Subscribe to our RSS Feed

မြန်မာလူထု၏ ယုံကြည်ကိုးကွယ် ဖူးမြော်ကြည်ညိုမှုတို့အား တရုတ်ဘုန်းတော်ကြီးများက အံ့အားသင့်

မြန်မာနိုင်ငံတွင် ကြွချီပူဇော်ခံလျက်ရှိသော ဗုဒ္ဒမြတ်စွယ်တော်ကို မြန်မာနိုင်ငံသားများ မည်မျှအထိ ရိုသေကိုးကွယ်ယုံကြည် ကြသည်ကို CCTVက လာရောက်၍ မှတ်တမ်းရိုက်ကူးကာ ကမ္ဘာတစ်လွှား ထုတ်လွှင့်ပြသသွားရန်နှင့် တရုတ်နိုင်ငံက ပြည်သူများ ပိုမိုစိတ်ဝင်စားရေးအတွက် ပြသရန်ရှိကြောင်း သာသနာရေးဝန်ကြီးဌာနမှ ၃ဝ-၁၁-၂ဝ၁၁ ရက်ကသိရသည်။ တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုတ်မြင့်မား လာသော်လည်း ဘာသာရေးဆိုင်ရာ ကိုင်းရှိုင်းမှုတွင် ပိုမိုတိုးတက်ရန် လိုလားလျက်ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံအစိုးရက ဗုဒ္ဒဘာသာကို အလေးအနက်ထားလိုတယ်။ ပြီးတော့ သူတို့နိုင်ငံသားတွေရဲ့ ဘာသာရေး သက်ဝင်ယုံကြည်မှုကို မြှင့်တင်ချင်တယ်။ ဒါကြောင့် တရုတ်နိုင်ငံရဲ့ အင်အားကြီးနိုင်ငံပိုင် မီဒီယာဖြစ်တဲ့ CCTVကနေ ကမ္ဘာတစ်လွှားထုတ်လွှင့် သွားမည်။ ပြီးရင် တရုတ်နိုင်ငံကိုလည်း ပြသပြီး ဗုဒ္ဒရဲ့ အဆုံးအမကိုခံယူကြဖို့ ရည်ရွယ်ကြတယ်။ အခု CCTVကလူတွေ ပါလာခဲ့ကြပါတယ် ဟုသာသနာရေးဝန်ကြီးဌာန သာသနာတော်တိုးတက် ပြန့်ပွားရေးဌာန ဦးဆောင်ညွှန်ကြားရေး မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဗုဒ္ဒမြတ်စွယ်တော်ကို မြန်မာလူထု၏ ယုံကြည်ကိုးကွယ် ဖူးမြော်ကြည်ညိုမှုတို့အား တရုတ်ဘုန်းတော်ကြီးများက အံ့အားသင့်စွာ မြင်တွေ့ခဲ့ရကြောင်းလည်း ပြောကြားသည်။


Myanmar Daily Mail မှ ကူးယူဖော်ပြပါကြောင်း

4 comments:

အသက်ရှင်လျှက်ရှိသော ဗုဒ္ဓဘာသာဝင် လူသားအားလုံးအတွက် ကိုးကွယ်စရာသည် ဗုဒ္ဓ၏ ဓာတ်တော်များသာဖြစ်သည်

သက်တော်ထင်ရှား မြတ်ဘုရားကိုဖြစ်စေ သက်တော်ထင်ရှားမရှိသော်ငြားလည်း ဓာတ်တော်များကိုဖြစ်စေ တန်းတူထားကာ ကိုးကွယ်ကြပါမူ တန်းတူပင် အကျိုးရစေပါသည်။ ဒီအတွက် နိုင်ငံတော်အစိုးရ အဆက်ဆက်ကို ကျေးဇူးအထုးတငိပါသည်။သမိုင်းမှာ မမေ့နိုင်စရာပါ။
နောက် မသမာသူတေ လက်ထဲ တိုင်းပြည်အာဏာကို မထားခဲ့သော နိုင်ငံခေါင်းဆောင်များကို အလွန်ပဲ ကျေနပ်ရပါသည်..

Chinese and Myanmar people are friends because They are same Buddhists. But Muslims are enemy of Myanmar and China.

OH! Good comments.
Myanmar and China are friends.
But Myanmar people are not understand,China is fucking Myanmar Ass.

(Especially,Myanmar Military Generals)

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်