Subscribe to our RSS Feed

မြန်မာ့ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ရုရှားတို့ ရင်းနှီးမြှုပ်နှံရန် လာရောက်လေ့လာ


ရန်ကုန်၊ ဒီဇင်ဘာ ၁၆
မြန်မာဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ရုရှားလုပ်ငန်းရှင်များ လာရောက်လေ့လာ မှု ပြုလုပ်နေကြောင်း ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။

"ဟိုတယ်ဘက်မှာ ရင်းနှီးမြှုပ်နှံဖို့အတွက် လာကြည့်သလို ရုရှားတိုးတွေ လာဖို့အတွက်ကိုလည်း လေ့လာကြတယ်၊ သူတို့တွေက ဒီနှစ်မှ ရင်းနှီးမြှုပ်နှံဖို့ လာလေ့လာကြတဲ့ သူတွေ" ဟု ငွေဆောင် ဟို တယ်လုပ်ငန်းရှင်တစ်ဦးက ပြော သည်။

လတ်တလောတွင် ငွေဆောင်ကမ်းခြေရှိ မဖွင့်လှစ်ရသေးသော ဟိုတယ်နှစ်ခုတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် လာရောက်လေ့လာမှု ပြုလုပ်နေခြင်းဖြစ်ကြောင်း ၄င်းထံမှ သိရသည်။

ရုရှာရင်းနှီးမြှုပ်နှံသူများမှာ ဗီယက်နမ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် အများဆုံးရင်းနှီးမြှုပ်နှံနေသူ များဖြစ်ပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင်လည်း အများဆုံး ရင်းနှီးမြှုပ်နှံမှုပြုရန် စိတ်ဝင်စားခြင်းမှာ ရုရှားဧည့်သည်များ ဝင်ရောက်လာမှု များပြားလာနိုင်သည့် အလားအလာရှိသော ကြောင့် ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ထံမှ သိရသည်။

"ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ရုရှားတိုးတွေ ဒီနိုဝင်ဘာမှာ ဝင်လာကြတာများတယ်၊ ဆိုက်ရောက်ဗီဇာ ပေးလိုက်မယ်ဆိုရင် ဥရောပဘက်ကတိုးတွေ ဒီထက်ပိုဝင် လာနိုင်မယ်" ဟု ပြောသည်။

ရုရှားခရီးသည်များမှာ ပုဂံ၊ မန္တလေး၊ အင်းလေးသို့ အများဆုံး သွားရောက်လည်ပတ် ကြပြီး ပြည်ပဧည့်များထဲ၌ ငွေကြေးသုံးစွဲနိုင်မှုတွင် အလတ်စားအဆင့်ရှိကြောင်း၊ ၄င်းတို့သည် မြန်မာနိုင်ငံသို့ ၂ဝဝ၄ ခုနှစ်ခန့်က စတင်လာရောက် လည်ပတ်ကြခြင်းဖြစ်ကြောင်း ရုရှားဧည့် လမ်းညွှန်တစ်ဦးက ပြောသည်။

"ရုရှားတွေက အခုနှစ်မှာ ပိုပြီးအလာများတယ်၊ ဒီနှစ်လာတဲ့ ရုရှားတွေက ဗီယက်နမ်ဘက်ကနေ လာကြတာများတယ်၊ အခုလအတွက် ရုရှားဧည့်လမ်းညွှန်တွေ လိုနေလို့ ခရီးသွားကုမ္ပဏီတွေ လိုက်ရှာနေရတယ်လို့ ကြားတယ်' ဟု ၄င်းကပြောသည်။

လက်ရှိတွင် မြန်မာခရီးသွားလုပ်ငန်းနှင့် ရုရှားခရီးသွားလုပ်ငန်းတို့ ချိတ်ဆက်လုပ်ကိုင်နေမှုများ ရှိနေပြီး၊ မြန်မာနိုင်ငံသို့ ရုရှားဧည့်သည်များ ပိုမိုဝင်ရောက်လာမည် ဆိုပါ က လုပ်ငန်းခွင်တွင်း ရှိနေသော ရုရှားဧည့်လမ်းညွှန်၂၅ ဦးခန့်နှင့် လုံလာက်နိုင်မည် မဟုတ်ကြောင်း ၄င်းကသုံးသပ်သည်။
ဝေယံမိုးမြင့်

Myanmar Daily Mail

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်