Subscribe to our RSS Feed

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး သမိုင်းဝင်အဆုံးအဖြတ်ချမှတ်


နိုင်ငံတော် အခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂ ပါပြည်နယ်သို့မဟုတ် တိုင်းဒေသကြီးများရှိ တိုင်းရင်းသားလူမျိုးရေးရာဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များကို ပြည်နယ်သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးအဆင့်သတ်မှတ်၍မရဟူသော ရှေ့နေချုပ်ရုံး၏ ရှင်းလင်းတင်သွင်းချက်ကို ဝန်ကြီးအဆင့်သတ်မှတ်နိုင်သည်ဟု မြန်မာနိုင်ငံသမိုင်းတွင် ပထမဦးဆုံးအကြိမ် ပြင်ဆင်ချေဖျက်လိုက်ကြောင်း သိရသည်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးတို့က တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေ ပုဒ်မ ၄(ဂ) နှင့် ပုဒ်မ ၅ တို့တွင် ဖော်ပြပြဋ္ဌာန်းချက်များ၏ အနက်အဓိပ္ပာယ်အား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂ ၊ ၂၆၃၊ ၂၆၄ တို့နှင့် ညီညွတ်မှု ရှိ၊ မရှိ အဆုံးအဖြတ်ပေးရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့် အခြေခံဥပဒေခုံရုံးထံ တင်သွင်းလျှောက်ထားရာ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတရုံးက တာဝန်ပေးအပ်ချက်အရ နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်ရုံးက နိုင်ငံတော် အခြေခံဥပဒေ ခုံရုံးသို့တင်သွင်းသော ရှင်းလင်းချက်အပေါ် ခုံရုံးက ပယ်ချကာဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ ပြင်ဆင်ပေးလိုက်ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ပြင်ဆင်ပေးလိုက်ခြင်းသည် နိုင်ငံတော်ဖွဲ့စည်ပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ ၂၃ နှင့် ၂၅ အရ အပြီးအပြတ်အတည်ဖြစ်ပြီး သက်ဆိုင်ရာအစိုးရဌာန အသီးသီးသို့ အာဏာသက်ရောက်ကြောင်း ယင်းဥပဒေတွင် ဖော်ပြပါရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်ဦးနိုထန်ကပ်က ရှေ့နေချုပ်ရုံး၏ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် အကောက်အယူလွဲခြင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ပြင်ဆင်ပေးလိုက်ခြင်းကို အလွန်အားရကျေနပ်မိကြောင်း၊ ယင်းသို့ ဆုံးဖြတ်ပေးခြင်းသည် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပေးခြင်းဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Daily Mail

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်