Subscribe to our RSS Feed

အမှိုက်ချသူ၊ လမ်းလယ်တွင် လျှောက်သူကို စင်ကာပူကဲ့သို့ ငွေဒဏ်ရိုက်တော့မည်


ရန်ကုန် စည်ပင်ဧရိယာအတွင်း အမှိုက်ချခြင်း၊ လမ်းလယ်တွင် လျှောက်ခြင်းများကို စင်ကာပူ နိုင်ငံကဲ့သို့ ငွေဒဏ်ရိုက်၍ အရေးယူရန် ပင်စင်စား ဝန်ထမ်းများ ခန့်ထားပေးမည်ဖြစ်၍ ရရှိသည့် ဒဏ်ငွေမှ တစ်ဆယ်ရာခိုင်နှုန်း ဆုချမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

“ဆူးလေလို နေရာမျိုးမှာ ကားတွေကို မထီမဲ့မြင်လုပ်ပြီး လမ်းလယ်ကနေ စတီးအကာတစ်လျှောက် လမ်းသွားနေကြတယ်။ အန္တရာယ် ရှိလာပြီ။ အဲ့ဒီလူတွေကို ဒဏ်ရိုက်တော့မယ်။ ငွေမကုန်ချင်ရင် စည်းကမ်းတကျ ပြုမူနေထိုင်သင့်တယ်။ ပြီးတော့ မြန်မာက အခုဒီမိုကရေစီ နိုင်ငံဖြစ်လာပြီ။ ဒီမိုကရေစီ နိုင်ငံကြီးမှာ နိုင်ငံသားတိုင်းရဲ့ တာဝန်နဲ့ အခွင့်အရေး ဒွန်တွဲနေတယ်။ တာဝန်က အဓိကအားဖြင့် စည်းကမ်းရှိဖို့ပဲ။ စင်ကာပူလို တိုးတက်ချင်ရင် စင်ကာပူလို စည်းကမ်းရှိရမယ်” ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တော် သန့်ရှင်းသာယာ လှပရေးအတွက် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများ ပညာပေးကာလ ကြာမြင့်ပြီးဖြစ်၍ မြို့နယ်အလိုက် ပင်စင်စား ဝန်ထမ်းများ ခန့်ထား၍ စောင့်ကြည့်ဖမ်းဆီးပြီး ရရှိသည့် ဒဏ်ငွေမှ တစ်ဆယ်ရာခိုင်နှုန်း ဆုချမည်ဖြစ်ကြောင်း ဒီဇင်ဘာလဆန်းတွင် အစိုးရအဖွဲ့က ညွှန်ကြားလိုက်သည်။ ယင်း စည်းကမ်းမဲ့ ပြည်သူအချို့အား ဒဏ်ငွေရိုက်၍ ရရှိသည့် ဒဏ်ငွေမှ ကိုးဆယ်ရာခိုင်နှုန်းအား ရန်ကုန်မြို့သစ်လမ်းများ ပြုပြင်ရန်နှင့် လူကူးမျဉ်းကြားနှင့် လမ်းစည်းကမ်း ကောင်းမွန်ရေးအတွက် သုံးစွဲပြုပြင်သွားမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီးတွင် မြို့နေလူဦးရေ ၄၁၂၄၁၈၃ ဦးရှိ၍ မြို့ဧရိယာ ၁၉၈.၁၉ စတုရန်းမိုင်အား စင်ကာပူနိုင်ငံကဲ့သို့ အဆင့်မီ သန့်ရှင်းရေး ရေတို၊ ရေရှည် စီမံကိန်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နေပြည်တော် တိုင်းမ် ဂျာနယ်တွင် ရေးသားထားသည်။

11 comments:

အပေါ်က အမည်မသိပုဂ္ဂိုလ်ရေ.. မရယ်ပါနဲ့ဗျာ။ အပြောကြီးချင်သလောက်ကြီးပါစေ ပြောသမျှ တကယ်ဖြစ်လာရင် ခင်ဗျားတို့ ကျုပ်တို့ ၀မ်းသာဖို့ပဲ မဟုတ်လားဗျ။

အဟီးးး တယ်ဟုတ်နေပါလား။ ခါတိုင်း အတည်ပြုပြီးမှ မြင်ရမယ် ပြောသလားလို့ :P

whatever/however welcome for new law! fist step to new country.

ဘယ်အရာပဲဖြစ်ဖြစ်ကောင်းတဲ့ဘက်ကနည်းနည်းလေးတွေးပေးကြရင်ကောင်းမှာပဲ.... ဘာလို. အဖျက်စကားတွေပဲပြောချင်ရတာလဲဗျာ...

အမှန်ကိုမှ မမြင်တတ်ကြတာ... အမြင်မှန်ဘယ်ရမလဲ...
မရလို့လည်း အခုလို
သူတောင်းစားဖြစ်နေကြတာလေ......

အမှန်ကိုမှ မမြင်တတ်ကြတာ...
အမြင်မှန်ဘယ်ရကြမလဲ...
အဲတာကြောင့်လည်း အခုထိ အမြင်မှန်မရပဲ
တိုင်းပြည်မကောင်းကြောင်းတွေပြောပြီး
သူတောင်းစားလုပ်စားနေကြတာလေ....

အမှန်ကိုမှ မမြင်တတ်ကြတာ...
အမြင်မှန်ဘယ်ရကြမလဲ...
အဲတာကြောင့်လည်း အခုထိ အမြင်မှန်မရပဲ
တိုင်းပြည်မကောင်းကြောင်းတွေပြောပြီး
သူတောင်းစားလုပ်စားနေကြတာလေ....

this is good for our country but
why Singapore?
screw SG. SG is nothing really
why not aim higher
why not like Japan, US, UK,..... and so on
we should aim higher so we can end up like SG

mm proverb always say "Yin Lout Tin Mha Duu lout kya " right?

စင်ကာပူလောက်ကိုစံထား ပြီးရင် စင်ကာပူထက်သာအောင်လုပ်
ဒါဆိုရင်ရပြီ step by step ပေါ့ဗျာ
ကောင်းပါတယ် စည်းကမ်းမရှိတဲ့မြန်မာပါးစပ်တချို့လည်း
စည်းကမ်းရှိသွားတာပေါ့ဗျာ

ဘယ်တော့မှဖြစ်လာမှာလဲ ဟင်?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်