Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ခိုအိချိရို ဂင်းဘ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နေပြည်တော်၌ ရောက်ရှိနေသည့် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ခိုအိချိရို ဂင်းဘ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဒီဇင်ဘာ ၂၆ ရက်နေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ဂျပန်နိုင်ငံမှ အကူအညီပေးနိုင်မည့် နည်းလမ်းများ ရှာဖွေရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်များအပေါ် အားပေးထောက်ခံ ကူညီသွားရေး၊ နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရေး အပါအ၀င် ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်