Subscribe to our RSS Feed

အစိုးရသစ် လက်ထက် ငါးနှစ်တာ ကာလ အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန် ဖော်ဆောင်မည်



အစိုးရသစ် လက်ထက် ငါးနှစ်တာ ကာလ အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန် ဖော်ဆောင်မည်

အစိုးရသစ်လက်ထက် ငါးနှစ်တာ ကာလ အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထာဝရငြိမ်းချမ်းရေး ရရှိ ရန် ဖော်ဆောင် သွားမည်ဖြစ်ကြောင်း ပြည် ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းက မီဒီ ယာ များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် ထာဝရ ငြိမ်းချမ်းရေးရ ရှိရန် တစ်ဆင့်ပြီး တစ်ဆင့် အမြန်ဆုံး ဆောင် ရွက်နေကြောင်း၊ ယခုအစိုးရသစ်သက်တမ်း မကုန်မီ ထာဝရငြိမ်းချမ်းရေးရရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။

"ထာဝရငြိမ်းချမ်းရေးရဖို့ ဘယ်လောက် ကြာမလဲဆိုရင် ဒီအစိုးရ သက်တမ်းမကုန်မီ လုပ်မယ်။ နောက် အစိုးရ မပေါ်မီမှာထာဝ ရငြိမ်းချမ်းရေး ရအောင် ဆောင်ရွက်ဖို့ရည်မှန်း ထားပါတယ်"ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ကမ်းလှမ်းမှု များ ဆောင်ရွက်ရာတွင် အဆင့်နှစ်ဆင့်ဖြင့် ဆောင် ရွက်မည်ဖြစ်ကြောင်း၊ ပထမအဆင့် အနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အဆင့်ဖြင့် ဆောင် ရွက် မည်ဖြစ်ပြီး ဒုတိယ အဆင့်အနေဖြင့် ပြည် ထောင်စု အဆင့်ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။

"ပထမ အနေနဲ့ ပြည်နယ် အဆင့်ကနေ ဘာ လို့ ဆောင်ရွက် တာလဲဆိုရင် သူတို့နဲ့ အဆင့်တူ သတ်မှတ်တာ မဟုတ်ပါဘူး။ အုပ်ချုပ်မှုကိစ္စတွေ၊ နေရေးထိုင်ရေးကိစ္စတွေ၊ လုံခြုံရေး ကိစ္စတွေက တကယ်တမ်း တိတိကျကျ ဆောင်ရွက် ပေးရမှာက တိုင်းနှင့်ပြည်နယ် ကပါ။ ဗဟိုအစိုးရက နေပြည် တော်မှာ ပဲရှိတာပါ။ ဒါကြောင့် ပထမ အဆင့် ကို ပြည်နယ်အဆင့်နဲ့ ဆောင်ရွက်ဖို့လုပ်ပါဆို ပြီး စီစဉ်လိုက်တာဖြစ်ပါတယ်"ဟု ၎င်းက ဆိုသည်။ ငြိမ်းချမ်းရေးဖော်ဆောင်မည့် အစိုးရအဖွဲ့ အစည်းအနေဖြင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများနှင့်ဆွေးနွေးရာတွင် ကြိုတင်သတ်မှတ်ချက်များချထားမည် မဟုတ် ဘဲ တစ်ဖက်နှင့်တစ်ဖက်ပွင့်လင်းစွာဆွေးနွေး မည်ဖြစ်ကြောင်းသိရသည်။

"ကျွန်တော်တို့ ဆွေးနွေးတဲ့နေရာမှာ သူတို့ကိုလည်း ဘာပဲ ဆွေးနွေး ရမယ်ဆိုတဲ့ သတ်မှတ်ချက်မထားပါဘူး။ ကျွန်တော်တို့ ဘက်က လည်း ကြိုတင် သတ်မှတ်ချက် မရှိပါ ဘူး။ တိုင်းရင်းသား အချင်းချင်း ရင်းနှီးမှုရှိ တယ်။ ချစ်ကြည်မှု ရှိတယ်။ တန်ဖိုးထားမှုရှိ တယ်ဆိုတာ ကိုပြတာပါ"ဟု ၎င်းကဆိုသည်။

ထိုသို့ အဆင့် နှစ်ဆင့်ဖြင့် ဆောင်ရွက် ရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် တွင် နှစ်ဦး သဘောတူ အပစ်အခတ်ရပ်ဆဲခြင်း၊ သတ်မှတ်ထားသည့် နေရာများတွင် နေထိုင် ခြင်း၊ လက်နက်ဖြင့် သွားလာခြင်း မပြုရန်၊ သွားလာမည် ဆိုပါက ကြိုတင် ညှိနှိုင်းမှုများပြု လုပ်ရန်၊ ဆက်ဆံရေး စခန်းများတည်ဆောက် ရန်တို့ဖြစ်ကြောင်း၊ ပြည်ထောင်စု အဆင့်တွင် ပြည်ထောင်စု အတွင်းမှ ခွဲထွက်ခြင်းမရှိသည့် စိတ်ဓာတ်ရှိရန်၊ နိုင်ငံတော်မှ ချမှတ်ထားသည့် အရေးသုံးပါးကိုလက်ခံယုံကြည်ရန်၊ စီးပွား ရေးလုပ်ငန်းများအား ဥပဒေနှင့် အညီ ဆောင် ရွက်ရန်၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ် ငန်းများ အား အစိုးရနှင့်ပူးပေါင်းတိုက်ဖျက်ရန် တို့အား ဆွေးနွေး မည်ဖြစ်ကြောင်း ဆက်လက် သိရသည်။

သားလတ်

Myanmar Daily Mail



Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်