Subscribe to our RSS Feed

ကွန်ပျူတာ တက္ကသိုလ် (သထုံ) ဖွင့်လှစ်


သထုံ၊ ဒီဇင်ဘာ ၅
ကွန်ပျူတာ တက္ကသိုလ် (သထုံ)ကို ဒီဇင်ဘာ ၅ ရက်က သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့် တက် ရောက် ဖွင့်လှစ်ပေးခဲ့သည်။
ကွန်ပျူတာ တက္ကသိုလ် (သထုံ) မှာ ကွန်ပျူတာ တက္ကသိုလ် (မော်လမြိုင်)ကို ပြောင်းရွှေ့ ဖွင့်လှစ်ခြင်း ဖြစ်ပြီး သထုံမြို့နှင့် ၂ မိုင် ၄ ဖာလုံ ကွာဝေးသော ဂေါ့ကျေးရွာ၊ ဝန္ဒာမိတောင်ခြေတွင် ၂ဝဝ၆ ခုနှစ် မေလ ၃၁ ရက်၌ စတင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။ "မြို့ပြနဲ့ ကျေးလက် ဖွံ့ဖြိုး တိုးတက်မှု မကွာဟစေချင်လို့ အခုလို ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့တာပါ" ဟု ၄င်း က ပြောသည်။ ဂေါ့ကျေးရွာသူ တစ်ဦးက ၄င်း တို့၏ ရွာတွင် တက္ကသိုလ် ဖွင့်လှစ်လိုက်သည့် အတွက် ဘော်ဒါဆောင် နှင့် စားသောက်ဆိုင်များ လာရောက် ဖွင့်လှစ်ကြကြောင်း၊ ထို့ကြောင့် ရွာရှိ ခြံဈေးနှုန်း မှာ မြင့်တက် သွားကြောင်း ပြောသည်။ ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး၊ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့ကြပြီး ကျောင်းခန်းမ ဆောင် ဖွင့်ပွဲ အခမ်းအနား ဆက်လက် ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့က အဖွင့် အမှာစကား ပြောကြားကြသည်။

ထူးထူး(မော်လမြိုင်)

Popular News

2 comments:

ဒီဆိုဒ်က ဘာ font သုံးတာလည်း သိချင်ပါတယ်..စာလုံးတွေဖတ်မရလို့..ဖတ်ချင်ရင် သူများစက်ကနေ ဖတ်ရတယ်..ဘာ font မရှိတာလည်း မသိလို့ပါ

zawgyi-one code ပါပဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်