One Stop Service ဖြင့်မည်သူမဆို လွတ်လပ်စွာ ဝယ်ယူခွင့်ရှိသော မြန်မာမီနီဆလွန်းကားများအား ဝယ်ယူမည့် အရေအတွက်နှင့် ရောင်းချပေးသည့် ဝန်ဆောင်မှုအင်အားမျှတခြင်းမရှိသည့်အတွက် လျှောက်လွှာများအား ၁၃-၁၂-၂၀၁၁ ရက်မှစ၍ ပိတ်ထားကြောင်း ယင်းတာဝန်ရှိသူတစ်ဦးနှင့် ဝယ်ယူသူများထံက သိရှိရသည်။ အဆိုပါ မြန်မာမီနီဆလွန်းကားများအား ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များတွင် ရောင်းချခြင်းဖြစ်ပြီး မန္တလေးနှင့် နေပြည်တော် အရောင်းပြခန်းတွင် အစီရေ ၂၅ စီးသာထားရှိသည်ဟု တာဝန်ရှိသူတစ်ဦးမှ ပြောပြခဲ့သည်။ လက်ရှိရန်ကုန်တွင် ဝယ်ယူသည့် အရေအတွက် အလွန်အမင်းများသောကြောင့် "မနိုင်သေးလို့လျှောက်လွှာတွေပိတ်ထားတာပါ။ ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာမပြောနိုင်သေးဘူး။ တစ်နေ့ကို အစီးခြောက်ဆယ် ရောင်းပေးတယ်။ တစ်နာရီလူလေးဦးရဲ့ ငွေကို လက်ခံစစ်ဆေးပေးနိုင်တာကြောင့်ပါ မဝယ်ရမှာတော့မပူပါနဲ့ ဒီကားတွေကုန်သွားရင် အစီးနှစ်ထောင် ထပ်မှာထားတယ်" ဟု တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ လက်ရှိအစီးရေ ၁၀၀၀ ထဲမှ လျှောက်လွှာအရေအတွက် ၆၀၀ ခန့်ထိ လက်ခံရရှိထားပြီးအစီး ၂၀၀ ခန့် ရောင်းချ ထုတ်ယူသွားပြီးဖြစ်သည်။ မြန်မာမီနီဆလွန်းကားဝယ်ယူမည့် သူများမှာ များပြားလွန်းနေပြီး One Stop Service အခြေအနေဖြင့် ဝယ်ယူ၍ မရကြောင်းကို One Stop Service တဲ့ဗျာမဟုတ်ပါဘူး။ Non Stop Service ဖြစ်နေတာ။ မရပ်မနား အခေါက်ခေါက်အခါခါ လာနေရတယ် ဟိုသွားရဒီသွားရနဲ့ ကားဝယ်တာကို တခြားနိုင်ငံက မြင်သွားရင်ဘယ်လိုနေမယ်မသိဘူး ဒီမှာတော့ ဝယ်ခွင့်ရတုန်း အသည်းအသန် အလုအယက်ပဲ' ဟု ၎င်းတွေ့ကြုံရပုံအား ပြောပြခဲ့သည်။ လက်ရှိ ချယ်ရီဝက်ဂွန်တစ်စီး၏ ပေးဆောင်ရနှုန်းထားများမှာ ကားတန်ကြေးဒေါ်လာ ၅၈၀၀ ၊ကညန ဒေါ်လာ ၃၃၇၃၊ Custom Duty 2840000 နှင့် CT ခွန် ၂၀၀၀၀ ပေးဆောင်ရပြီး ကား၏တန်ကြေးမှာ ဒေါ်လာဈေး အတက်အကျပေါ်တွင် မူတည်၍ ကျပ်သိန်း ၁၀၅ သိန်းခန့်မှ ကျပ်သိန်း ၁၁၀ ခန့် ထိရှိ ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
စွဲလန်းမှု နဲ့ မိုင်တိုင် ၃၀
-
******************
' သတ္တဝါတိုင်းကို ကယ်တင်လို့မရဘူး။ အားလုံးက ကံစီမံရာအတိုင်းပဲဖြစ်ရတယ်'
ပန်းဒေါင်းဝထ္ထုထဲမှာ တစ်ဖက်သားကို ကူညီချင်တဲ့ ခင်နွယ်စိုးကို ဦးေ...
8 years ago
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်