ABSDF လက်ရှိဥက္ကဌ သံခဲနဲ့ အရင် ဥက္ကဌ မိုးသီးဇွန်း ဘာကွာလဲ လို့မေးလာရင် ဖြေရတာ မခက်ပါဘူး။ အတိတ်အကြောင်းတွေ၊ အရည်အချင်းတွေ လိုက်မကြည့်ခင် မြင်တာလေး ပြောရရင်ပဲ အလွန်ကွာခြားပါတယ်။ လက်ရှိဥက္ကဌ သံခဲ ဘယ်နိုင်ငံ သွားသွား အတင်းထမင်းခေါ်ကျွေးကြတယ်၊ တစ်ယောက်ပြီးတစ်ယောက်လာတွေ့ကြတယ်၊ တစ်ဖွဲ့ပြီးတစ်ဖွဲ့ လာနှုတ်ဆက်ကြတယ်။ အဲ .. အရင်ဥက္ကဌ မိုးသီးဇွန်းတော့ အဲ့လိုမဟုတ်ဘူး။ သူလာမယ်ဆိုတာနဲ့ အကုန်လုံးက ကိုယ့်အိမ်လာမှာကြောက်နေကြတယ်။ သတင်းကြားကတည်းက အိမ်ရောက်မလာပါစေနဲ့ ဆုတောင်းကြရတယ်။ ဆုတောင်းမပြည့်လို့ ရောက်လာရင်တော့ သေပြီဆရာပဲ။
မိုးသီးဇွန်းကလည်း လူလည်ပါ။ ABSDF ကိုတောင် နှစ်ခြမ်းကွဲအောင် အုပ်ချုပ်လာသူဆိုတော့ ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ အိမ်တစ်အိမ်ရောက်ပြီဆိုတာနဲ့ ထမင်းကို မဆံ့မပြဲ ကုန်းစားပါတယ်။ နောက်တစ်နပ် ကျွေးမယ့်လူက မသေချာဘူး။ ဒီတော့ သေချာတဲ့ တစ်နပ်ကို အရအမိ စားတာပဲ။ ထမင်းစားပြီးရင် ဘုရားစဉ်ပေါ်က အသီး စွန့် စားသေးတယ်။ ABSDF တပ်မတော်သား တွေ စွန့်စားတယ်ဆိုတာ ဒါမျိုးကိုပြောတာ။ သူ့အကြောင်းသိကြတော့ မိုးသီး ဆိုတာနဲ့ အကုန်ပြေးကြတယ်။ လမ်းတွေ့ရင် မမြင်ချင်ဟန်ဆောင်ကြတယ်၊ ဒီဖက်လမ်းကလာမယ်ဆိုရင် ဟိုဖက်လမ်းကိုရွေးသွားတယ်။
သံခဲ လာမယ်ဆိုရင်တော့ လမ်းစရိတ်တောင် ပေးပြီးခေါ်ကြတယ်၊ မိုးသီးကိုတော့ ကိုယ့်စရိတ်နဲ့ကိုယ် လာပါမယ်ဆိုတာတောင် ဘယ်သူမှ မခေါ်ကြ။ သံခဲဆိုရင် တစ်ယောက်ပြီး တစ်ယောက်က အရက်ခေါ်တိုက် တာ မသောက်နိုင်တော့ဘူး။ မိုးသီးလာရင်တော့ အိမ်မှာ ရှိသမျှ အရက်ပုလင်းတွေ ဖွက်ထားကြတယ်။
ဒါကတော့ လူရှေ့မှာ ရှိတဲ့အချိန်တွေပါ။
တောထဲမှာနေတဲ့အချိန်တွေကတော့ နှစ်ယောက်လုံးက အတူတူနဲ့ အနူနူပါပဲ။ တောထဲက လက်အောက်ငယ်သားတွေ အခု ငတ်ပြတ်နေပါတယ်၊ ရာဘာခြစ်နေရပါတယ်၊ စားစရာမရှိပါဘူး၊ စုတ်ပျက်သက်နေပါတယ်။ အမြဲလိုလိုလည်း ဓာတ်ပုံဗွီဒီယို အရိုက်ခံရပါတယ်။ အဲဒီ ဓာတ်ပုံဗွီဒီယိုတွေက အင်တာနက်ပေါ်နဲ့ အလှူရှင်တွေ လက်ထဲ ရောက်သွားပြီး အလှူငွေတွေ ရလာပါတယ်။ အလှူငွေတွေက သံခဲ အိပ်ထဲရောက်သွားပါတယ်။
အစိုးရသစ်လက်ထက် ရန်ကုန်၊ မန္တလေး ကအခြေအနေတွေ ပြောင်းလဲ သွားမယ်၊ နောက်ပိုင်းအစိုးရတွေလက်ထက် မြန်မာနိုင်ငံကြီး ပြောင်းလဲ ချမ်းသာသွားလည်း ဆင်းရဲ စုတ်ပျက်နေတဲ့ နယ်စပ်က ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေကတော့ အင်တာနက်ပေါ်ကို တက်လာအုံးမှာပါ။ သံခဲရဲ့ သားသမီးတွေ အဆင့်မြင့်မြင့်ကျောင်းတပ်တယ်၊ သူ့လက်အောက်က လူတွေ ထဲမှာ ကလေး ၈၀% က ကျောင်းဆိုတာ ဘာမှန်းမသိဘူး။ မိဘတွေနဲ့လိုက်ပြီး ရာဘာခြစ်ရတယ်။
သံခဲက အစည်းအဝေးတွေတက်တယ်။ ကျောင်းမတတ်ရတဲ့ ကလေးတွေ၊ အဝတ်အစားမရှိတဲ့ ကလေးတွေအကြောင်း ဆွေးနွေးတယ်။ ပိုက်ဆံတွေရလာတယ်။ သံခဲကလေးတွေကို ကားနဲ့ ကျောင်းပို့တယ်။ အဝတ်အစားတွေ ဝယ်ပေးတယ်။ ဒါပဲ။
မိုးသီးကတော့ သံခဲလို မဟုတ်ဘူး။ လက်တွေ့သမား။ မိုးသီး ကို ဆန့်ကျင်ချင်တဲ့ မျက်လုံးနဲ့တောင် မကြည့်နဲ့ မိုးသီးလက်ဝါးက ပါးပေါ်ရောက်လာရော။ အာဏာမက်သလားမတော့ မမေးပါနဲ့။ ဘုရင်တစ်ဆူလို့ သူ့ကိုယ်သူထင်နေတာ။
ဆဲနည်းကလည်း မျိုးဆုံတတ်တယ်။ တောထဲမှာကတည်းက အယုတ်တ အနတ္တ စုံအောင်ဆဲနိုင်တယ်။ အမေရိကားကိုရောက်တော့တောင် ဦးသိန်းစိန်လာတုန်းက အရှက်မရှိ လမ်းပေါ်က အော်ဆဲတယ်။ အဲလို လူမျိုးက မြန်မာနိုင်ငံ ဒီမိုကရေစီအတွက် ကြိုးစားနေတယ်တဲ့။ နောက်ဆုံးတော့ ABSDF လည်း မိုးသီးနဲ့ နိုင်အောင် ဆိုပြီး နှစ်ခြမ်းကွဲတော့တာပေါ့။
ဒါကတော့ သံခဲနဲ့ မိုးသီးဇွန်းတို့ ကွာခြားချက်တွေပါ။ အခုဆိုရင် ABSDF က နှစ်ခြမ်းတောင် မဟုတ်ဘူး။ အစိတ်စိတ်အမွှာမွှာတောင် ကွဲနေပါပြီ။ တစ်ယောက် တစ်ဖွဲ့၊ သူတလူ ငါတစ်မင်း။ ဘယ်သူပြောတာမှ လက်မခံကြ၊ နားမထောင်ကြ။ ငါပြောတာအမှန်ပဲ ဖြစ်နေကြတယ်။ အကုန်လုံးကလည်း ကိုယ့်စီးပွားရေး၊ ကိုယ့်မိသားစုအရေးပဲ လုံးပန်းနေကြတယ်။ မြန်မာနိုင်ငံ နိုင်ငံရေးဖွံ့ဖြိုးရေး၊ စီးပွားရေးတိုးတက်ရေးအတွက် ဘာမှမလုပ်နိုင်ကြပေမယ့် သူများနိုင်ငံ့ တိုးတက်ဖို့တော့ ABSDF ရဲဘော်တွေက ကျွန်ခံနေကြတုန်းပါ။

Myanmar Express
4 comments:
အမှန်တွေ သိပ်မရေးပါနဲ့ဗျာ... ဟ ဟ ဟ။ ဟိုလဒတွေ အာခေါင်ခြစ်ပြီး နာနေကြဦးမယ်..။
ဟီးဟီး။ ဒါတွေပြောရင် ဒေါတွေပါလာကြအုံးမယ်ဗျာ။ သိပ်မဖဲ့ပါနဲ့ ခုတောင် နေစရာ နေရာက တော်တော်ကျဉ်းနေပြီ။ :D နောက်ထပ် ကျဉ်းတဲ့နေရာကတော့ အင်းစိန်ပဲကျန်တော့တယ် ပို့ပေးဖို့ :P
အေးဒီမိုးသီးဆိုတဲ့ကောင် မိကောင်းဖခင်သားသမီမဟုပ်လောက်ပါဘူးဒီကောင်ဟာဖာသေမနဲ့တတောင်းစားကမွေးတဲ့သားဖြစ်မှာပါ တော်ကြရင်စိတ်တော်နေအုံမယ်
နှစ်ယောက်စလုံးဆောက်ရူးတွေပဲသတောင်းစားတွေ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်