Subscribe to our RSS Feed

အစိုးရနှင့် KNU အပစ်အခတ်ရပ်စဲရေး ဘားအံတွင် လက်မှတ်ထိုးရန် သဘောတူ


ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က ထိုင်းနိုင်ငံတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မွန်ပြည်သစ်ပါတီတို့နှင့် တွေ့ဆုံခဲ့ပြီး လာမည့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့၌ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် ကရင်အမျိုးသားအစည်းအရုံးနှင့် ပဏာမ သဘောတူညီထားကြောင်း ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သူ ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦးက ပြောပြခဲ့သည်။ “မနေ့က (ဒီဇင်ဘာ ၂၁ရက်နေ့) ကရင်အမျိုးသားအစည်းအရုံးနဲ့ တွေ့ဆုံဆွေးနွေးတယ်။ ဆွေးနွေးပွဲက အပြုသဘော ဆောင်တယ်။ KNU ဘက်ကလည်း ငြိမ်းချမ်းရေးလိုချင်တဲ့ ပြင်းပြတဲ့ ဆန္ဒရှိတာကို တွေ့ရတယ်။ လောလောဆယ် အကြမ်းဖျင်း သဘောတူထားချက်က လာမည့်နှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ ပဏာမသဘောတူထားတယ်” ဟု ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွင် လိုက်ပါသွားသူ ငြိမ်းချမ်းရေးအကျိုးဆောင် တစ်ဦးက ရှင်းပြသည်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဖော်ဆောင်ရာတွင် အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပထမအဆင့်တွင် အပစ်အခတ် ရပ်စဲရန်၊ ဆက်ဆံရေးရုံးများ ထားရှိရန်၊ လက်နက်မပါဘဲ နယ်မြေကျော်ဖြတ် ခရီးသွားလာခွင့်ပြုရန်၊ ဒုတိယအဆင့် ဆွေးနွေးပွဲ ပြုလုပ်မည့်နေရာ၊ အချိန်များ သတ်မှတ်ရန်ဆိုသော အချက်များ ပါဝင်ပြီး ဒုတိယအဆင့်တွင် တစ်ဖက်နှင့် တစ်ဖက် ယုံကြည်မှု တည်ဆောက်ပြီးချိန်ဖြစ်ရန်၊ နိုင်ငံရေးအရ ဆွေးနွေးကြရန်၊ တန်းတူညီတူ အခွင့်အရေးရရန်၊ နယ်မြေဒေသဖွံ့ဖြိုးရေးကိစ္စ ဆောင်ရွက်ရန်(ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးအောင် ဆောင်ရွက်ရန်) တို့ပါဝင်ကြောင်း၊ တတိယအဆင့်တွင် နေပြည်တော်ရှီ ပြည်သူ့ကိုယ်စားပြု လွှတ်တော်နှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ လူထုလူတန်းစားအသီးသီးမှ ကိုယ်စားလှယ်များ ရှေ့မှောက်တွင် ထာဝရငြိမ်းချမ်းရေး ဆွေးနွေးပြီး လက်မှတ်ရေးထိုးကြမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်