Subscribe to our RSS Feed

ဓာတ်ငွေ့ထုတ်လုပ်မှုအများဆုံးနိုင်ငံ ၂၀၀ ကျော်တွင် မြန်မာက နံပါတ် ၃၆ နေရာတွင် ရှိနေ


ဓာတ်ငွေ့ထုတ်လုပ်မှုအများဆုံး နိုင်ငံတွေထဲမှာ မြန်မာက ၃၆ နေရာမှာရှိနေတယ်လို့ သိရတယ်။ ဒီဇင်ဘာလဆန်းပိုင်းက တောင်အာဖရိက နိုင်ငံဒါဘင်မြို့မှာကျင်းပတဲ့ ၁၇ ကြိမ်မြောက် ရာသီဥတုပြောင်းလဲခြင်း မူဝါဒများချမှတ်ရေးဆိုင်ရာဆွေးနွေးပွဲမှာ သတင်းထုတ်ပြန် ကြေညာချက်အရ ဓာတ်ငွေ့ထုတ်လုပ်မှု အများဆုံးနိုင်ငံတွေကို စဉ်လိုက်ရာ မြန်မာနိုင်ငံက နိုင်ငံပေါင်း ၂၀၀ ကျော်ထဲမှာ နံပါတ် ၃၆ နေရာရောက်နေတယ်လို့ အဲသည်ပွဲကို သွားရောက်လေ့လာခဲ့တဲ့ မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်ထံက သိရပါတယ်။ တရုတ်က ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်မှု အများဆုံးနိုင်ငံတွေထဲမှာ နံပါတ် တစ်နေရာရှိပြီး အိန္ဒိယနိုင်ငံကတော့ နံပါတ် ၁၀ အတွင်းမှာ ရှိနေတယ်လို့ သိရတယ်။ တရုတ်နိုင်ငံကတော့ ဓာတ်ငွေ့ထုတ်လုပ်မှုလျှော့ချဖို့အတွက် ကျိုတိုပရိုတိုကောကို ၂၀၂၀ ကစပြီး စတင်လိုက်နာကျင့်သုံးမယ်လို့ ကြေညာခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်