Subscribe to our RSS Feed

လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် မီဒီယာများ ကို ဥပဒေ နှင့် အညီ သတင်း ယူခွင့်ပြု မည်

လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် မီဒီယာများ ကို ဥပဒေ နှင့် အညီ သတင်း ယူခွင့်ပြု မည်

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မဲဆန္ဒနယ် များအပါအ၀င် လစ်လပ်မဲ ဆန္ဒ နယ် ၆၅ နေရာရှိသည့် ကြားဖြတ်ရွေး ကောက်ပွဲတွင် မီဒီယာများကိုဥပဒေနှင့် အညီ သတင်းယူ ခွင့်ပြုမည်ဖြစ်ပြီး နိုင်ငံ တကာ စောင့်ကြည့်လေ့လာရေး အဖွဲ့များ ကိုမူ အခြေအနေ အချိန်အခါပေါ်မူတည် ၍ ဆောင်ရွက် မည်ဖြစ်ကြောင်း နေပြည် တော်၌ ဒီဇင်ဘာ ၁၆ ရက်တွင် ပြည် တွင်းမီဒီယာ များနှင့်တွေ့ဆုံစဉ်ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင် အေးက ပြောကြားသည်။

လာမည့်ကြားဖြတ် ရွေးကောက်ပွဲ တွင် မီဒီယာ များသတင်းယူရန် မည်သို့ စီစဉ်ထားမှုနှင့် နိုင်ငံတကာ စောင့်ကြည့် လေ့လာရေး အဖွဲ့များကိုခွင့်ပြုရန် ရှိ / မရှိနှင့်ပတ်သက်၍ မီဒီယာ သမားများ၏ မေးမြန်းမှု အပေါ် ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက ပြန်လည် ရှင်းလင်းပြောကြားရာတွင် ထည့် သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"အခုအစိုးရကို ပြည်သူ့ကိုယ်စား လှယ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ အစိုးရ က လည်း အပြောင်းအလဲတွေ အများကြီး ဆောင်ရွက် နေပါတယ်။ မီဒီယာနဲ့ပတ် သက်ပြီးတော့ လည်း အများကြီးလျှော့ချ ပေးထားပါ တယ်။ အဲဒီအခြေအနေ နဲ့ အဲဒီအချိန် အခါမှာ ဖြစ်ပေါ်တဲ့အခြေ အနေ အရ ဆောင်ရွက် ပေးပါ လိမ့်မယ်လို့ ကျွန်တော် ဒီလိုပဲဖြေပါရစေ။ မီဒီယာ တွေကို ဥပဒေ နဲ့အညီ သတင်းယူခွင့်ပြု မှာပါ။ ဘယ်နေရာက ဓာတ်ပုံ ရိုက်ရမယ် စသည်ဖြင့် ခွင့်ပြုမှာပါ။ ဒါကလည်း ကျွန် တော်တို့ကို နားလည်ပေးပါ။ ဥပဒေနဲ့ အညီခွင့်ပြုမယ်၊ မပြုချင် စရာ အကြောင်း ကိုမရှိပါဘူး" ဟု ဦးတင်အေးက ပြော ကြားသည်။

ခိုင်လင်းကျော်၊ ထွန်းလင်း

Myanmar Daily Mail


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်