Subscribe to our RSS Feed

ကချင်ပြည်နယ်အတွက်ကချင်လူမျိုးအတွက်လုပ်နေကြတာလား ကချင်ခေါင်းဆောင်ကြီးများရယ် (ပေးစာ - ၆၇)

ကျူပ်တို့ ကချင်ပြည်နယ်ကသဘာဝအလှတရားတွေပြည့်နှက်နေတဲ့နေရာ၊ သဘာဝသယံဇာတ ပစ္စည်းတွေ ပေါများတဲ့နေရာပါ။ အဲဒီအရာတွေကလဲ ကျွန်တော်တို့ဘုရားသခင်က အကြင်နာတရား တွေနဲ့ ပေးအပ်ခဲ့တာပါ။ ဘယ်သူ့ အတွက်ဆိုပြီးတော့မှရည်ရွယ်ပြီး ဖန်ဆင်းခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံမှာနေတဲ့သူတွေအတွက် ဖန်ဆင်းခဲ့တာပါ။ အော်အစပိုင်းတုန်းကတော့ ငါတို့ ကချင်လူမျိုးခေါင်းဆောင်တွေက ငါတို့ကချင်လူမျိုးတွေအတွက်ကာကွယ်ပေးတယ်။ ငါတို့လူမျိုး ကောင်းစားဖို့အတွက်လုပ်ဆောင်ပြီး တော်လှန်ရေးကိုလုပ်ဆောင်နေတာပါလား ဆိုပြီးအထင်ကြီး လေးစားခဲ့ မိပါတယ်။



ကျွန်တော်သိသလောက်ပြောရရင် တော်လှန်ရေးလုပ်တယ်ဆို ကိုယ့်နိုင်ငံကိုကိုယ့်လူမျိုးတွေ မဟုတ်တဲ့အခြားနိုင်ငံကအုပ်ချုပ်လို့တော်လှန်တယ်ဆိုတာသဘာဝကျပါတယ်။ အခုက မြန်မာနိုင်ငံကို မြန်မာတွေအုပ်ချုပ်တာဘာကိုတော်လှန်ရေးလုပ်ချင်ရတာလဲ။ မြန်မာနိုင်ငံက ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စတဲ့ လူမျိုးတွေနေထိုင်ကြတယ်။ အဲဒီလူမျိုးတွေပေါင်းစပ်ပြီးတော့ မြန်မာ နိုင်ငံဆိုတာဖြစ်လာတာပါ။ ကျွန်တော်လဲခေတ်ပညာတက် ကချင်လူငယ်တစ်ယောက်ပါ။ တိုးတက် စေချင်ပါတယ် ကိုယ့်လူမျိုးကောင်းစားစေချင်ပါတယ်။ ကချင်ခေါင်းဆောင်တွေ ပြောနေတာတွေက ကချင်နိုင်ငံတော် ထူထောင်မယ်၊ ကချင်လူမျိုးကောင်းစားရေးတဲ့၊ ဆိုပြီးကိုယ့်လူမျိုးကို ကိုယ်သတ် နေတာပါလား ဆိုတာသိလိုက်ရတယ်။


သတင်းတွေကိုကြည့်လိုက်ရင် ဘယ်တိုက်ပွဲမှာကေအိုင်အေက ဘယ်လောက်ကျတယ်၊ စစ်အစိုးရတပ်တွေကဘယ်လောက်ကျတယ်နဲ့ စိတ်မချမ်းသာစရာတွေပါဘဲဗျာ။ စစ်အစိုးရလို့ပြော ရအောင်အခုအစိုးရက ရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရလေ၊ ဟိုတုန်းကလိုစစ်တပ်အုပ်ချုပ်လို့ စစ်အစိုးရလို့ပြောတာလက်ခံတယ်။ အခုကအရပ်သားအစိုးရပါဗျာ။ အဲဒါတွေထားလိုက်ပါအုံးဗျာ ကချင်လူမျိုးကိုချစ်တယ်ဆိုတဲ့ကချင်ခေါင်းဆောင်တွေ အခုတိုက်နေတဲ့ စရိတ်တွေကို ကချင်လူမျိုး ကောင်းစားရးအတွက်အတွက်သုံးလိုက်ပါလား။ တံတားလေးတစ်စင်း လောက်ဆောက် လိုက်၊ လမ်းလေးဖောက်လောက် ပြင်လိုက်လုပ်လိုက်ပါလား။ ကျုပ်တို့တွေကိုပြော တော့ကချင်လူမျိုး ကောင်းစားရေးတဲ့ လုပ်ထားပေးတဲ့ တံတားတွေဖျက်တာတွေက ကချင်ကောင်စားရေး ဘဲလားဗျာ။ လမ်းတွေဖျက်တွေက စစ်အစိုးရတပ်တွေမလာနိုင်အောင်လို့ ''ကိုကချင်ခေါင်းဆောင်'' တွေပြောကြ ပါတယ်။ ကချင်လူမျိုးတွေသွားရေးလာရေးခက်ခဲအောင်လားဗျာ။


မြန်မာလူမျိုးတွေလို့ပြောလိုက်ရင် မြန်မာမှာနေတဲ့တိုင်းရင်းအားလုံးပါတယ်။ ကိုယ့်လူမျိုး ကောင်းစားရေးလို့ပြောရင်ကောင်းစားရေးအတွက်လုပ်ပေါ့ဗျာ။ စစ်တိုက်ကြတယ် ကချင်လူမျိုးကို ချစ်တယ်ကောင်းစားရေးအတွက် လုပ်ကြတာမဟုတ်ဘူး ကချင်တွေကိုသတ်နေတာ နဲ့တူနေတယ်။ ကချင်လူမျိုးကောင်းစားရေးလို့ပြောနေတဲ့သူက စစ်တိုက်မယ်ဆိုတာဘဲပြေနေတာ ငြိမ်းချမ်းရေးကို ဟကိုမဟ ဘူးဗျာ။ အံ့သြပါတယ်ဗျာ။
ကချင်လူမျိုးကောင်းစားရေးတဲ့ ဒုက္ခသည်ကိုလိုင်ဇာမှာထားတယ် နောက်ပြီးနိုင်ငံတကာမှာ မျက်နှာငယ်ခံပြီး အကူအညီလိုက်တောင်းတယ် အကူအညီတွေကိုရောဒုက္ခသည်တွေဆီမရောက်ဘူး ဘယ်တွေရောက်ကုန်တာလဲ။ အလကားရတဲ့အကူအညီတောင်မပေးဘူး။ အဲဒါကချင်လူမျိုး ကောင်းစားရေးတဲ့လား။ ကချင်ခေါင်းဆောင်ပိုင်းလူတစ်စုကောင်းစားရေးလားလို့ပြန်မေးရတော့မယ်။


စစ်ကြောင့်ဒုက္ခသည်တွေကလည်းအိုးပစ်အိမ်ပစ်နဲ့ပြေးရနဲ့ မြစ်ကြီးနားမြို့ပေါ်နီးတဲ့လူတွေက မြို့ပေါ်ပြေးကြတယ်။ လိုင်ဇာနားနီးတဲ့လူတွေကလိုင်ဇာကိုပြေးကြတယ် ကေအိုင်အေဦးစီးတဲ့ဒုက္ခသည် စခန်းမှာရောက်နေတဲ့သူတွေကတော့သနားဖို့ပိုကောင်းတယ်သူတို့အကြောင်းပြပြီးနိုင်ငံတကာကိုအကူ အညီတောင်းတယ်လို့ နောက်ပြီးကျွန်တော်တို့ကိုမပေးဘူးလေ ဘယ်တွေရောက်တာလဲတော့မသိရပါ ဘူးဗျာ။ မြစ်ကြီးနားရောက်တဲ့သူတွေကတော့ နည်းနည်းလေးပိုကံကောင်းပါတယ်လို့ပြောရမှာဘဲ သူတို့ပြောတဲ့ မကောင်းပါဘူးလို့ဆိုတဲ့ အစိုးရက ထောက်ပံ့မှုတွေပေးတယ်လေ။ အခုက ဆောင်းတွင်း ကာလဆိုတော့ပိုဆိုးတယ်လေ အအေးဒဏ်ကြောင့်မလွယ်ပါဘူး။ အစားအသောက်ကလည်း မလုံလောက်၊ ဆေးဝါးကမလုံလောက်၊ သောက်သုံးရေကလဲမသန့်ရှင်းနဲ့ဗျာ ကချင်လူမျိုးတွေကို ချစ်တယ် လို့ဆိုတဲ့ ကချင်ခေါ်င်းဆောင်ကြီးများက ကချင်လူမျိုးတွေကိုသတ်နေပါ။


အစိုးရကပေးတဲ့အကူအညီကိုငြင်းတယ်လို့ပြောတယ် အစိုးရက ငြိမ်းချမ်းရေးကမ်းလှမ်းသံ ကြားပေမယ့် ကျွန်တော့်တို့ခေါင်းဆောင်ကြီးတွေကချင်ပြည်ချစ်ခေါင်းဆောင်ကြီးတွေအသံကတော့ ဘာသံမှမကြားရပါဘူး။ ဟိုတုန်းကကချင်ခေါင်းတွေရဲ့ ရည်ရွယ်ချက်က ကချင်လူထုကောင်းစားရေး အတွက်ဆိုပြီးအလုပ်လုပ်ခဲ့တယ်တကယ်ကို ကောင်းအောင်လုပ်ပေးခဲ့တယ်။ အခုခေါင်းဆောင်တွေက သူတို့အကျိုးဘဲလုပ်နေကြတော့တာပါဘဲဗျာ။



ကချင်လူထုအပေါ်စေတနာထားတယ်ဆိုရင် လူမျိုးအချင်းချင်းသတ်တဲ့ပညာတော့သင်မပေးပါ ဘူး၊မြစ်ကြီးနားမြို့၊သီတာရပ်ကွက်ကဦးဒယောင်တန်ဂွမ်အိမ်မှာ မိုင်းထောင်၊ဖောက်ခွဲတဲ့နည်းပညာကို ကေအိုင်အေ လူကြီးတွေသင်ပြခိုင်းခဲ့လို့ ပုံစံလုပ်ပြရင်း ကချင်မျိုးဆက်သစ်လူငယ်တွေ မိုင်းပေါက်ကွဲ လို့သေသွားခဲ့တယ်၊ဒီလိုလူမျိုးအချင်းချင်းတောင် ဖြစ်ချင်တာဖြစ် လှည့်မကြည့်ဘဲ အကြမ်းဖက်လုပ် ငန်းတွေ အတင်းလုပ်ခိုင်းပြီး ကချင်လူငယ်တွေရဲ့အနာဂတ်ဘဝကို ဖျက်ဆီးတာတွေလုပ်နေတာကို ဘယ်လိုလုပ်ပြီး ကချင်ခေါင်းဆောင်တွေလို့ယုံရမှာလဲ ကေအိုင်အေခေါင်းဆောင်ကြီးတွေရယ်။

သူတို့ကသာကချင်လူမျိုးကောင်းစားရေးကိုလိုချင်ရင်တော့ဆွေးနွေးသင့်နေပြိးလေ။ ဟိုဘက်က ဆွေးနွေးဖို့ကမ်းလှမ်းတာတောင် ငြိမ်းချမ်းရေး၊ ကချင်လူမျိုး ကောင်းစားရေးလို့ဆိုတဲ့ သူတွေကိုဘာမှမပြောကြဘူး။ မငြိမ်းမချမ်းဖြစ်မှသူတို့တွေပိုကောင်းစားမှ ငြိမ်းချမ်းသွားရင်သူတို့ လုပ်ချင်တာလုပ်လို့မရတော့လို့ ငြိမ်းချမ်းရေးကိုယူရမှာကြောက်နေတာလားကချင်ခေါင်းဆောင်ကြီး များရယ်။ အမြင်မှန်တွေရသင့်ပြီးအမှန်တွေမြင်တက်ကြပါစေကချင်ခေါင်းဆောင်ကြီးများရယ်။

ကချင်လူငယ်တစ်ဦး (
လိုင်ဇာအနီး)


Myanmar Express

1 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်