Subscribe to our RSS Feed

အမေရိကန်နိုင်ငံတွင် လေယာဉ်ပျက်ကျ






အမေရိကန်နိုင်ငံ အိုဟိုင်းရိုးပြည်နယ်တွင် ဒီဇင်ဘာ ၂၄ ရက်က လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်ရပ်သည်ကိုလမ်ဘတ်စ်မြို့ အရှေ့မြောက်ပိုင်း မိုင် ၅၀ ခန့်အကွာ ဗင်တန်ခရိုင်လေဆိပ်အနီးတွင် ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ခရီးသည်နှစ်ဦးသေဆုံးခဲ့ကြောင်း၊ လေယာဉ်မှူးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူရန်အတွက် ၄င်းအား ကိုလမ်ဘတ်စ်ရှိ ဆေးကုသရေးစင်တာသို့ ပို့ဆောင်ပေးခဲ့ရသည်။ သေဆုံးသူများသည် မည်သူမည်ဝါဖြစ်ကြောင်း ထုန်ပြန်ခြင်းမရှိသေးသော်လည်း အာဏာပိုင်များက အဆိုပါဖြစ်ရပ်ဖြစ်ပွားရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ (ဆင်ဟွာ)


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်