ယခုတလော သတင်းဂျာနယ်များဖတ်ရသည်မှာ လွန်စွာစိတ်ဝင်စားဖွယ်ကောင်းပြီး မြန်မာနိုင်ငံအတွက်သတင်းများမှာ ယခင်ကလက်ထက်ပိုမိုသဘောတွေ့လာရပါသည်။အထူးသဖြင့် မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်လည်ပတ်မှုသတင်းက ကျွန်တော်နှင့်မြန်မာပြည်သူများ လွန်စွာစိတ်ဝင်တစားရှိကြမည်ထင်ပါသည်။ ယင်းသတင်းနှင့်ပတ်သက်ပြီး ဂျယ်နယ်အသီးသီးတွင်
ဓါတ်ပုံဝေေ၀ဆာဆာနှင့် ဖေါ်ပြခဲ့သည်မှာလည်း အားရဖွယ်ဖြစ်ပါသည်။ အထူးသဖြင့် မြန်မာတို့အထွဋ်အမြတ်ထား ရာရွှေတိဂုံစေတီတော်ကြီးသို့ ဟီလာရီကလင်တန်မှ လာရောက်လည်ပတ်ကာ ပန်း၊ ရေချမ်းနှင့် ဆီမီးတို့ကို
ကပ်လှူသွားခြင်းမြင်ကွင်းများက ကျွန်တော့်အားဆွဲဆောင် မှုရှိစေခဲ့ပါသည်။ ထိုကဲ့သို့သဘောကျနေစဉ်မှာပင် ဂျာနယ်အချို့နှင့် သတင်းမီဒီယာအချို့တွင် အသားပေးဖေါ်ပြချက်အချို့ကို ဘ၀င်မကျဖြစ်မိပါသည်။ အဲဒါကတော့
“ ဟီလာရီကလင်တန်က ရွှေတိဂုံဘုရားပေါ်တက်တာဖိနပ်မစီးလို့ကျေးဇူးတင်လိုက်တာဟု“ မီဒီယာအချို့တွင် ရေးသားထားမှုနှင့် “သူမနှင့် သူမ၏နောက်လိုက် လုံခြုရေးဝန်ထမ်းများဘုရားအပေါ် သို့ဖိနပ်မစီးပဲတက်သည်ဟု“ ဂျာနယ်အချို့တွင် ဖေါ်ပြမှုကိုတော့ နားမလည်နိုင်အောင်ဖြစ်ရပါသည်။ ဟီလာရီကလင်တန် ဘုရားပေါ်ဖိနပ်မစီးပဲတက် တာကျေးဇူးတင်ထိုက်ပါ၏လော--။ သူတက်မယ်ဆိုကျွန်တော်တို့မြန်မာတွေက ခွင့်ပြုရမှာလား--။
ထိုအချက်နှင့်ပတ်သက်ပြီး ၁၀ တန်းကျောင်းသားဘ၀ (၂၀၀၀ပြည့်နှစ်)ကဖတ်ခဲ့ဖူးသောသမိုင်းစာအုပ်တစ်ခု (စာအုပ်အမည်ကညောင်ရမ်းခေတ် အလွန်ထင်ပါသည်--သိပ်မမှတ်မိတော့ပါ) ကိုပြေးမြင်ယောင်မိပါသည်။
မှတ်မိသလောက်ပြောပြရရင် မြန်မာနိုင်ငံအင်္ဂလိပ်လက်အောက်ကျရောက်ခဲ့စဉ်တုန်းက ဘုရားအပေါ်အင်္ဂလိပ်တွေ ဖိနပ်စီးပြီး တက်သောပြသနာတော်တော်လေး ဂရက်ရိုက်ခတ်ခဲ့တယ်။ ဥပမာ-ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သော
ပဲခူးရွှေမော်ဓောဘုရားပေါ် သို့အင်္ဂလိပ်အရာရှိများဖိနပ်ဖြင့် တက်ရောက်ကြည့်ရှုခဲ့သည်ကို မြန်မာတွေကအပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။နောက်ပိုင်းမြန်မာတို့ အပြင်းထန်ကန့်ကွက်မှုတွေကြောင့် ယခင်အင်္ဂလိပ်လူမျိုးများအားလုံး
ဘုရားအပေါ်တက်ရင် ဖိနပ်စီးခွင့်ပေးထားရာမှာ VIPများနှင့်ဗြိတိသျှစစ်သားများသာ တက်ခွင့်ပြုရန် အင်္ဂလိပ်အစိုးရကလျော့ပေါ့သတ်မှတ်ပေးခဲ့သည်။ ထို့ကြောင့် မြန်မာတွေအနည်းငယ်ကျေနပ်ခဲ့သော်လည်း ထိုပြသနာက
ပြီးပြတ်သွားခြင်းမရှိခဲ့ပေ။
ထိုပြသနာအား မြန်မာနိုင်ငံ လွတ်လပ်ရေးရခါနီးတွင် ပြီးပြတ်အောင်ဖြေရှင်းပေးခဲ့သူကတော့ လေဒီမောင့်ဘတ်တန်ပင်ဖြစ်ပါသည်။ သူမြန်မာပြည်ကို လာရောက်လည်ပတ်ချိန်သည် မြန်မာနိုင်ငံလွတ်လပ်ရေးမရသေးပါ။
ထို့ကြောင့် သူမလို VIP တစ်ယောက်အနေဖြင့် အချုပ်အခြာအာဏာမပိုင်သေးသော သူုမတို့၏ဗြိတိသျှ လက်အောက်ခံမြန်မာနိုင်ငံကို လာရောက်လည်ပတ် တာဖြစ်တဲ့အတွက် ဘုရားပေါ်သို့တက်ရောက်ရာတွင်
ဖိနပ်စီးပြီးတက်မည် ဆိုပါကမြန်မာတွေလည်း ဘာမှပြောလို့ရမည်မဟုတ်ပါ။ သူမ ရွှေတိဂုံဘုရားသို့လာရောက်လည်ပတ်ရာတွင် ဖိနပ်ချွတ်မည်ပြုရာ ဗြိတိသျှစစ်သားများက VIP တစ်ယောက်ဖြစ်လို့ မလိုကြောင်းပြောကြ သော်လည်း သူမကပြုံးပြီးဖိနပ်ကို အသာချွတ်ကာတက်လာသဖြင့် နောက်လိုက်ဗိုလ်ပါအားလုံးလည်း ဖိနပ်ချွတ် ကာရွှေတိဂုံရင်ပြင်ပေါ်သို့ တက်လာကြသတဲ့။
ထိုအချိန်မှစပြီး မြန်မာလူမျိုးတို့အထွဋ်အမြတ်ထားရာဘုရားများ အပေါ်သို့ အင်္ဂလိပ် လူမျိုးနှင့်နိုင်ငံခြားသားများ ဖိနပ်စီးပြီးမတက်တော့ဟု ထိုစာအုပ်တွင်ဖေါ်ပြထားပါသည်။ ထိုစာအုပ်ဖတ်စဉ်ကပင် လေဒီမောင့်ဘတ်တန် ကိုကျေးဇူးတင်ခဲ့ပါသည်။
ဒီနေ့ဟီလာရီကလင်တန်လာရောက် လာပတ်သောမြန်မာနိုင်ငံသည် “လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်သောနိုင်ငံတစ်ခု“ဖြစ်ပါသည်။ မည်သည့်ဓနသဟာယအဖွဲ့ဝင်နိုင်ငံမှလည်းမဟုတ်ပါ၊ ဒါကြောင့် မည်သည့်နိုင်ငံ့ ခေါင်းဆောင်တွေ လာရောက်သည်ဖြစ်စေ မြန်မာနိုင်ငံ၏ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာကို လိုက်နာရမည်ဖြစ်သည်။ ဒါကလည်းနိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အသိမှတ်ပြုပေးခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံမှသွားရင်လည်းထိုနည်းလည်းကောင်းပင်ဖြစ်ပါသည်။ ထိုင်းနိုင်ငံကိုသွားရင်တော့ သူတို့ဆီကမြဘုရားအပေါ် ဖိနပ်စီးခွင့်ရှိကောင်းရှိနိုင်မည်(ကျွန်တော်မည်သည့်နိုင်ငံမှမရောက်ဖူးပါ)။ ဒါကလည်းသူတို့နိုင်ငံ၏ယဉ်ကျေးမှုသာဖြစ်
ပါသည်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့သည့် ပြည်ပနိုင်ငံ့ခေါင်းဆောင်တွေထဲ မှာရွှေတိဂုံဘုရားအပေါ်ဖိနပ်စီးပြီးတက်ခဲ့ဘူးသလော။ (ရှိရင်ပြောပြပေးပါဦး။) ရှိရင်တောင်ကန့်ကွက်ရမည်ဖြစ် သည်။ ဒါကြောင့် ဟီလာရီကလင်တန်ဘုရားအပေါ် ဖိနပ်ချွတ်ပြီးတက်တာကို ကျေးဇူး တင်ကြောင်းဖေါ်ပြနေခြင်းသည် မည်သည့်အတိုင်းအတာထိ သက်ရောက်နေသည်ကို တွေးကြည့်ကြပါဦး-။ တကယ်ဆိုသူမအနေဖြင့် မြန်တွေ
အထွဋ်အမြတ်ထားရာ ရွှေတိဂုံဘုရားကိုလာရောက်လည်ပတ်ခြင်းကိုပင် ကျေးဇူးတင်သင့်သည်။
အမေရိကန်နှင့် အပြုသဘောဆောင်သော ဆက်ဆံရေးတွေဖြစ်လာ လို့ဝမ်းသာနေရချိန်မှာ ထိုကဲ့သို့ဖေါ်ပြမှုတွေကတော့
စိတ်အနှောက် အယှက်ဖြစ်မိပါတယ်။နိုင်ငံဟူသည် အင်အားကြီးသည်၊ ငယ်သည်မှာ အဓိကမဟုတ်ပဲ အချုပ်အခြာအာဏာသည်သာ အဓိကဖြစ်မည်ထင်ပါသည်။ “ဆင်းဆင်းရဲရဲ မွဲမွဲတေတေရှိလင့်စေဦး၊
မသွေအမှန်ကိုယ့်နိုင်ငံသာတည်း “( သဘောကျခဲ့သောအဆိုပါစာအုပ်ထဲမှ စာသားလေးတစ်ခု-ကဗျာဆရာအောင်သန်း-၁၉၇၃ ခုနှစ်) (အညတရတစ်ယောက်၏ အတွေးအမြင်အားဖေါ်ပြခြင်းသာဖြစ်ပါသည်။ ကျွန်တော့်အနေနဲ့ အမေရိကန်နိုင်ငံကို ကောင်းသည်/ဆိုးသည်ဝေဖန်နေခြင်းမဟုတ်ပါ။)

Myanmar Express
11 comments:
စာရေးသူအား ကျေးဇူးတင်ပါ၏။ အလကားနေ အမွှမ်းတင်နေတတ်တဲ့ media တွေကို မျက်စိနောက်လို့ပါ။ ဒီလိုအတွေးအမြင်ပါတဲ့စာမျိုး MEG မှာဖတ်ရတာ ၀မ်းသာပါ၏။
who the fucking media write that? really stuppid... thank you for sharing with us MEG
ယနေ့ဂျာနယ်အများစုမှာ ပေါ်ပင်လိုက်ပြီး တစ်စောင်သတင်းတစ်စောင်ခိုးချနေကြသည်ကို အော့နှလုံးနာဖွယ်ရာတွေ့နေရပါသဖြင့် ယခုသတင်းအား အပြည့်အ၀ထောက်ခံအပ်ပါသည်။
ကြိုက်တယ်ဗျာ..
ရွှေတိဂုံဘုရားပေါ်ဖိနပ်စီးဖို့ကတော့ ဟီလာရီမပြောနဲ့..အိုဘားမားနဲ့ အိုဘားမားအဖေတောင်လက်မခံနိုင်ဖူး...
Great !!!! စတုတ္ထမဏ္ဍိုင်ဆိုတာ ဘက်မလိုက်ပဲ တရားမျှတမှုရှိနေရမယ်... အစိုးရမှားရင်လဲ အစိုးရအမှား၊ အတိုက်အခံမှားရင်လဲ အတိုက်အခံအမှားကို ဘက်မလိုက်ပဲ ရဲရဲဝံ့ဝံ့ ရေးရဲဖော်ပြရဲမှ အဲဒါ တကယ့် စတုတ္ထမဏ္ဍိုင်...။ အခု မြန်မာနိုင်ငံမှာက လူ့အကြိုက်လိုက်ပြီး ခါတော်မီ,မီဒီယာတွေပဲ ရှိပါသေးတယ်... တကယ့်စတုတ္ထမဏ္ဍိုင် တစ်ခုမျှ မတွေ့မိသေးပါ... လူတွေက အစိုးရမကောင်းဘူးဆိုပြီး အတိုက်အခံတွေရဲ့ အခေါင်အချုပ် အမေရိကန်ကို မျှော်ကြတယ်... အခု အမေရိကန်ဝန်ကြီးလဲ ရောက်လာရော ထိုင်မရှိခိုးရုံတမယ်၊ ရင်ဘတ်စည်မတီးရုံတမယ် ပျာပျာသလဲတွေဖြစ်ပြီး ကြိုဆိုနေ၊ ပျော်နေကြတယ်... တော်ရုံသင့်ရုံပဲ ကောင်းပါတယ်... ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဘာသာ မကြိုးစားလျှင် အမေရိကန်မကလို့ သိကြားဆင်းလာလဲ ဘာမှဖြစ်လာမည်မဟုတ်ပါ။ နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ သူ့အကျိုးစီးပွားမပါလျှင် ဘာမှ မလုပ်ကြဘူးဆိုတာတော့ အမေရိကန်ရောက်လာလို့ နားမလည်ပါးမလည် ပျော်နေကြတဲ့သူတွေ သိထားကြစေချင်တယ်...။
right!! Good job MEG !
right;; very good writer. thank you..
ကျွန်ခံချင်တဲ့စိတ်နဲ့ ခွေးမသားတွေလေ ကျွန်ခံပြီးရင်ဖင်ပါခံလိမ့်မယ် ဟီလာရီ စောက်ဖုတ်ကိုလျက်ပေးချင်နေတဲ့ မီဒီယာသမားတွေ
သိပ်ကိုမှန်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ကျနော်တို့နိုင်ငံဟာ အချုပ်အခြာ
တည်တံ့တဲ့နိုင်ငံဖြစ်နေလို့ပါပဲ
ဖိနပ်စီးပြီးတက်ရင် အဲဒီဟီလာရီ မြန်မာပြည်ကနေ
ခေါင်းမပါပဲ ပြန်သွားရမယ်လေ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်