲ့သူတွေအတွက်တော့ ခံစားပေးလို့ ရမယ် ...ဂုဏ်ပြုရမဲ့ စာရင်းထဲ့တော့မပါဘူး ...ရှင်းရှင်းပြောတာ

အမေရိကန်/အင်္ဂလန်/သြစတီးယား ..စည်းစိမ်ယစ်တဲ့နိုင်ငံတွေမှာနေပြီး
မြန်မာပြည်ကြီးကောင်းစားရေးဆိုပြီးပြောမနေကြပါနဲ့  ..ဒေါ်လာစားတွေရယ်..တကယ်နိုင်ငံကောင်းစားရေးလုပ်ချင်ရင် ရန်ကုန်ကိုပြန်လိုက်ကြပါ ..အခုမြန်မာပြည်မှာ မှန်တာပြော..တကယ်လုပ်..တကယ်ဖြစ်နေပါပြီ ..ပြောင်းလဲမှုတွေအများကြီးဖြစ်နေပါပြီ..အတွေးတွေအစွန်းရောက်ပါနဲ့ 
ဒေါ်လာစားတွေ ..ရလို့ စားနေရရင် ငြိမ့်ငြိမ့်စားပါ ..
အာမချောင်ပါနဲ့ ....မင်းရောမြန်မာပြည်အတွက်ဘာတွေလုပ်ပေးပြီးလို့ လဲ .... မင်းမလုပ်နိုင်တဲ့ အရာတွေကိုမြန်မာပြည်တွင်းရှိသူတွေနဲ့ လက်ရှိအစိုးရ ပူးတွဲလုပ်ဆောင်နေတာတွေကိုအပြစ်မမြင်ပါနဲ့ 
ကောင်းတဲ့ရှူထောင့်ကကြည့်ပါ ..အမြင်ကြည်ကြည်ထားပါ

(ဥက္ကဌအသစ် အောင်နိုင်က

လူတယောက်ယောက်ကိုပဲမှားယွင်းဖမ်းခဲ့ရင်ဖြစ်ဖြစ်၊မှားယွင်းပြီးတယောက်ယောက်ကို သတ်ခဲ့ရင်ပဲဖြစ်ဖြစ် ငါတို့ အားလုံးကိုယ့် ဆန္ဒနဲ့ ကိုယ့်ဘာသာကြိုးစင်ပေါ်တက်သွားမယ် တဲ့ ။)

တောင်ပိုင်း မိုးသီးဇွန် ဦးဆောင်တဲ့ ဗဟိုကော်မတီက ဒုဥကဌတာဝန်ယူခဲ့ဘူးတဲ့ အောင်သူငြိမ်း ကလဲ ဌေးနိုင် ကိုဖမ်းဆီးစဉ်က ဒီလိုမျိုးစကားပြောခဲ့ဘူးတာ မှတ်မိနေပါတယ်။“ ဌေးနိုင်ဟာ တကယ့်ရန်သူလူမဟုတ်ခဲ့ဘူးဆိုရင် သူ့ကိုကြိုက်သလို အရေးပြန်ယူနိုင်ပါတယ်။“ တဲ့ဗျာ - နောက်ဆုံးတော့ ဌေးနိုင်တယောက် စစ်ကြောရေးဒါဏ်တွေခံစားလိုက်ရပြီး အသတ်ခံလိုက်ရပါတော့တယ်။ အားလုံးဆင်ခြင် စဉ်းစားနိုင်ကြရအောင်လို့ - အကြောင်းတွေလဲတိုက်ဆိုင်လာလို့ ရေးလိုက်တာပါ။ အမှန်တရားမြတ်နိုးသူတိုင်း အဖြစ်မှန်တွေကို ဖေါ်ထုတ်နိုင်ကြပါစေ။

အမေရိကန်စစ်ပြန်ကားတွေလို ဒီတောခိုတဲ့ အဖြစ်အပျက်တွေကို အသေးစိတ်ရုပ်ရှင်ပြန်ရိုက်နိုင်မယ်ဆိုရင် ပြည်သူလူထုအတွက် အများကြီး အသိပညာတွေတိုးလာမယ်လို့ထင်တယ်ဗျာ..

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်