Subscribe to our RSS Feed

လှည်းတန်းဗုံးကွဲ၊ တစ်ဦးသေ တစ်ဦး ဒဏ်ရာရ

ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ ရှိ ရန်ကုန်တက္ကသိုလ်ဝင်းနှင့် ကပ်လျက် တည်ရှိသော အများသုံး သန့်စင်ခန်း တစ်ခုအတွင်း ယနေ့ (ဒီဇင်ဘာ ၂၁) နံနက် ၁၁ နာရီ ၁၀ မိနစ်ဝန်းကျင်က ချိန်ကိုက်ဗုံးထောင် ဖောက်ခွဲမှု တစ်ခု ဖြစ်ခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ အမျိုးသား တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိထားတယ်လို့ ရဲတပ်ဖွဲ့မှ အတည်ပြု ပြောဆိုပါတယ်။ မပေါက်ကွဲသေးပဲ ကျန်ရှိနေသော ဗုံးတစ်လုံးကိုလည်း တပ်မတော် က လာရောက် ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပြီး ဆက်လက်ရှာဖွေ ရှင်းလင်းနေတယ်လို့လည်း သိရပါတယ်။ ထိုသန့်စင်ခန်းမှာ တက္ကသိုလ်ရိပ်သာလမ်းနှင့် ပြည်လမ်းထောင့်ရှိ ရန်ကုန်တက္ကသိုလ်ဧရိယာအတွင်း မကြာသေးမီကမှ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။

ဗုံးပေါက်ကွဲရာနေရာသို့ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော် အင်ဂျင်နီယာ တပ်ရင်းမှ အသေခံ မိုင်းရှာ ရဲဘော် များ စုစုပေါင်း အင်အား ၁၀၀ ကျော် ရောက်ရှိနေကြပြီး ဒဏ်ရာရရှိခဲ့သော သန့်ရှင်းရေးဝန်ထမ်းအမျိုးသားတစ်ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်းလည်း သတင်းရရှိရပါတယ်။

လောလောဆယ် အင်းလျားလမ်းထောင့်ကနေ ကားလမ်းတွေကို ပိတ်ထားပါတယ်။ ရဲတပ်ဖွဲမှ တရားခံကို ခြေရာခံနိုင်ဖို့ကြိုးစားနေပြီး တပ်မတော် မှလည်း မိုင်းရှင်းလင်းရေးလုပ်ငန်းများကို အသေခံမိုင်းရှာ ရဲဘော်များနဲ့ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


သေဆုံးသူ အမျိုးသမီး

ပေါက်ကွဲမှုဖြစ်ပွားရာ အများသုံးအိမ်သာ

လည်းတန်း လမ်းဆုံ

ကြက်ခြေနီ၊ ပြည်သူ့ရဲ၊ အရန်မီးသတ်နှင့် တပ်မတော် သားများ အလျှင်အမြန်ရောက်ရှိလာ

ထူးခြားရင် ဝိုင်းအုံတတ်တဲ့ ရန်ကုန် လူထု

မီးသတ်ကားများ အသင့်စောင့်ဆိုင်းနေ


ဗုံးအမျိုးအစားနဲ့ တရားခံကို သိရှိနိုင်ဖို့ ကြိုးစား




အသေခံပြီး ဗုံးရှာနေသူ တပ်မတော်သားတစ်ဦး

အိမ်သာအတွင်း မြင်ကွင်း

အရာရှိကြီးများလည်း ရောက်လာ


တပ်မတော်မှ မပေါက်သေးတဲ့ ဗုံးတစ်လုံးကို ရှင်းလင်းနိုင်ခဲ့

18 comments:

ဒီသတင်းကို Eleven Media တို. ဧရာဝတီ တိုက..ပျော်နေ
ကြမှာ...သူတို.ကအစိုးရမကောင်းကြောင်းရေးတဲ.သူတွေ
ရဲ Comment တွေဆိုရင်တင်ပေးတယ်။မကောင်းကြောင်း
အမြဲရေးတယ်။ ကျွန်တော်လည်းပြောလို.ရတာဘဲခုမိုင်း
ခွဲးခိုင်းတာ..အောင်ဆန်းစုကြည်ဘဲ...NLD ကကောင်
တွေဘဲ....

ပြည်သူတွေအတွက် သေရေးရှင်ရေး အရေးကြီးလာတော့လည်း ဒီလူတွေကပဲ အနစ်နာခံလုပ်ရတာပါပဲ

နောက်ဆုံးတော. BE ကရဲဘော်လေးတွေဘဲမိုင်းရှင်းရတာ
မိုင်းရှင်းနေတုန်းသာထပ်ကွဲရင်..NLD ကကောင်တွေ။
Eleven Media တို.ဧရာဝတီတိုက.ကောင်တွေက BE က
စစ်သားတွေအသုံးမကျဘူးလို..မိုင် ၂၀ အကွာကနေအော်
နေကြမှာပါ......

အောင်မြင်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်ပြီဆိုတော့ မနာလိုမရှုစိမ့်သူများ အပျက်ကိုသာ စဉ်းစားနေတဲ့ မင်းသားမလုပ်ရလို့ ပတ်မထိုးဖေါက်ချင်သူ
များ ကြောင့် ပေးဆပ်သူတွေက ပြည်သူလူထု လား...

ဒေါ်စု တို့ ပဲမိုင်းထောင်တာနေမှာပေါ့ ဘယ်သူရှိမလဲ မြန်မာပြည်မှာ မကောင်းတာအကုန် ဒေါ်စု တစ်ယောက်ပဲ ဒိုင်ခံလုပ်နေတာ ..

အေးပေါ့... ဒေါ်စုက ဗုံးတွေစုထားတာကိုးးး ခွေးကောင်တွေ လီးဦးနှောက်နဲ့  မင်းအမေလိုးလား ဗုံးဘယ်သူ့ ဆီမှာရှိတာလည်းမသိဘူးလား.. NLD သာဗုံးရှိလို့ ထောင်ချင်ရင် မင်းတို့ ဖအေ ရဲစခန်းတွေ တခုမှကျန်မှာမဟုတ်ဘူး

ပေါ်ကုန်ပြီ
ဒေါ်စုက ရဲတွေကို မကျေနပ်ဘူးတဲ့

အော်အော် ခွေးသားတွေ စောက်ရှက်မရှိရေးတတ်လိုက်တာ။

အပေါ်က NLD ကိုအဖေခေါ်တဲ့ကောင်..မင်း အဖေ NLD တွေ အဲဒီဗုံးပေါက်ပီတဲ့အချိန်မှာ ဘယ်ရောက်နေလဲ..
သိလား..အဝေးကနေ ခွေးလိုဟောင်တဲ့ကောင်ကို မင်းပဲ
အဖေခေါ်လိုက်...မင်းအဖေ NLD တွေက စားမရတဲ့အမဲကို
သဲနဲ့ပတ်တာပဲဖြစ်မှာ...မင်းရဲ့ ချီးဦးနှောက်နဲ့ ၀င်ပီး comment မရေးစမ်းပါနဲ့ကွာ....

ဟုတ်ပါတယ်။

မှန်လိုက်တာ NLD ဆိုတာ အဝေးကခွေးလိုဟောင်နေတာလေ
အဲဒီ့ဗုံးထောင်တဲ့သူတွေက ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့ မှာ လည်း ဗုံးထပ်ခွဲဖို့ ထွက်လာခဲ့ပြီး ရန်ကုန်ပြည်တလမ်းလုံးလုံခြုံရေး တွေချပြီးစစ်တာ တစ်ယောက်ကိုဖမ်းမိသွားပြီလို့ကြားပါတယ် ကျန်တစ်ယောက်က တော့ ရန်ကုန်မှာပဲရှိနေဦးမလားမသိဘူးလို့ကြားပါတယ် အရေးကြုံတော့လည်း ဘယ်သူတွေအနစ်နာခံလုပ်လဲဆိုတာ NLD မှိုင်းမိနေတဲ့သူတွေသိသင့်ပါပြီ ဒေါ်စုကိုတော့ဘာမှမပြောလိုပါဘူး ဘာလို့လဲဆိုတော့သူကအစတည်းကဘာမှမှမဟုတ်တာ ဘေးက၀ိုင်းမြောက် အနောက်နိုင်ငံတွေက နယ်ရုပ်အဖြစ်သုံးနေတော့လည်း သူကဆက်ကရတော့တာပေါ့ မကလို့လည်းမရတော့ဘူးလေ NLD ကတော့ အဝေးကဟောင်တဲ့ခွေးပဲပေါ့

န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။ ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခမိစ္ဆေယျ။

တစ်ယောက်သောသူက တစ်ယောက်သောသူကို အမျက်မထွက်ပါစေလင့်၊ တစ်စုံတစ်ခုသော အမှုကိစ္စ၌ တစ်ယောက်သောသူက တစ်ယောက်သောသူကို ညှဉ်းဆဲချုပ်ချယ်သော ကာယကံ ဝစီကံဖြင့် လည်းကောင်း၊ ခိုက်ရန်မျက်ပွား အငြိုးထားသောစိတ်ဖြင့် လည်းကောင်း၊ အနည်းငယ်မျှသော်မှ မထီမဲ့မြင် မအောက်မေ့ပါစေလင့်၊ အချင်းချင်း၏ ဆင်းရဲဒုက္ခကို အလိုမရှိပါစေလင့်။

this is not time for fight and blame who fault it is. this is about time we get united and catch these criminal.
by the way i think myanmar military bomb squad should be equipped with better protected armors and suit. those soldiers are sacrificing their lives and try to disarm a bomb at least the government should do is give them the best armor and equipments.
look at those soldiers they have very thin suit with face and necks are wide open, if something get wrong they are definitely gonna die.
officers in russia should advice high command or should create something better to protect those who are brave enough to disarm a bomb

သဗ္ဗေသတ္တာ ကံမသက္ကာ... လူတိုင်းကိုယ်ပြုသောအမူတိုင်း ခံစားစံစား ကြရသူချည်ပါတကား

ဘာဘဲဖြစ်ဖြစ် ဗျာ ဗုံးထောင်တဲ့ သူကိုတော့ကန့် ကွက်ပါတယ်......

ဘယ်သူ.ကိုမှအပြစ်မဖို.ဘဲ တရားခံကိုမိအောင်ဖမ်းပေးဘို.က နိုင်ငံသားတိုင်းရဲ. အရေးကြီးဆုံးတာဝန်ပါ

NLD ကဗုံးထောင်စရာ အကြောင်းမ၇ှိပါဘူး....ဒီလိုပဲ စစ်တပ်က ထောင်ဖို့ ဆို ပိုတောင် မဖြစ်နိုင်သေးတယ်
အစိုးရနဲ့  မပြေလည်သေးတဲ့ လက်နက်ကိုင် အဖွဲ့ စည်းတွေကလို့ 
ထင်ပါတယ် .....ဗုံးထောင် တယ် ဆိုတာ ငှက်ပျော်သီး အခွံနွာစား
သလောက် မလွယ်ပါဘူး...အရင် တုန်းက ဗုံးခဏခဏ ၀င်ခွဲ၇င်
ကေအန်ယူ က စေလွတ်တာ များပါတယ် ......အခု ကေအင်ယူက ညိုနိုင်း ဖို့ ပြင်ဆင်နေတာဖြစ်တဲ့ အတွက် ကေအင်ယူလည်း မဖြစ်နိုင်ပါဘူး ...အခုလို မသပ်မရပ် အိမ်သာထဲလောက် ပဲ ခွဲနိုင်တာ ကေအိုင်ကေ ကလွတ်တာပဲ ဖြစ်မှာပါ....သောင်းကျန်းသူ ထဲမှာ တပ်အချင်းအချင်း မနိုင်၇င် ပြည်သူပိုင်ပစ္စည်း ကို ဖျက်ဆီးနေတဲ့ သောက်ကျင့်က ကိုဂမ်ရှောင် အကျင့်ပဲ ..အဲဒီတော့ အပေါ်က ညီအစ်ကို တွေ ဖြစ်နိုင်တာလေး တွေပဲ စဉ်းစားစေချင်တယ်..

ဘ၀တစ်ပါးသို့ကူးပြောင်းသွားသော ညီမလေး ကောင်းသောဘ၀သို့ ရောက်ရှိပါစေ။ အရင်ဘ၀က အကုသိုလ်တွေ ရှိခဲ့လို့ ဒီဘ၀မှာ ဒီအဖြစ်ဆိုးမျိုးနဲ့ ကြုံခဲ့ရရင်တောင် ဒီဘ၀မှာပဲ ဒီအမျှနဲ့ ကျေပါစေလို့ ဆုတောင်းပေးပါတယ်။ ဘ၀ဆက်တိုင်း ဒီဘ၀လို အဖြစ်ဆိုးမျိုးမှ လွတ်မြောက်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်နော် ..။ မကောင်းမှုလုပ်ခဲ့တဲ့သူလည်း တစ်နေ့မှာ နောင်ဘ၀တောင်မကူးပဲ သူလည်းပဲ ဒီလို ပြန်ခံကြရမယ်ဆိုတာ ယုံကြည်ပါတယ်။ ဘယ်သူပဲ လုပ်ခဲ့ခဲ့ အကုသိုလ် လုပ်ခဲ့တဲ့သူအတွက် အကုသိုလ် အကျိုးပေးတွေ သူ့ထံ ပြန်လာဦးမှာပါ..။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်