Subscribe to our RSS Feed

အစိုးရနည်းပညာ တက္ကသိုလ်များတွင် ကျောင်းလခများ တတ်နိုင် သလောက် ခွဲပေးရန် ခွင့်ပြု


အစိုးရနည်းပညာတက္ကသိုလ်များတွင် ကျောင်းသားမိဘများ၏ အဆင်မပြေမှု တင်ပြချက်များကြောင့် ကျောင်းလခ တစ်နှစ်စာ တစ်ခါတည်း အကျေပေးသွင်းရမည့်အစား ယခင်နှစ်များကဲ့သို့ တတ်နိုင်သလောက်သာ ခွဲဝေပေးသွင်းရန် ကျောင်းသားရေးရာဌာနမှ ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်အတွက် နည်းပညာတက္ကသိုလ်များရှိ AGTI (ပထမနှစ်နှင့် ဒုတိယနှစ်) သင်တန်းသားများအတွက် တစ်လလျှင် ငါးရာကျပ်၊ B-Tech (ပထမနှစ်နှင့် ဒုတိယနှစ်) သင်တန်းသားများအတွက် တစ်ထောင်ကျပ်နှင့် BE သင်တန်းသားများအတွက် တစ်ထောင့်ငါးရာကျပ်ဖြင့် ကျောင်းလခများကို မိမိတို့ တတ်နိုင်သလောက်သွင်းရန် ခွင့်ပြုကောက်ခံခဲ့သော်လည်း ယခုနှစ် ၂၀၁၁-၂၀၁၂ ပညသင်နှစ်တွင် သင်တန်းအားလုံး အသီးသီးကို နှစ်ဆတိုးမြှင့်၍ ကောက်ခံခဲ့၍ ကျောင်းလခ တစ်နှစ်စာကို တစ်ကြိမ်တည်းဖြင့် အကျေပေးသွင်းရမည်ဟု သတ်မှတ်ခဲ့သည့်အပြင် ကျောင်းသုံးပုံနှိပ်စာအုပ်များကို ကျောင်းအပ်နှံရာတွင် မယူမနေရအနေဖြင့် သင်တန်းဌာနအလိုက် ကျောင်းသားတစ်ဦးလျှင် နှစ်သောင်းကျပ်ပါ ကောက်ခံခဲ့သည်။ နှစ်ကျ ကျောင်သားများအနေဖြင့် ပုံနှိပ်ဖတ်စာအုပ်ဖိုး တစ်သောင်းကျပ်သာ ကောက်ခံမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ကောက်ခံခြင်းမရှိခဲ့ဟု သတင်းရရှိသည်။ ကျောင်းလခ တိုးမြှင့်ခဲ့သည့်အပြင် ကျောင်းသားကတ် (Smart Card) အတွက် သုံးထောင်ကျပ်နှင့် တခြား အထွေထွေကြေးများ ပေါင်းကာ AGTI (ပထမနှစ်နှင့် ဒုတိယနှစ်) သင်တန်းသားတစ်ဦးအတွက် လေးသောင်းနီးပါး သွင်းရပြီး B-Tech (ပထမနှစ်နှင့် ဒုတိယနှစ်) အတွက် ငါးသောင်းကျပ်ကျော် သွင်းရကာ BE အတွက် ခြောက်သောင်းနီးပါး ပေးသွင်းနေရသဖြင့် ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံရာတွင် များစွာ အခက်အခဲရှိကြောင်း သိရသည်။ ယခုအခါ ကျောင်းသားမိဘများ၏ အဆင်မပြေမှု တင်ပြချက်များကြောင့် ယခင်နှစ်များကဲ့သို့ ကျောင်းလခကို မိမိတို့ တတ်နိုင်သလောက်သာ ခွဲဝေပေးသွင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ နည်းပညာတက္ကသိုလ်များတွင် ဒီဇင်ဘာလ အစောပိုင်းမှ စတင်၍ ဒီဇင်ဘာလကုန်အထိ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Daily Mail


1 comments:

အဲဒီလောက်ပိုက်ဆံက များဘူးထင်ပါတယ် $80 နီးးပါးပဲ ရှိပါတယ် ကျူရှင် စရိတ်တွေ မရှိ၇င် တော့ တော်တော် သက်သာမှာပဲ ကုန်ကျစရိတ် ....ကတော့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်