Subscribe to our RSS Feed

ပြည်ပမှ ရန်ကုန်တိုင်းဒေသကြီး၏ မြေပုံကို အွန်လိုင်းမှ တစ်ဆင့်ဝင်ရောက် ကြည့်ရှုမှု တိုးပွားလာ


အွန်လိုင်းမှ တစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး၏ မြေပုံကို ကြည့်ရှုနိုင်သော www.myanmarexploer.com ဝက်ဘ်ဆိုက်မှ ဝင်ရောက် ကြည့်ရှုမှုများတိုးပွားလာသည်ကို myanmareploer မှ တာဝန်ရှိသူက ပြောကြားသည်။ မြန်မာနိုင်ငံအတွင်းရှိ ဝန်ဆောင်မှုများနှင့် သက်ဆိုင်သည့် အချက်အလက်များသာမက အသုံးပြုလိုသည့် တည်နေရာများ၊ သွားရောက်လိုသော နေရာဒေသများသို့ အတည်တကျ လမ်းများကို သိနိုင်ခြင်း၊ လမ်းညွှန်မြေပုံတစ်ခုဖြစ်သော Google earth ပေါ်တွင် သိရခြင်း၊ ဝယ်လိုသော ပစ္စည်းများကို website မှ သွားရောက်၍ ဈေးနှုန်း၊ ပစ္စည်း၏ ပုံစံများနှင့် ဝန်ဆောင်မှုစသော အချက်များသာမက ရောင်းချသူနှင့် တိုက်ရိုက်ဆက်သွယ်ပြီး လူအပင်အပန်းသက်သာလာ၍ ပြည်တွင်းသာမက ပြည်ပနိုင်ငံများပါဝင်ရောက် ကြည့်ရှုသူများလည်းရှိကြောင်း သိရသည်။ “အများဆုံးကြည့်ရှုသူတွေကတော့ စင်ကာပူနိုင်ငံပါပဲ၊ ဒုတိယတော့ အမေရိကန်နိုင်ငံဖြစ်တယ်။ Website မှာ စတင်တုန်းကတော့ ကြည့်ရှုသူတွေက နည်းပါတယ်။ နောက်ပိုင်းမှာ နိုင်ငံတကာက ဝင်ကြည့်လာကြတာပါ။ မြန်မာနိုင်ငံကတော့ အများဆုံးဖြစ်တယ်” လို့ In mai Kha ကုမ္ပဏီမှ တာဝန်ရှိသူထံမှ သိရသည်။ ၎င်းဝက်ဘ်ဆိုက်ရဲ့ ထူးခြားချက်မှာ လုပ်ငန်းရှင်၏ မိမိတည်နေရာကို အတိအကျသိရှိရုံသာမက ကိုယ်တိုင်ဖော်ပြနိုင်သည့်အတွက် စိတ်ဝင်စားမှုများလျက်ရှိပြီး ရန်ကုန်မြို့နှင့် အခြားသော မြို့များကိုလည်း ဝက်ဘ်ဆိုက်တွင် ကြည့်ရှုနိုင်သည့် Data ထည့်သွင်းထားသလို Mobile Version အဖြစ် ထပ်မံပြုပြင်ထုတ်လုပ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်