Subscribe to our RSS Feed

ဘုန်းကြီးက ဘုန်းကြီးလိုမနေခြင်းကြောင့် ရွှေညဝါ ဆရာတော်ကို သံဃာနာယက ၄၇ ပါးမှ လူဝတ်လဲခိုင်း

အဆင့်အဆင့်၏ ဆုံးမညွှန်ကြားသည်ကို မနာခံသဖြင့် ရွှေညဝါ ဆရာတော်ကို လူဝတ်လဲရန် အတွက် နိုင်ငံတော်သံဃာ့နာယက အဖွဲ့၏ ဆဌအကြိမ် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အစည်းအဝေးဆုံးက ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။


သင်္ဃန်းဝတ်ထားပြီး ကိုယ့်ထက် ဝါကြီးသူ ဆရာတော်ကြီးများ စကားနားမထောင်တာတော့ မဖြစ်သင့်


သာသနာကိုပျက်အောင် သာသနာ့ဘောင်ထဲက ပုဂ္ဂိုလ်တွေသာ လုပ်နိုင်သည်


လူတိုင်း နိုင်ငံရေးလုပ်ခွင့်ရှိပါတယ်။ နိုင်ငံရေးလုပ်ချင်ရင် လူထွတ်ပါ။
ဘုန်းကြီးဆိုတာ တရားအားထုတ်ဖို့ပါ။


ဘယ်ဘုန်းကြီးမှ ဒီလိုမနေပါ

ဘုန်းကြီးကျောင်းရှေ့သည် မာတုကာမပုံချိတ်ရန်မဟုတ်


တရားကျင့်ဖို့ စိတ်မဝင်စားပဲ လူသူတွေနဲ့ ဆက်ဆံရတာ၊ နိုင်ငံရေးလုပ်ရတာ စိတ်ဝင်စားရင်
လူထွက်ပြီး စိတ်ဝင်စားတာကို တစိုက်မက်မက်လုပ်ခြင်းက
သာသနာအတွက်လည်း လူပိုတစ်ယောက်လျှော့ပြီး
နိုင်ငံရေးလောကအတွက်လည်း လူတော်တစ်ယောက် ရောက်လာမှာပါ
သံဃနာယက ဝါရင့် ဆရာတော်ကြီး ၄၇ ပါးရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါ၏။


Myanmar Express

24 comments:

ရွှေည၀ါ ဆရာတော်မှာ နိုင်ငံတကာအမြင် မရှိသလောက်ကို နည်းပါး နေပါတယ်။ ပြည်တွင်းက ကိစ္စတွေကို ပြောချင်ရင် ပြည်ပမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာ ဦးစွာ နားလည်ရမှာပါ။ ဒါတောင်မှ ဘုန်းကြီး တစ်ပါး ရဲ့  ဘ၀နဲ့  လိုက်ဖက်ညီတာကိုပဲ ပြောသင့်ပါတယ်။ နောက်ပြီးတော့ စောင်းပါး ရိပ်ချီ ခနဲ့ တဲ့ တဲ့  ပြောနေတာ တွေဟာ ဘုန်းကြီးတစ်ပါးရဲ့  အမူအရာနဲ့  တခြားစီဖြစ်နေပါတယ်။ အချိန်ရတဲ့ အခါ ဆောင်းပါးတစ်ပုဒ်လောက် ရေးပြီးပို့ ရန် စိတ်ကူးရှိပါတယ်။

some wankers still believe this type of Thinganwuts are the only real Buddhist monk!!!!!!!!!!!!!!
especially dollarsar overseas and inside!

"နိုင်ငံရေးလုပ်ရတာ စိတ်ဝင်စားရင်
လူထွက်ပြီး စိတ်ဝင်စားတာကို တစိုက်မက်မက်လုပ်ခြင်းက
သာသနာအတွက်လည်း လူပိုတစ်ယောက်လျှော့ပြီး
နိုင်ငံရေးလောကအတွက်လည်း လူတော်တစ်ယောက် ရောက်လာမှာပါ
သံဃနာယက ဝါရင့် ဆရာတော်ကြီး ၄၇ ပါးရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါ၏"
သိပ်မှန်တဲ့ အသုံးအနှုန်းပဲ..ဘာသာခြား နိုင်ငံရေးသမားတွေ တော့ ထားပါတော့...ဗုဒ္ဓဘာသာ နိုင်ငံရေးသမားအချို့ တွေက ထေရ၀ါဒဗုဒ္ဓဘာသာဘာလဲဆိုတာ သဲသဲကွဲကွဲမသိကြဘူး..၀ိနည်းပျောက်ရင် သာသနာ ပျောက်လိမ့်မည်..

နိုင်ငံရေးဝါသနာပါတဲ့ ဆရာတော်တွေအားလုံးကို လူဝတ်လဲ ပါတီတစ်ခုထောင်ခိုင်းရင်ပိုမကောင်းပေဘူးလား ဒါမှ သူတို့  လည်းစိတ်လွတ် ကိုယ်လွတ် နိုင်ငံရေးလုပ်နိုင်မယ် သင်္ကန်း နဲ့ သာသနာကိုလည်း မထိခိုက်တော့ဘူး

ကောင်းလိုက်လေ။ နောက်ထပ် နိုင်ငံရေးဆရာတော်တွေကိုလည်း သာသနာတော်မှအငြိမ်းစား ယူပြီး ရွှေဝါရောင်ပါတီထောင်
နိုင်ငံရေးကိုပဲ တစိုက်မတ်မတ် လုပ်ကြ ပါလို့  တိုက်တွန်းချင်ပါတယ်။ ဘာသာရေးနဲ့ နိုင်ငံရေး ခွဲလုပ်ကြပါ၊

မှန်လိုက်လေဗျာ...

မှန်ပါတယ်... လူတွေက ဘာရယ် ညာရယ်မဟုတ်ပဲ သံဃနာယကအဖွဲ့တို့ အဘိဓဇတို့ ဘာဘွဲ့ရ ညာဘွဲ့တို့ဆိုရင် တအားသောက်မြင်ကတ်ကြတယ်... အစိုးရပေးတဲ့ ဘွဲ့တွေ၊ ရာထူးတွေ၊ အစိုးရခိုင်းတာလုပ်တယ်၊ ဘာတွေ၊ ညာတွေ ဆိုပြီးတော့လေ...။ တကယ်တော့ ဘာမှ မဆိုင်ပါဘူး... အခုလိုချီးမြှင့်တဲ့ ဘွဲ့တော်တွေဆိုတာက သာသနာတော်မှာ သာသနာ့ဝန်ထမ်းနဲ့တူအောင်၊ ဝိနည်းနဲ့အညီ ပရိယတ်၊ ပရိပတ်တွေကို အားထုတ်ကြိုးစားနေတဲ့ သံဃာတော်တွေကို နိုင်ငံ့အစိုးရအနေနဲ့ ချီးမြှောက်အသိအမှတ်ပြုပေးတဲ့ သဘောပါပဲ။ ဒီဘွဲ့တွေဟာ လက်ရှိအစိုးရမှ မဟုတ်ပဲ ဒေါ်အောင်ဆန်းစုကြည်တက်လာရင်လဲ သူ့အစိုးရက ဆက်ပြီး ချီးမြှောက်နေ ပေးနေဦးမှာပါပဲ... အဲဒီအခါကျရင် ဒီလူတွေရဲ့ပါးစပ်က တမျိုးအသံထွက်လာဦးမယ်...။ တကယ်တော့ အစိုးရလုပ်သမျှ မကောင်းလို့ မြင်နေတဲ့လူတွေရဲ့ သေးသိမ်တဲ့ စိတ်ယုတ်စိတ်ညံ့တွေ၊ အတွေးတွေ၊ အမူအကျင့်တွေ အားလုံး ပြင်သင့်နေကြပါပြီ...။ ပို့စ်ထဲမှာ ပြောထားသလိုပါပဲ... ကိုယ်အားသန်တာ နိုင်ငံရေးဆိုရင် သင်္ကန်းချွတ်လိုက်ပါ... လူဝတ်လဲပြီး နိုင်ငံရေးလုပ်လိုက်ပါ... နိုင်ငံရေးလောကထဲ လူတော်တယောက် တိုးလာပါလိမ့်မယ်..။ အခုတော့ ကိုယ့်နယ်ပယ်မဟုတ်ပဲ မဆိုင်ရာကို ဆီလူးမိတော့ အများအမြင်မှာလဲ မကောင်းပါဘူး... တခြားဘာသာတွေရဲ့အမြင်မှာလဲ ဝိနည်းနဲ့မညီတဲ့ ရဟန်းတွေရဲ့လုပ်ရပ်တွေကို မြင်ရင် ရှုတ်ချစရာကဲ့ရဲ့စရာဖြစ်ပါတယ်။ ME ရေ... ဒီလို များများဆက်လက် ဖော်ထုတ်ပေးပါ... အမြဲ အားပေးနေပါတယ်။

ရွှေညဝါ ဆရာတော်ဆိုတာ ဘာဘွဲ.ထူး ဂုဏ်ထူး ရ မရတော့ ကျမ မသိဘူး.. ဒါပေမယ့် ဒီဆရာတောင် ဟာ မနက်ခင်းမှာ သူ.ကျောင်းမှာရှိတဲ့စာသင်သား သံဃာတွေ ၊ သီလရှင်တွေ ကို ဦးဆောင်ပြီး ရပ်ကွက်အတွင်းလိုက်လံ အလှုခံပြီး သံဃာတွေ ၊ သီလရှင်တွေကို စောင့်ရှောက်တဲ့ ဘုန်းကြီးတပါးပဲ..တခါတလေ ဆိုရင် ဆွမ်းခံနေတုန်း မိုးရွာလဲ မိုးရေထဲမှာ ဆက်ကြွကြတာပါပဲ...တကယ် သနားဖို.ကောင်းပါတယ်...ဒီ ဘုန်းဘုန်းကို ကျမ မရင်းနှီးပါ သို.သော် မြင်တွေ.နေရပါ၏ ။ လူမှု.ရေး ၊ သာသနာရေး လုပ်ပါ၏ ။ ထိုသူတို.အတွက် ဘာအဆောင်အယောင်ဘွဲ.ထူးမှ မရှိရင် နေပါစေ လေးစားပါ၏။ ဆရာတော် နိုင်ငံရေးလုပ်တာ အခုမှ သိပါ၏ ။ ဘုန်းကြီးနိုင်ငံရေး မလုပ်ရဟု မည်သည့်ဥပဒေ ပုဒ်မ က တားမြစ်ထားပါသနည်း ။ မြန်မာ့သမိုင်းတွင် မြန်မာပြည်အတွက် နိုင်ငံရေးလုပ်ခဲ့ကြသော ဆရာတော် ဦးဝိစာရ ၊ ဦးဥတ္တမ တို.ကြားသော် ရင်နာပေလိမ့်မည် ။ယခု ရွှေညဝါဆရာတော် ကို အတင်း လူဝတ်လဲခိုင်းသည် အလွန်တရာ စိတ်ပျက်ဖွယ်ကောင်းလှပေသည် ။ ဘာသာခြား အင်္ဂလိပ်တို.က ကိုယ့်ဘာသာ ဆရာတော်ကို ပြုလုပ်ခြင်း ထက် ဘာသာခြင်း လူမျိုးခြင်းတူသူတို.က ပြုလုပ်ခြင်းသည် ရှက်ဖွယ်ကောင်းလေစွ ။ ကျမ မကြားဖူး မမြင်ဖူးပါ သဖြင့် ရွှေညဝါဆရာတော် အား သံဃာ အဖြစ်မှ စွန်.လွှတ်ရန် တောင်းဆိုရလောက်သော ကြီးလေးသော မအပ်စပ်သော အဖြစ်အပျက် ၊ အချက်အလက် တို.ကို ဒီဆောင်းပါးရေးသူ (သို.) အထက်တွင် ကွန်မန်.ရေးခဲ့သူတို.မှ သိရှိပါက မျှဝေပေးစေလိုပါသည် ။

လေးစားစွာဖြင့်
sv

ဘာသာရေးနဲ့ နိုင်ငံရေး..မရောဖို့ဆိုပြီး..အခြားဆိုဒ်မှာ ကော်မန့် သွားရေးမိပါတယ်..၀ိုင်းဖဲ့တာခံလိုက်ရတယ်..ခပ်ရိုင်းရိုင်းပြောရရင်..မြန်မာတွေကေ-ာက်ရူးတွေများတယ်..ဗုဒ္ဓဘာသာအမည်ခံပြီး..မင်္ဂလသုတ်လောက်မှ မှန်အောင်မဆိုတတ်တဲ့သူတွေအများကြီး..ဒါ့ကြောင့်လည်း.ဘုန်းကြီးတွေ လမ်းပေါ်ထွက် တာကို အဟုတ်ကြီးမှတ်နေကြတာ..အဲဒါ သာသနာ ကွယ်ကြောင်းပဲ..အခြားမှာ ကွယ်မကွယ်တော့မသိဘူး..မြန်မာပြည်မှာတော့ ကွယ်လိမ့်မယ်..ဒီလိုတွေဖြစ်နေတာကို ကြည့်ပြီး..၀မ်းလည်းနည်းတယ်..ဒေါသလည်းဖြစ်ရတယ်..ဘုန်းကြီးဆိုတာ လမ်းပေါ်မှာ လတ်ယားလတ်ယား လုပ်စရာလား..မဂ်ဖိုမှဖီလာ
ဖြစ်တဲ့စကားကို ပြောစရာလား..ဟီလာရီကလင်တန်က သူနဲ့ဘာဆိုင်လို့လဲ..တိုင်းသူပြည်သားတွေကို မဂ်ဖိုလ် ရရာရကြောင်းဟောပြော၇မှာလေ..ပြောကို မပြောချင်တော့ပါဘူး..

ဘာသာရေးနဲ့..နိုင်ငံရေး ရောပြီဆိုရင်တော့..ပြသနာ တကယ်စတာပါပဲ..မြန်မာတွေက ဗုဒ္ဓဘာသာအမည်ခံပြီး..ဗုဒ္ဓဘာသာအကြောင်း ကောင်းကောင်းမသိတဲ့သူတွေများပါတယ်..ဥပမာ ကြည့်မယ်ဆိုရင်..ရေသန့်ဘူးမှာ စွယ်တော်ပုံပေါ်တယ်ဆိုပြီး ကျိတ်ကျိတ်တိုးဖူးကြတာတို့..ရဟန္တာ လို့ အသံကြားတာနဲ့.သူ့ထက်ငါ အလုအယက်ပြေးကြတာတို့ စသည်ဖြင့်ပေါ့..ခုလည်း..နိုင်ငံရေးနဲ့..ဘာသာရေးကို..အမြင်နှစ်ခုကို တစ်ပေါင်းတည်းမြင်ပြီး.ဆုံးဖြတ်လိုက်တော့ ရှုပ်ကုန်ပါတော့မယ်..လူဆိုတာ မိမိအလုပ်မိမိလုပ်ဖို့လိုပါတယ်..ကောသလမင်း အိပ်မက်ထဲက အတိုင်း တစ်ကယ်ဖြစ်လာနေပါပြီ..လူတွေက တရားဟောပြီး..ဘုန်းကြီးတွေက လူအလုပ်ကို လုပ်ကုန်ကြပါပြီ..သာသနာ ကွယ်ဖို့ လမ်းစပါပဲ..ဒီပုံအတိုင်းဆက်လုပ်နေကြမယ်ဆိုရင်..နောက်ထပ် နှစ်ပေါင်း ၂၅၀၀ တောင်ခံပါ့မလားပါပဲ..အတော်ရင်လေးစရာကောင်းပါတယ်..နိုင်ငံအရေးအတွက်ဆိုပြီး..သံဃာတော်တွေ.နိုင်ငံရေးလုပ်တာ..ဟိုတုန်းကတည်းက မကြိုက်သလို..ခုလည်းမကြိုက်..နောင်လည်းမကြိုက်ပါဘူး..အမြင်လည်းမတော်ပါဘူး..၀ိနည်းနဲ့လည်းမညီပါဘူး..မဂ်ဖိုလ်ရကြောင်းလည်း မထောက်ပံ့ပါဘူး..သာသနာတော်ကိုလည်း ညစ်နွမ်းစေပါတယ်..

သာသနာ့ဘောင်ကလူတွေနိုင်ငံရေားမလုပ်ရဘူးဆိုတော့ နိုင်ငံရေးသမားတွေရောဘာသာရေးမလုပ်ရတော့ဘူးလား?
ဘုန်းကြီးဆွမ်းကပ်တာလေးတောင်မလုပ်ရတော့ဘူးလား????

သာသနာ့ဘောင်ကလူတွေ နိုင်ငံရေးမလုပ်ရဘူးလို့ပဲပြောတာ
နိုင်ငံရေးသမားတွေ ဘုန်းကြီးဆွမ်းကပ်လို့မရဘူးလို့ ဘယ်နင့်အမေလင်က ပြောလို့တုန်း
အော်ဒုံးဝေးတဲ့ ကောင်တွေ
နွားကို ပလာတာ ကျွေးရသလိုပဲ

MEG မှာ ဒီပို.စ်နဲ.ပါတ်သက်ပြီး ကွန်မန်.လာရေးတာ ဘာကြောင့်တင်မပေးတာပါလဲ... လူတွေကို အမိန်.နာခံစေချင်ရင် ကိုယ်ကလဲ လူလေးစားအောင် နေရပါတယ်...လူတွေကို မလုပ်စေချင်ရင် ကိုယ်ကိုယ်တိုင်ကလဲ အဲ့ဒါကို မလုပ်ရပါဘူး...အခုတော့ ဘာမှ ဆဲဆိုတာလဲမပါ...ရိုင်းစိုင်းတာလဲ မပါတဲ့ ကွန်မန်.တွေကို တင်မပေးတာ ဘာသဘောပါလဲ...ဒါ နောက်ဆုံးပါပဲ.. ဒီနေရာမှာ မရေးရ ရင် ရေးရတဲ့ နေရာ တပုံကြီးပါ...သိပ်တော့ စိတ်မကောင်းပါဘူး....ပြောတဲ့အတိုင်း မလုပ်တတ်တဲ့ MEG အတွက် အလွန်ဝမ်းနည်းလျှက်

SV

မောင်ရုရှားသို.

သာသနာ့ဘောင်က လူတွေ နိုင်ငံရေးမလုပ်ရဆိုတဲ့ ဥပဒေ ရှိရင် တင်လိုက်ပါ ။ မြတ်စွာဘုရားတောင်မှ ၂ နိုင်ငံ စစ်ပွဲအတွက်သေကြေကြမှစိုးလို. ကြားဝင်တရားဟောခဲ့ရသေးတယ် ။ ဝင်ပါခဲ့ရသေးတယ်...

နိုင်ငံရေးသမားတွေ ဆွမ်းကပ်လို.မရဘူးဆိုတာ မဟုတ်ခဲ့ရင် ဆွမ်းကပ်ခဲ့တဲ့ နိုင်ငံရေးသမားတွေကို ဖမ်းတာတို. ၊ နိုင်ငံရေးသမားတွေကပ်တဲ့ဆွမ်းကို လက်မခံဖို. တားမြစ်တာတို.ကကော... ဖြေပေးပါ

ဒီကွန်မန်.ကို မတင်ရင်တောင် အနည်းဆုံးတော့ အက်မင်က ဖတ်ရမှာပဲလေ..ဟုတ်တယ်မလား.. ကျေနပ်၏

SV

ဘယ်ကောင်မှမကောင်းဘူး

သဘောထားကြီးကြပါ

ဝိနည်းနဲ့ မညီတဲ့ဘုန်းကြီးတွေ အကုန်လူဝတ်လဲသင့်ပါတယ်။
ဝိနည်းမညီဘူးဆိုမှ ဘုန်းကြီးဘယ်ဟုတ်တော့မလည်း..
ဒီလို ၀ိနည်းမညီသော ဘုန်းကြီးတွေကို society က လုပ်ကျွေးနေရတာ တရားမျှတမှု မရှိပါဘူး။

ဒါလုပ်သင့်တဲ့အလုပ်ပါ
သံဃမဟာနာယက မှန်ပါတယ်
မြန်မာနိုင်ငံသားတိုင်း လက်ခံရမယ်

သမိုင်းမှာ သာသနာပိုင်က မင်းတုန်းမင်းကို ရေမြှုပ်ဗုံးစမ်းသပ်အောင်မြင်တာကို ဘုန်းဘုန်းစိတ်မချမ်းသာဘူးမိန့်မိလို့ ကာကွယ်ရေးအင်အားကျဆင်းပြီး သူတစ်ပါးလက်အောက်ကျရောက်ခဲ့ရတာ သင်ခန်းစာယူတတ်ပါစေ။

အင်း တစ်ခုခုတော့ ပြောမှဖြစ်တော့မယ်လို့ထင်လို့ ဒီကွန်မန့်ကို ပေးလိုက်တာပါ.... ရဟန်းတွေအတွက် မြတ်ဘုရားက ၂၂၇သွယ်သော သိက္ခာ ပုဒ်ကို ပညတ်ထားခဲ့ပါတယ်....အဲဒီ ၀ိနည်းတွေထဲက ဘာကို ချိုးဖောက်နေပြီလဲဆိုတာ ရွှေည၀ါဆရာတော် ကိုယ်တိုင်သိပါတယ်..... လူတွေကြားထဲဝင်ပြီး နိုင်ငံရေးဝင် လုပ်တဲ့ ရဟန်းတွေ နောက်ဆုံးဘာဖြစ်ရသလဲဆိုတာ သမိုင်းမှာ သက်သေတွေအများကြီးကျန်ရစ်ခဲ့ပါတယ်။
ဘာသာ၊ သာသနာ ညှိုးနွမ်းမဲ့အကျိုးကိုတော့ မလိုလားပါ.... အခုလိုဖြစ်နေတာတွေမြင်ရင် အခြားဘာသာဝင်တွေက ထေရ၀ါဒကို အထင်မြင်သေးပါလိမ့်မယ်..... ရဟန်း ဒါယကာ၊ ဒါယိကာမများလည်း ဂရုစိုက်သင့်ပါတယ်။ သာသနာကို ပျိုးထောင်ပါ။ မဖျက်ဆီးကြပါနဲ့.....အရှင်ဘုရားနိုင်ငံရေး လုပ်ချင်ရင်လဲ အကောင်းဆုံးက လူဝတ်လဲပြီး လုပ်ပါ။ ရဟန်းတွေ ၀တ်ဆင်တဲ့ သင်္ကန်းဟာ ဒီလောကကြီးမှာ အမြင့်မြတ်ဆုံး အရဟတ္တဓဇ ပါ.....သာသနာ့တံခွန်ပါဘုရား....မနေတတ်ရင် အပြစ်လဲကြီးပါတယ်....
မြတ်ဘုရားရဲ့ သာသနာ အရှည်တည်တံ့ပါစေကြောင်း ဆုမွန်တောင်းပါ၏။ ဆန္ဒမွန်ဖြင့်....

သမိုင်းကြောင်းက သမိုင်းကြောင်းပါပဲ....သူ့ခေတ်နဲ့သူ့အခါပေါ့

ဘုန်းကြီးက..ဘုန်းကြီးလိုနေတာပဲ သင့်တော်ပါတယ်။ အပေါ်က ပြောသလို
နိင်ငံရေးလုပ်ချင်ရင် လူထွက်တာ အကောင်းဆုံးပါပဲ။ သင်္ကန်းတကားကားနဲ့သာသနာလည်းအကြည်ညိုလျော့ပါတယ်။

စော်ကားတာတော့မဟုတ်ပါဘူး။ တိုင်းပြည်အုပ်ချုပ်ဖို့နေနေသာသာ ကိုယ့်ဆွေမျိုးတွေ၊ ကိုယ့်မိသားစုတွေကိုပဲ အရင်ဆုံး စည်းလူံးညီညွတ်အောင် လုပ်ကြပါဦး။

ဆရာတော်က ဦးဆောင်ပြီး ဆွမ်းခံတာက သာသနာတော်အကျိုးပါ။ ဒါကိုကြည့်ပြီး နိင်ငံရေးလည်း လုပ်နိင်တယ်ဆိုပြီး မယူဆသင့်ပါဘူး။

ရွှေညဝါလည်း ခုလောက်ဆို ကိုယ့်ဟာကို သိနေလောက်ပါပြီ ။
မသိကြသေးတာက ရမ်းသန်း ထောက်ခံနေကြတဲ့ ဒကာ ဒယိကာမတွေပါ ။ နားလည်ပေးလိုက်ကြစေချင်ပါတယ် ။

sv ရေ ကြားထဲက ငထွားခါးနာမနေပါနဲ့ .အဲဒီဘုန်းကြီးလည်း သူ့ကိုသူ သိမှာပါ(မှတ်ချက် သင်္ကန်းဝတ်ထားသဖြင့် ဘုန်းကြီးလို့ ခေါ်ခြင်းဖြစ်ပါသည်)ထေရ၀ါဒ ရဟန်းတော်တွေမှာ စောင့်ထိန်းရမယ့် ဝိနည်းတော်တွေက များကြီးပါ..၀ိနည်းတော်နဲ့ အညီမနေနိုင်ရင်တော့လူထွက်ပြီး လုပ်ချင်တဲ့ နိုင်ငံရေးကိုသာ ဇောက်ချလုပ်ပေတော့  သာသနာကိုတော့ ခုတုံးမလုပ်ပါနဲ့ ......

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်