တရုတ်-မြန်မာနှစ်နိုင်ငံပေါင်း၍ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် (၁၁)ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်စီးပွားကုန်သွယ်ရေး ကုန်စည်ပြပွဲနှင့် အတူပူးတွဲ၍ လုပ်ငန်းပေါင်း(၂၂) ခု ဖက်စပ်လုပ်ကိုင်နိုင်ရန် သဘောတူ စာချုပ်ချုပ်ဆိုခဲ့ကြကြောင်း သတင်းရရှိသည်။ အဆိုပါ သဘောတူစာချုပ် ချုပ်ဆိုသော အခမ်းအနားတွင် မြန်မာနိုင်ငံမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မင်း၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံ တာဟုန်တိုင်းမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ မိမိတို့နှင့်သက်ဆိုင်ရာ လုပ်ငန်းများကို သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်း ၍ လုပ်ငန်း၂၂ ခုကို သဘောတူစာချုပ် ၃၀ ခုအထိ လုပ်ငန်းရှင်များက လက်မှတ်ရေးထိုးခဲ့ကြပြီး၊ အဆိုပါ စာချုပ်တန်ဖိုးငွေမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၃၅၇၃ အထိ ရှိကြောင်း၊ နှစ်နိုင်ငံ တင်သွင်းရောင်းဝယ်ရေး စာချုပ်တန်ဖိုးငွေ ကန်ဒေါ်လာသန်းပေါင်း ၇၇၉၃၃ နှင့် ပို့ကုန်ရောင်းဝယ်ရေးစာချုပ် ၂၀ ခုကို အမေရိကန်ဒေါ်လာသန်း ၇၇.၉၃ အထိ လုပ်ငန်းရှင်အသီးသီးမှ လုပ်ငန်းအသီးသီးတို့ကို သဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း ဒီဇင်ဘာ ၉ ရက်က သတင်းရရှိခဲ့သည်။ နှစ်နိုင်ငံမှ လုပ်ငန်းရှင်အများစု သဘောတူလက်မှတ် ရေးထိုးခဲ့ကြသော လုပ်ငန်းများမှာ ဆေးဝါးလုပ်ငန်း၊ ရေထွက်ကုန်ထုတ်လုပ်ငန်း၊ သတ္တုတွင်းထွက်လုပ်ငန်း၊ စက်မှုကုန်ကြမ်းထုတ်လုပ်ငန်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းထုတ် လုပ်ငန်းတို့ကို အဓိကလုပ်ငန်းများအဖြစ် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြကြောင်း ၂၀၁၁ ခုနှစ်ဒီဇင်ဘာ ၂၀ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
စွဲလန်းမှု နဲ့ မိုင်တိုင် ၃၀
-
******************
' သတ္တဝါတိုင်းကို ကယ်တင်လို့မရဘူး။ အားလုံးက ကံစီမံရာအတိုင်းပဲဖြစ်ရတယ်'
ပန်းဒေါင်းဝထ္ထုထဲမှာ တစ်ဖက်သားကို ကူညီချင်တဲ့ ခင်နွယ်စိုးကို ဦးေ...
8 years ago
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်