မင်္ဂလာတောင်ညွန့် မြို့နယ်၊ စက်ဆန်းရပ်ကွက်ရှိ မေတ္တာမွန် ကားဂိုထောင် မီးလောင်ပေါက်ကွဲမှုကြောင့် မီးသတ်ဌာနမှ ၆ ဦးအပါအ၀င် အနည်းဆုံး လူ ၂၃ သေဆုံးတဲ့ သွားပြီဖြစ်ကြောင်း နောက်ဆုံးရ သတင်းများအရ သိရပါတယ်။ မင်္ဂလာတောင်ညွန့် မြို့နယ် စက်ဆန်း ၂ ရပ်ကွက်ရှိ ဂိုထောင်မီးလောင်မှုဖြစ်ပွားခြင်းမှာ မီးသတ်ကား အစီး ၂၀ လောက် ချက်ချင်းသွားရောက် ငြိမ်းသက်ခဲ့ပေမယ့် ပေါက်ကွဲလောင်ကျွမ်းမှု ကြီးမား ပြင်းထန်တာကြောင့် မီးညွန့်မချိုးနိုင်ခဲ့ဘူးလို့သိရပါတယ်။
မနက် ၁ နာရီ ၄၀ ခန့်က ဝါယာလျှော့ဖြစ်ပြီး မီးစ လောင်ကျွမ်းလာကာ မနက် ၂ နာရီခန့်မှာ ပေါက်ကွဲသံတွေ ထွက်လာခဲ့တာဖြစ်ပါတယ်။ မီးလောင်ပေါက်ကွဲမှုကြောင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ယနေ့ နံနက် ၄ နာရီအထိ ရောက်ရှိလာသော လူနာစုစုပေါင်း ၅၈ ဦးရှိပြီဖြစ်ပြီး သေဆုံးသူ ၁၁ ဦးရှိခဲ့ပါတယ်။
ပေါက်ကွဲမှူကြောင့်အခင်းဖြစ်ပွားရာနေရာတွင် တာဝန်ကျမီးသတ်ဝန်ထမ်း ၅ဦးပွဲခြင်းပြီးသေဆုံးခဲ့ပြီး တစ်ဦးမှာဆေးရုံတွင် ကွယ်လွန်သွားခဲ့ရာ မီးသတ်ဌာနမှ အရာရှိ ၊တပ်သား စုစုပေါင်း ၆ဦးအသက်ဆုံးရှူးံသွားခဲ့ပါတယ်။ သေဆုံးသူမီးသတ်ဝန်ထမ်းများမှာ တပ်သား မျိုးကျော်ကျော်၊တပ်သားအောင်အောင် ၊တပ်သားသော်ဇင်မျိုးထက် ၊တပ်ကြပ်ပြည်ဇော်ထွေး နှင့်တပ်ကြပ်တင်စိုး တို့ဖြစ်ကြောင်း သိရပါတယ်။
လောလောဆယ် ရရှိလာသော သတင်းတွေအရ ဒဏ်ရာရရှိသူ ကျား( ၆၂ )ဦး၊ မ( ၁၆)ဦး ရှိပြီး သေဆုံးသူဦးရေ ကျား( ၁၂) ဦး မ (၅)ဦးနှင့် မီးသတ်ဌာနမှ ၆ ဦးအပါအ၀င်စုစုပေါင်း ၂၃ ရှိပြီဖြစ်ကာ အိမ်ထောင်စု ၁၀၈၀ စု၊ ဆုံးရှုံးမှု တန်ဖိုး သိန်း ၁၁၃၆၊ ပျက်စီးအိမ် ၁၂၄ လုံးရှိကြောင်းသိရပါတယ်။
အခင်းဖြစ်ပွားရာသို့ မီးငြှိမ်းသတ်ရန် အစောဆုံးရောက်ရှိသွားသော မီးသတ်တပ်ဖွဲ့ဝင်များမှာ ပေါက်ကွဲမှုကြီးကြောင့် သေဆုံးခဲ့ကြရပါတယ်။ တာမွေနှင့် စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ကြပ် ပြည်ဇော်ဌေး၊ တပ်ကြပ် တင်စိုး၊ တပ်သားများဖြစ်သော မျိုးကျော်ကျော်၊ အောင်အောင်၊ သော်ဇင်မျိုးထက်တို့မှာ ပေါက်ကွဲမှုကြောင့် နေရာတွင်း ပွဲချင်းပြီး သေဆုံးခဲ့ကြရပါတယ်။ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သူ ၃ ဦးမှ ဒုတပ်ကြပ် သီဟမျိုးမှာ ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်သွားကြောင်း မီးသတ်တပ်ဖွဲ့ဝင်များကပြောပါတယ်။ အထက်ပါ ကွယ်လွန်သူများကို ယနေ့ညနေ ၅ နာရီတွင် ရေဝေးသုသာန်တွင် အခမ်းအနားဖြင့် မီးသင်္ဂြိုဟ်မယ်လို့ သိရပါတယ်။ ကျန် ၂ ဦး၏ အခြေအနေမှာလည်း စိုးရိမ်ဖွယ်အနေအထားမှာရှိနေသေးပြီး၊ ဒဏ်ရာရရှိသော မီးသတ်တပ်ဖွဲ့ဝင် အားလုံး ၃၀ ကျော်ရှိပြီဖြစ်ပါတယ်။
မီးလောင်ကျွမ်းရာနေရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဖြိုးစေတနာ ဆေးခန်းဖွင့်လှစ်ကာ ကူညီကုသပေးလျက်ရှိပြီး တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီကလည်း လူ ၅၀၀ စာအတွက် ထမင်းထုပ်များ လှူဒါန်းနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဒုတိယဥက္ကဋ္ဌက လူ ၁၂၀၀ အတွက် ထမင်းထုပ်များ လှူဒါန်းခဲ့ပြီး လူမှုရေးအဖွဲ့တစ်ခုဖြစ်သော BG သွေးလှူဒါန်းသောအဖွဲ့ကလည်း သွေးလှူဒါန်းမှုများကို ပြုလုပ်နေကြောင်း သိရပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကလည်း ကျပ် ၁၀ သိန်းလှူဒါန်းခဲ့ပါတယ်။
စေတနာရှင် ဦးဇော်ဇော် (Max Myanmar) ကုမ္ပဏီနှင့် ဦးတေဇ၏ ထူးဖောင်ဒေးရှင်းတို့ကလည်း လိုအပ်သည်များ လှူဒါန်းရန် လာရောက်လေ့လာခဲ့ကြောင်း သိရပါတယ်။































1 comments:
nice ....update news
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်