Subscribe to our RSS Feed

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ မှ မြန်မာပို့စ် ဂျာနယ်အား ဖြေကြားချက်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ အား မြန်မာပို့စ် ဂျာနယ်၏ မေးမြန်းချက်များ

ပထမဆုံး မေးချင်တာကတော့ နိုင်ငံရေး ပါတီတွေဟာ အခုအချိန် ဆိုရင် ၄၀ ကျော်ရှိလာပါပြီ။ အဲဒီတော့ မဲဆန္ဒနယ် တစ်ခုမှာ ကိုယ်စားလှယ်လောင်းအများ အပြားယှဉ်ပြိုင်ရင် အဲဒီမဲလက်မှတ်ကို ဘယ်လို စီစဉ်သွား မလဲဆိုလိုတာက ဘယ်ကိုယ်စားလှယ် လောင်းက စီနီယာနံပါတ် ၁၊ ၂ ဆိုတာကို ပါတီ ပေါ်မှာ ရွေးချယ်ဆုံးဖြတ်မှာလား။ မဲခွဲပြီးဆုံးဖြတ် မှာလားဆိုတာကိုသိချင်ပါတယ်။

အဲဒါက တော့ မတတ်နိုင်ဘူး။ ၁၀ ပါတီယှဉ်ပြိုင်ရင် ၁၀ ပါတီရိုက် ရမှာပဲ။ ပါတီ ၄၀ ရှိရင် ပါတီ ၄၀ စလုံးကို ထည့်သွင်း ရိုက်နှိပ်ရမှာပဲ။ အဲဒီလိုခွဲတဲ့ နေရာမှာတော့ အက္ခရာ စဉ်နဲ့ပဲခွဲပါ တယ်။ ၁၀ ပါတီရှိရင် ၁၀ ပါတီ စလုံးကို ကျွန်တော်တို့ အက္ခရာ စဉ်နဲ့ပဲခွဲသွားမှာ ပါ။

ဒုတိယ မေးခွန်းကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လျှို့ဝှက်မဲပေး စနစ်ကိုကျင့်သုံးမယ်လို့ ဖော်ပြထား ပါတယ်။ ဒီနေရာမှာ တပ်မတော်သားနဲ့ နိုင်ငံ့ဝန် ထမ်းတွေလည်းအတူတူပဲလို့ နားလည်ထားပါတယ်။ လာမယ့်ကြားဖြတ် ရွေးကောက်ပွဲမှာ တပ်ရင်းတပ် ဖွဲ့တွေအတွက် မဲရုံတွေကိုဘယ်လိုစီစဉ်ထားလဲဆို တာသိချင်ပါတယ်။

တန်းတူ အခွင့်အရေးရှိတယ်။ စစ် သား တွေက မဲရုံမှာမဲ မပေးလို့ဖြစ်မလား။ မဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်နဲ့ စနစ် တကျ ဆောင်ရွက် ရတာပါ။ အခွင့်အရေးယူ တာမျိုးမရှိပါဘူး။

၂၀၁၁ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရှိသူ ၂၉ ဒသမ ၀၂ ရာခိုင်နှုန်းရှိတယ်လို့ ဥက္ကဋ္ဌကြီးခုနကပြောကြား ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီရွေးကောက်ပွဲမှာ မဲပေးခွင့် ရှိသူအရေအတွက်ဟာ အမှန်တကယ်မဲပေးခွင့်ရှိသူ အရေအတွက် ထက် လျော့နည်းနေတယ်လို့ ပြည်ပ သတင်းဌာနတွေက ဖော်ပြတာကို ကျွန်တော်တို့တွေ့ ခဲ့ရပါတယ်။ လာမယ့်ကြားဖြတ် ရွေးကောက်ပွဲမှာ မဲပေး သူအရေအတွက် တိကျမှန်ကန်ရေးအတွက် ကော် မရှင်က ဘယ်လို စီစဉ်ထားပါသလဲ။

အဲဒါတွေက ပြည်ပက ပြောတာ တွေကိုလည်း ခင်ဗျားတို့မယုံပါနဲ့။ ဒါတွေ က မွေးစာရင်း ပေါ်မှာမူ တည်တာပဲ။ မွေး စာရင်း ပေါင်းလိုက်ရင် ဒီလောက်ဖြစ် တယ် ဆိုရင် ဒီလောက်ဖြစ်တယ်ဆိုတာ ကို ကျွန်တော်တို့ ရေးတာ။ အဲဒီမှာ ဒီ လောက်လာ မဲပေးတယ်ဆိုရင် ဒီလောက် ပဲ ကျွန်တော်ပြောရမှာပေါ့။ ဒါကတော့ ကျွန်တော် တစ်ယောက်တည်း နဲ့မရဘူး။ ဒါကိုတော့ ကျွန်တော်တို့ ဘက် က clear ဖြစ်အောင် ဆောင်ရွက် နေပါတယ်။

စတုတ္ထမေးခွန်းကတော့ မဲရုံတွေမှာ တာဝန်ပေးခြင်း ခံရတဲ staff တွေမှာ ကျွမ်းကျင်ပိုင်းဆိုင်ရာ အားနည်းချက် တွေရှိတယ်လို့ ခုနက ဥက္ကဋ္ဌကြီး ပြော ကြားခဲ့တာ တွေ့ရပါတယ်။ အဲဒီ အားနည်းချက် တွေကို ကုစားနိုင်ဖို့ ဘယ်လို စီစဉ်ထားလဲဆိုတာ ဖြေကြားပေး စေလိုပါတယ်။

ကျွန်တော်အခု လည်း ကော်မရှင် အဖွဲ့ခွဲတွေ၊ တိုင်း၊ခရိုင်အထိ ကျွန်တော် သွားရောက် ညွှန်ကြားပါတယ်။ ဒို့တစ် တွေ ဟာ စနစ်ကြီး ပြောင်းသွားပြီ။ တပ် မတော် အစိုးရလက်ထက်ကနေ ပါတီစုံ ဒီမိုက ရေစီ စနစ်ကိုသွားရမှာ။ ကြားဖြတ် ရွေးကောက် ပွဲရှိမယ်။ မလွဲ မသွေ ငါးနှစ် တစ်ကြိမ် ရွေးကောက် ပွဲရှိပါမယ်။ ဒီရွေး ကောက်ပွဲဟာ ဒို့တစ်တွေ ကလုပ်ပေးရမှာ။ လေ့ကျင့် ထားကြဖို့ ကျွန်တော် ပြောခဲ့ပါတယ်။ ကျွန်တော် အခု ကတည်း ကလိုက် ပြောနေပါတယ်။ ကော်မရှင် အဖွဲ့ခွဲ တွေကို လေ့ကျင့်ပါ၊ ပညာပေးပါ၊ ဆွေးနွေး ပါ။ အဆင်ပြေ အောင် မှတ်တမ်း တွေလည်း ပြုစုထားပါတယ်။ ဒါတွေက တော့ ကျွန်တော် လုပ်နေပါတယ်။ ကျွန် တော်ဒီလိုပဲ ပြောချင်ပါတယ်။

နောက်မေးခွန်းတစ်ခုကတော့ ရွေးကောက်ပွဲ ကျင်းပ မယ့်နေ့ရက်မှာ မဲဆန္ဒနယ် အတွင်းက မဲရုံကိုမလာ နိုင်တဲ့ သက်ကြီး ရွယ်အိုနဲ့ နာမကျန်းသူတွေ ကို ရပ် ကွက်ကျေးရွာ ကော်မရှင်က ရွေးကောက်ပွဲမတိုင်မီ အဖွဲ့ဝင် နှစ်ဦးစေလွှတ်ပြီး မဲပေးလိုက မဲပေးနိုင်အောင် စီစဉ်ထားမယ်လို့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ၊ ပုဒ်မ ၅၁(ခ)မှာ ဖော်ပြထား ပါတယ်။ ဆိုလိုတာက ကော်မရှင် အဖွဲ့ဝင်နှစ်ဦးပဲ သွားလို့ရတယ်။ ပါတီတွေက လုံးဝ လိုက်ပါခွင့်မရှိဘူးလို့ ယူဆရပါ တယ်။ ဒါကြောင့် မဲဆန္ဒနယ် အတွင်း ကြိုတင်မဲယူ တဲ့အခါမှာ ကော်မရှင် အဖွဲ့ဝင်နှစ်ဦးအပြင် အခြား ဘယ်သူတွေ လိုက်ပါခွင့်ရှိသလဲဆိုတာသိချင်ပါတယ်။

ကြိုတင် မဲဟာ မဲဆန္ဒနယ် အတွင်းမှာ ရှိပြီး မဲရုံကို မလာနိုင်တဲ့၊ ကျန်းမာရေး မကောင်းတဲ့ ပုဂ္ဂိုလ်တွေ၊ သက်ကြီးရွယ် အိုတွေ မဲပေးနိုင် အောင် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်ခွဲက အတတ် နိုင်ဆုံး ဆောင်ရွက်ပေးတဲ့ကိစ္စဖြစ်ပါတယ်။ ရွေးကောက်ပွဲ နည်းပညာမှာပါတဲ့ ပြဋ္ဌာန်း ချက် ကတော့ ကျွန်တော်တို့ ကော်မရှင် အဖွဲ့ခွဲ တွေ လိုက်နာဆောင်ရွက် ရမယ့် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေဖြစ်ပါ တယ်။ ပါတီကိုယ်စားလှယ် များဟာ သူ့ရဲ့ဆန္ဒမဲ ရရှိမှုကို စည်းရုံးရမယ့် တာဝန် ရှိတယ်။ သူတို့ အနေနဲ့ ဥပဒေနဲ့ အညီ စည်းရုံးဆောင်ရွက်တဲ့ အခါမှာ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်း ဥပဒေ များကို လိုက်နာရ မှာဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ နည်းဥပဒေထဲ မှာတော့ ပါတီ ကိုယ်စားလှယ် လိုက်ရမယ် လို့ ထည့်မရေး ထားသော်လည်း နိုင်ငံရေး ပါတီ မှတ်ပုံတင်ခြင်း ဥပဒေအရ သူတို့ကို တားမြစ် ထားခြင်းမရှိတဲ့အတွက် သူတို့ လည်း လိုက်ပါ စည်းရုံး ဆောင်ရွက်နိုင် တယ်လို့ ဖြေကြား လိုပါတယ်။

နောက်ဆုံးမေးခွန်း ကတော counting the votes နဲ့ သက်ဆိုင်ပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ တုန်းက မဲရေတွက်တဲ့အခါ အချို့နေ ရာတွေမှာ အချိန်တော်တော်လေး အချိန် ပေးခဲ့ရ တယ်လို့ ကျွန်တော်တို့ သိထား ပါတယ်။ အဲဒီတော့ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ မဲရေတွက်မှု ပိုမို တိကျမြန်ဆန် မှန်ကန်အောင် ဘယ်လိုစီစဉ်ဆောင် ရွက်ထားပါသလဲ။

ကျွန်တော် တို့ စဉ်းစားကြည့် တဲ့ အခါမှာ ပြည်သူ့ လွှတ်တော်တစ်ရက်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော် တစ်ရက်၊ အမျိုးသား လွှတ်တော် တစ် ရက် ပေးမလား။ အမေရိကန် မှာဆိုလို့ ရှိရင် Senate နဲ့ Congress ရှိတယ်။ ဒါကိုတော့ ကျွန်တော်တို့က ကျွမ်းကျင် သူများနဲ့ နိုင်ငံတော်က တာဝန်ရှိသူများ ကို တိုင်ပင်ပြီးမှ လုပ်မယ်။ ကျွန်တော် တို့မြန်မာပြည်မှာဒီလိုလုပ်တယ်။ နိုင်ငံ ခြားမှာ ဘယ်လို လုပ်နေသလဲဆိုတာ ကြည့်ပြီးတော့ ခင်ဗျားတို့ ကျွန်တော့်ကို အကြံပေး နိုင်ရင်ပေးပါ။ ကျွန်တော်တို့ ကလည်း လူထု ကို ဒုက္ခမ ရောက်စေချင် ဘူး။ ပထမနေ့မှာ ပြည်သူ့ လွှတ်တော်၊ ဒုတိယနေ့မှာ အမျိုးသား လွှတ်တော် စသဖြင့်ပေးရင် ဘယ်လိုဖြစ်မလဲ။ ဒီစနစ် အရတော့ ဒီလိုပဲရှိတယ်။ ဒါတွေကို ကျွန် တော်တို့ ဘယ်လို ကျော်လွှားမလဲဆိုတာ သုံးသပ်ပြီးတော့ ဆောင်ရွက်နေပါတယ်။

ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်