Subscribe to our RSS Feed

သင်္ဃာန်းဝတ်ကြီးနဲ့ လောကီရေးဝင်ပါသူကို ရှေးတုန်းကတော့ အရည်းကြီးဟု ခေါ်ခဲ့သည် (ပေးစာ - ၆၆)


သံဃာဆို မှတော့ လောကီရေးပတ်သက်လို့ မရပါဘူး။ လောကီရေးဝင်ပါမှတော့
ပုဂံခေတ် အရည်းကြီးတွေနဲ့ ဘာခြားတော့မှာလည်း။ သံဃမဟာနာယကအဖွဲ့ ဆိုတာ
လိုအပ်တဲ့ အဖွဲ့ တခုပါ။ ဦဆောင်ဦရွက်ပြုမယ်သူမရှိရင် ဘယ်အရာမှ
ကြာကြာမရှိပါဘူး။ တခုဘဲရှိတာပေါ့ ။ နည်းမှန်လမ်းမှန်နဲ
့ဦဆောင်ဦးရွက်ပြုဖို့ တော့လိုပါတယ်။ မဟာယန မှာဆိုရင် လားမားနှစ်ပါးက
တိဘက်ကိုအုပ်ချုပ်ခဲ့ပါတယ်။ ထေရ၀ါဒကတော့ လောကီကိစ္စတွေကင်း
အောင်နေတဲ့သဘောဘဲ။ ဘုရင်တွေလက်ထက်မှာ သာသနာပိုင်တွေရှိပါတယ်။
မင်းဆရာအဖြစ်နဲ့ သံဃာတွေကို အုပ်ချုပ်တာပါ။ ဘုရင်ဆိုတာ သက်ဦဆံပိုင်ပါ။
ဘုရင်ဘယ်လောက်ဘဲ ဒေါသထွက်ပြီးသက်ချင်နေပါစေ သာသနာပိုင်ဆရာတော်က
အသက်အလှုခံရင် ဘုရင်ကချမ်းသာပေးပါတယ်။ စကားလုံးကတော့ အသက်အလှုခံတာပေါဗျာ။
အမှန်ကတော့ သာသာနာပိုင်ဆရာတော်က သတ်ခံရမယ်သူကို ၀င်ကယ်ရင်
သတ်မဲ့လူသတ်သမားများက မသတ်သေးဘဲ ဆရာတော်ဘုရင်နဲ့ တွေပြီး ဘုရင်ရဲ့ လွတ်စေ
အမိန့် ကိုစောင့်ပေးတာပါ။ တကယ်ဆို ဘုရင့်အမိန့် မရောက်ခင်
သတ်လိုက်လည်းရပါတယ်။ ဒါပေမယ်သာသနာပိုင်ရဲ့ သြဇာအာဏာကို က ရပ်တန်
့စေနိုင်လို့ ပါ။ ဘုရင်ကလည်း ငါဒီလောက်သတ်ချင်နေတာ၊ မင်းတို့ ငါ့ အမိန်
့မရသေးခင် သတ်လိုက်တာမဟုတ်ဘူး ဆိုပြီး ဘယ်လောက်ဘဲ မုန်းတီးပါစေ
အပြစ်မတင်ဘူး။ ဒါဟာ ဆရာ ဒကာ အပြန်အလှန် ချစ်ခင်လေးစားမှုဘဲ။

ဘုရင်တွေ စစ်တိုက်တာကို လည်းဘယ်တုန်းကမှာ ၀င်မစွက်ခဲ့ပါဘူး။ ပြောရရင်
သန်လျင်မှာ ငဇင်ကာ လို့ခေါ်တဲ့ ပေါ်တူဂလူမျိုး အုပ်စိုးစဉ်က
ရဟန်းသံဃာတွေကို သတ်ခဲ့ပါတယ်။ မြန်မာဘုရင် အနောက်ဘက်လွန်မင်းကို
မင်းသံဃာတွေ အသတ်ခံနေရပြီ၊ သွားတိုက်ပေးပါဆိုပြီး သာသနာပိုင်ဆရာတော်က
အကူအညီ မတောင်းခဲ့ပါဘူး။ နိုင်ငံမဲ့ ဖြစ်မှာစိုးလို
မြန်မာနိုင်ငံသားဖြစ်ရေး အတွက် အရေးဆိုနေပြီး မိမိနိုင်ငံအပေါ်
အမြင်စောင်းနေတဲ့ ဘာသာခြားတွေက ပြောပါတယ်။ အလောင်းမင်းတရား က ယိုးဒယားကို
သွားတိုက်ပြီး ဘုရားတွေဖျက်စီးတယ်ဆိုတာ အမှန်က ယိုးဒယား သမိုင်းပါ။
မြန်မာဘက်က တမျိုးရေးထားပါတယ်။ ဟုတ်မဟုတ်ငြင်းတာထက်
အဲဒီခေတ်သာသနာပိုင်ဆရာတော်က ခရူးဆိတ်စစ်ပွဲမှာလို ပုပ်ရဟန်းမင်းကြီးက
အာရပ်မွတ်ဆလင်တွေကို သွားတိုက်ဖို့ ခိုင်းသလိုမျိုး
မတိုက်တွန်းခဲ့ပါဘူးဆိုတာတော့ သေချာပါတယ်။

Lord Nay Min, the Great ကြီးမြတ်ခမ်းနားလှစွာသောသခင် မဟာ နေမင်း
cybernautical@gmail.com



Myanmar Express

6 comments:

ထောက်ခံတယ် ဘုန်းကြီးက ဘုန်းကြီးလိုမနေတဲ့လူတွေကိုအသေချဉ်တာ

ပြောလိုက်ရင် ဦးဥတ္တမနဲ့ ကိုင်ပေါက်အုံးမယ်။ လူတွေက တစ်ကယ့် တစ်ကယ်တော့ ကိုယ်လိုရာ ဆွဲတွေးနေကြတာပါ။ အဲတော့ ဘုမသိ ဘမသိနဲ့ နိုင်ငံလုပ်တဲ့ ဘုန်းကြီးဆို လူတော်တော်များများက ထောက်ခံအားပေးကြတာ တော်တော်တော့ထူးဆန်းနေတယ်။

တစ်ကယ်တော့ ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ (သာမန် ဗုဒ္ဓဘာသာပဲ ရှိသေးတယ်နော်၊ ထေရ၀ါယ ဆိုတာမပါသေးဘူး) ဘာသာ၊ သာသနာနဲ့ လူမှုရေး၊ နိုင်ငံရေးစတာတွေကို ခွဲခြားတတ်ဖို့လိုပါတယ် ခင်ဗျ။

အဲလို မခွဲခြားတတ်တဲ့ ရဟန်းဖြစ်စေ၊ လူပုဂ္ဂိုလ်ဖြစ်စေ။ လူသားများကို ဗုဒ္ဓဘာသာဝင်လို့ မခေါ်ထိုက်ပါဘူး။ ထိုသူတို့သည် သာသနာ အတု သာသနာအယောင် များတာဖြစ်ပါတယ်။

ဘာလို့ ကျွန်တော် ဒီလိုပြောလဲဆိုရင် ကျွန်တော်တို့ ဗုဒ္ဓဘာသာဆိုတာဟာ မေတ္တာတရားရှေ့ထားပြီး လိုချင်တပ်မက်မှုကို ချိုးနှိပ်တဲ့ ဘာသာလို့ လူပိန်းနားလည်အောင် ဆိုနိုင်ပါတယ်။

ဗုဒ္ဓက ဟောကြားခဲ့တာ သစ္စာတရား ၄ပါးပါ။ လိုချင်တပ်မက်မှု တရား ၄ပါး မဟုတ်ပါဘူး။ ထားခိုင်းတဲ့ စိတ်ဓါတ်က မေတ္တာတရားပါ။ လိုချင်တပ်မက်မှု မဟုတ်ပါဘူး။ စွန့်ပယ်ခိုင်းတာက အတ္တ၊လောဘ၊ ကိလေသာ တို့ပါ။

ခုတော့ သင်္ကန်းဝတ်တွေနဲ့ ယနေ့ သာသနာတော်မှာ ရဟန်းတော်တော်များများ (အများအားဖြင့် စာသင်သား သံဃာ) ဟာ မြတ်ဗုဒ္ဓဟောခဲ့တဲ့ တရားတွေနဲ့ ဆန့်ကျင်ပြီး လောဘ၊ ဒေါသ၊ မောဟ၊ ကိလေသာတွေနဲ့ မွှန်းခြယ်ထားကြသလိုဖြစ်နေတယ်လို့ မြင်မိပါတယ်။

ဘာလို့လဲ ဆိုတော့ မြတ်စွာဘုရားဟာ ဆွမ်းကိစ္စကိုတောင်မှ အဆုံးစွန် ဟောခဲ့တာကတော့ ကပ်လှူ ပူဇော်မည့် တကာ၊ တကာမ မရှိရင် ရဟန်း၏ ဆွမ်းကိစ္စကို သပိတ်ကို ရေကျဉ်း၍ သောက်ပါက ဆွမ်းကိစ္စ ပြီးတော်မူ၏ဟု ပါရှိပါတယ်။ ကျွန်တော် မပိုမပြောပါ။ မယုံရင် ရဟန်း သိက္ခာပုဒ်မှာ ပါတဲ့ ၀တ်နည်းမှာ လေ့လာကြည့်ပါ။ သိပါလိမ့်မယ်။

အဲတော့ ဒီလို အဆုံးအစွန်ထိတောင် ဟောခဲ့တာကို လက်ခံ နာယူ ကျင့်သုံးပါ့မယ် ဆိုပြီး အာမဘံဒေ ခံခဲ့သော ရဟန်းများက ပုတုဇဉ်များ၏ ပရိဒေ၀ မီးများကို ငြိမ်းသတ်ရမယ့် အစား သူတို့က ဦးဆောင်ပြီး ဆွမ်းရှင် ထမင်းရှင် ဆိုတဲ့ ခေါင်းစဉ်တွေသုံး၊ သာသနာတော်လာ ၀တ်နည်း၊ သိက္ခာဆိုတာ ဘေးချိတ်ပြီး သင်္ကန်းဝတ်ကြီးတွေနဲ့ လန်းလန်း လုပ်နေကြချင်းသည် အင်မတန်မှ ဗုဒ္ဓဘာသာ ကြီးအတွက် ကမ္ဘာအလည်မှာ အလွန် မျက်နှာပျက်စရာဖြစ်ရပါတယ်။

မယုံဘူးလား။ ဘောလုံးပွဲ လာချိန်မှာ လက်ဖက်ရည်ဆိုင် သွားကြည့် လူ ၅၀ ထိုင်ကြည့်နေရင် အနည်းဆုံး ၅ယောက်သည် သင်္ကန်းဝတ်နှင့် သင်မြင်နိုင်လိမ့်မည်။

အဲတော့ အသက်အရွယ်အရ လောကိစ္စများကို မပြတ်နိုင်ဟု ဆိုလျှင် လက်ခံပါသည်။ ထိုသို့ စိတ်ရှိသော ရဟန်းများကို အကြံပြုလိုပါတယ်။ အမှန်တစ်ကယ် လောကီကိစ္စများကို မပြတ်နိုင်ပါက လူဝတ်လဲ၍ နိုင်ငံကို အကျိုးပြု၍ လုပ်ဆောင်ကြပါလို့ တိုက်တွန်းပါတယ်။

သင်္ကန်းဝတ်ကြီးတွေနဲ့ နိုင်ငံရေး၊ လူမှုရေးတွေ လုပ်ဆောင်နေခြင်းသည် မိမိအတွက်ကော သာသနာအတွက်ပါ မသင့်တော်ပါ။ အင်မတန်မှ အာပတ်လဲသင့်ပါသည်။ အခြားဘာသာဝင်တွေ အမြင်မှာလဲ မသင့်တော်ပါ။ ဗုဒ္ဓ၏ ဆုံးမမှုကိုလဲ လွန်ဆန်ရာရောက်ပေသည်။ အစကတည်းက အရာအားလုံးကို စွန့်လွှတ်နိုင်၍ ဆံချပြီး သင်္ကန်းခြုံခဲ့ ကြချင်းဖြစ်သည်ကို ပြန်လည်သုံးသတ်စေချင်သည်။

ဦးဥတ္တမတို့ခေတ်သည် အမျိုး၊ ဘာသာ၊ သာသနာအတွက် မဖြစ်မနေ လုပ်ဆောင်ခဲ့ရသော ခေတ်ဖြစ်သည်။ ယနေ့ခေတ်သည် ထိုသို့သော အရေးမျိုးမဟုတ်သည့်အတွက် ရဟန်းတော်များအနေနှင့် သတိကပ်ဆင်ခြင်သင့်ကြောင့် အကြံပြုလို့ပါသည်။

ယနေ့မြန်မာနိုင်ငံလုံး အတိုင်းအတာ လက်ခံကိုးကွယ် ဆည်းကပ် ပူဇော်ခဲ့ကြသော မင်းကွန်းဆရာတော်၊ သာမညဆရာတော်၊ တောင်းတန်းသာသနာပြုဆရာတော်၊ ကုံလုံဆရာတော်၊ ပဲခူးမြို့မဆရာတော်ဘုရားကြီး အစရှိခဲ့သော သာသနာ့ အာဇာနည်တို့သည် မည့်သည့် နိုင်ငံရေး၊ လူမှုရေးမှ မပါဝင်ပဲ ဗုဒ္ဓဘာသာ သာသနာအတွက် လုပ်ဆောင်ခဲ့ကြသည်ကို ယနေ့ခေတ် ရဟန်းပျိုများအနေနှင့် အတုယူနိုင်ရန် အသိပေးအပ်ပါသည်။

အထူးအကြံပြုချက်

သာသနာပြုချင်လျှင် ရဟန်းပြုပါ။
နိုင်ငံအကျိုးပြုချင်လျှင် လူဝတ်လဲပါ။

ကျေးဇူးအထူးတင်လျက်
dpa (sanchaung)

မင့်အမေငါလိုးတဲ

သုတ်တန်ဆိုတဲ့ ဘုရားဟော ပိတကဒ် တပုံဟာ လောကီအတွက်ဟ လီးပဲ မင့်ပထွေးတွေလေသံအတိုင်းဟောင်မနေနဲ ခွေးသာသာအသိညဏ်ရှိတဲ့ကောင်တယ်။ လီးပဲ။

ဟို အပေါ်က အစ်ကိုရှင်းပြသွားတာ မဆိုးပါဘူး သဘာဝကျပါတယ်။ ရှယ်သွားပြီဗျို့။ အဲအောက်က ငမိုက်သားကျတော့လဲ ပါးစပ်က ထွက်တဲ့စကားကိုက ဘယ်အဆင့်လဲဆိုတာသိတာတယ်။ ဒါလား ဒီမိုတွေ ရိုင်းတာကွာ။

စကားကိုယဉ်းကျေးစွာပြော်ပါ ။မင်းကို ငါလိုးမသားလို့ ရော ဖေလိုးမရဲ့ သားလို့ မဆဲချင်ဘူးကွာ။နောက် ကော်မန်းရေးရင်မဆဲရဘူး ။အပေါ်မှာရေးထားတာ မင်းမေမေစောက်ပါတ်အကြောင်းမပါဘူးကွ။ကိုယ်မေကိုယ်လိုးရဲ့ ။အဒမင်းရေ ရိုင်းသွားရင်ခွေးလွတ်ပါ ၊

မိတ်ဆွေတို့..သင်တို့ရော..ဘာသာရေးအကြောင်းကိုဘယ်လောက်လေ့လာပြီပြီလဲ...မသိပဲနာဘာမှမဝေဖန်ပါနဲ့...ကိုယ်ဝေဖန်တာမှန်ရင်တော့ကောင်းတာပေါ့..မမှန်ရင်တော့...........

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်