Subscribe to our RSS Feed

မဲခေါင်ဒေသခွဲနိုင်ငံများ စာချွန်လွှာသုံးခု လက်မှတ်ရေးထိုး


နေပြည်တော်တွင် ပြုလုပ်လျက်ရှိသော မဟာမဲခေါင်ဒေသခွဲနိုင်ငံများ ထိပ်သီးအစည်းအဝေးတွင် စာချွန်လွှာသုံးခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း အစည်းအဝေးတက်ရောက်သူများထံမှ သိရသည်။ ဒီဇင်ဘာ ၂၀ ရက်တွင် ကျင်းပသော ဒုတိယနေ့ အစည်းအဝေးတွင် ဒေသတွင်း နိုင်ငံများအကြား သတင်းအချက်အလက် လမ်းမကြီး တည်ဆောက်ရေး၊ ရွှေ့ပြောင်းသွားလာ နေထိုင်သူများတွင် HIV ကူးစက်မှုလျှော့ချရေး နားလည်မှု စာချွန်လွှာနှင့် ဒေသတွင်းနိုင်ငံများအတွင်း လူနှင့်ကုန်စည်များ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး သဘာတူစာချုပ်တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ ထိုသို့ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းကြောင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးနှင့် ရွှေ့ပြောင်းသွားလာ နေထိုင်သူများကြား HIV ကူးစက်မှု လျှော့ချရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သံတမန်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက သုံးသပ်သည်။ ထို့အပြင် အကောက်ခွန်နှင့် သက်ဆိုင်သည့် နောက်ဆက်တွဲ စာချုပ်ငယ် ခြောက်ခုကို မြန်မာနိုင်ငံမှ လက်ခံကျင့်သုံးကြောင်း တရားဝင်စာလွှာကို ဂျီအက်အက်စ်နိုင်ငံများနှင့် အာရှဖွံ့ဖြိုးရေးဘဏ်သို့ ပေးပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ သမ္မတက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ကြောင်းသိရပါတယ်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်