Subscribe to our RSS Feed

ကျောင်းသားတပ်မတော်မြောက်ပိုင်းလူသတ်ကွင်း (၂)

(21)

အခြေအနေကိုတချက်အကဲခတ်လိုက်တယ်။ ထွန်းအောင်ကျော်ဘေးမှာ ၂ယောက်။ ကျနော်တို့ ဘေးမှာ ၃ ယောက်။ ထကြ ။မင်းတို့ လက်တွေခေါင်းပေါ်တင်ထား။ထွန်းအောင်ကျော် အိပ်ယာထဲက ထလာ တယ်။ အောက်ဆင်းလိုက်တော့ မျက်နှာကို အကန်ခံလိုက်ရတယ်။ အမှောင်ထဲမှာ သဲသဲကွဲကွဲကြား လိုက်ရတာ ထွန်း အောင်ကျော်ရဲ့ အော်သံ။သန်းဇော် ကချိုကြီး ကို အောက်ဆင်းဖို့ ပြော လိုက်တယ်။ ချိုကြီး အဲဒီ အမိန့် ကိုနာ ခံပြီးနောက်မကြာ ခင်ပဲအော်ဟစ် သံတွေဆက်တိုက်ထွက်လာတယ်။ အခု ကျနော့်အ လှည့်။ ညီညီ ဆင်းလာခဲ့။ဒါပေမယ့်ကျနော်ချက်ခြင်းဆင်းမလာနိုင်ဘူး။ ခုမှမြို့ ပြန်ရောက် တာဖြစ်ပြီးဖိနပ်တောင် မချွတ်ရသေး။ပထမသန်းဇော်က ကျနော်ဆီကိုဖိုက် နာရီ နဲ့ ဖီးဂျက်ကက်ကိုချွတ် တယ်။ သက်လင်းက ဝေါ့ကင်း ရှူးနဲ့  ခြေစွတ်ကို ချွတ်တယ်။နောက်တော့တခြား လူတွေလိုပဲ လက်နှစ် ဖက်ခေါင်းပေါ် တင်ပြီး အိမ်ရှေ့ မှာဆောင့်ကြောင့်ထိုင်ရတယ်။
ချိုကြီးမျက်နှာမှာသွေးတွေစီးကျနေတယ်။ မျိုးဝင်းရောက်လာပြီး ကျနော်တို့ ကို စကားပြော တယ်။
ဟေးညီညီ။ငါမင်း ကိုပြောဖူး တယ်မဟုတ်လား။ ငါကကျားကွ။ သမင်မဟုတ်ဘူးဆိုတာ။
ဟုတ်ကဲ့။ပြောဖူးပါတယ်။ ဒါပေမယ့်ခု ဘာတွေဖြစ်နေတာလည်း ကျနော်နားမလည်ဘူး။
ကုလား။မင်းပါးစပ်ပိတ်ထားစမ်း။ သေသွားချင်လား။ သန်းဇော် ကျနော်ကိုခြိမ်းခြောက်တယ်။
ဒါဟာ ဒီကျောင်းသားစခန်းကိုရောက်ကတည်းက ပထမဆုံးလူမျိုးရေးခွဲခြားနှိပ်ကွပ်ခံလိုက်ရတာပဲ။


(35)

I am thinking about the physical appearance and inner form. No, not exactly like this. I’ll try to put it in another way. Yes, hardware and software.
If you have learned something, the essence of the learned situated in your inner self is software. Certificate or acknowledgement or anything that indicate your skill is just hardware. Same method of thinking can apply to doctors, engineers and everything not excluding politicians.
So long as the software and hardware are matched each others, it is okay. When software is better than its hardware, it is not much of a trouble for that person. Only that fellow is too perfect to his occupation. But when hardware superiors to its software, it is finish. It is like money drawing a car or a donkey ruling the forest.
Almost all of the dictators in the past were socks. But their hardware was so great and big to be dictators.
Now, what do you think of our CEC members? What about every fucking body!
We are at the wrong play ground at the wrong time. If we try to score now, we would be like Escobar of Columbia.
Well, just Yada Yada and be fucked together.
ya·da ya·da
Variant(s):
or yad·da yad·da \ˈyä-də-ˈyä-də\ or yada yada yada or yadda yadda yadda \-ˈyä-də\
Function:
noun
Etymology:
alteration of earlier yatata idle chatter, probably ultimately from British dialect and argot yatter-yatter to chatter, of imitative origin
Date:
1980
: boring or empty talk —often used interjectionally especially in recounting words regarded as too dull or predictable to be worth repeating
The Yada Yada – Wikipedia, the free encyclopedia
Source
“The Yada Yada” is the 153rd episode of the American NBC sitcom Seinfeld. The 19th episode of the 8th season, it aired on April 24, 1997. George’s girlfriend is big on using the phrase “yada yada ya…
en.wikipedia.org/wiki/The_Yada_Yada


(129)
And the other end of the line is put on the beam.
Guards taunted the end and hook poked in the ear. Zaw Win Chit tip toed to reduce the pressure. The guards taunted further and hook went into the deeper inside. Zaw Win Chit cried loudly, “kill me, kill me. You are blood thirsty, kill me now”, like that kind of crying, he was punished badly and expired of injury sustained.
အစောင့်ကဇော်ဝင်းချစ်နားထဲကိုသံချောင်းထိုးထည့်လိုက်တယ်။
ဇော်ဝင်းချစ် သက် သာအောင်ခြေဖျားထောက်တယ်။ အစောင့်က နားအတွင်းထဲထိရောက်အောင် ထပ်ထိုး ထည့်လိုက် တယ်။
ဇော်ဝင်းချစ် က ငါ့ကိုသတ်လိုက်ပါ။သတ်လိုက်ပါ။ မင်းတို့ သွေးဆာနေတဲ့ကောင်တွေ။ ငါ့ကိုအခုသတ်လိုက်။ အဲဒီလိုအော်ဟစ်ရင်း ဆိုးဆိုးဝါးဝါးညှင်းဆဲခံရပြီး သေဆုံးခဲ့တယ်။ ဒီကောင်တွေဟာတော်တော်ဆိုးဝါးတဲ့ အကောင်တွေ။ ရန်ရှင်းလည်းသွေးခဲပြီး သေပြီ။ ရန်ရှင်းက အိန္ဒိယ အေဘီဂျီအက်ဖ်စခန်းကိုသွားပြီး အဲဒီကနေ သံခဲကို အေဘီမှာလုပ်ဖို့ ခေါ်လာခဲ့တာ။ အိန္ဒိယကနေ ဖားကန့် ဒေ သရောက်တော့ ရန်ရှင်း နဲ့ မန္တလေးက နောက်တယောက် ခေါင်းဖြတ်သတ်ခံရတယ်။ အဲဒီကိစ္စသံခဲဘာပြောလဲ။ သူဘာမှ မသိသ လိုလုပ်နေတယ်။ သူတာဝန်ယူတယ်ဆို အိုင်စီစီကို ပြောရမယ်။ အခုသူဒီမှာ ။လက်ရှိအခြေအနေကို သူ ဘာပြောခဲ့လဲ။ လောလောဆယ်သူအ လုပ်တွေနည်းနည်းရှုပ်နေလို့ ပါ။
သူဘာလုပ်နေလဲ။
မမွှန်နေတယ်။
မင်းတကယ်ပြောနေတာလား။
နိုး။နိုး။သူမမွှန်နေလား။မွှန်မနေဘူးလား။ကျနော်သေသေချာချာမသိပါဘူး။ဒါပေမယ့်သူခင်ဆွေလှိုင်ကိစ္စနဲ့  အလုပ်ရှုပ်နေတယ်။
Good show, veteran and leftover story.

မျက်လုံးပိတ်မသိချင်ယောင်ဆောင်နေလို့ ဒီကိစ္စကနေ လွတ်မယ်လို့ ထင်နေ တယ်။ မမြင်ချင်ယောင်ဆောင် နေတာ လည်း မျိုးဝင်း၊ သံချောင်းတို့ ရဲ့ ရာဇ၀တ် မှုကိုတနည်း နည်းနဲ့ အားပေးတာပဲ။
These guys are very bad; Yan Shin was also killed cold bloodedly. Yan Shin went to ABGF India camp and brought Than Chae from there to work in ABSDF. When they reached Phar Khant area back from India, Yan Shin and another guy from Mandalay were beheaded.What did Than Chae say with it?He kept on blind eyes?Well, if he has certain responsibilities with it, he has to answer at the ICC.Now, he is here and what did he say about the present circumstance?I am afraid that he is a little too busy at present.What did he do?Tomcatting!You mean it?
No, no. I really don’t know whether he is tomcatting or not. But he is busy in courting Khin Shwe Hlaing.
Good show, veteran and leftover story.
Anyhow, he cannot be clean by keeping. Blind eyes and guilty of encouraging Myo Win and Than Chaung.
Sure thing.When the work is finished. We are a little busy but it is worth working.



(40)
ဒီနေရာမှာသီချင်းမဆိုပါနဲ့ ။ ကျနော်မကြားချင်လို့ ပါ။ ကျနော်အိပ်ချင်လို့ ပါ။
သူ့ ကိုမအိပ်ခိုင်းနဲ့ ။ နှိုးလိုက်စမ်း။
ခဏလေးပါ။ခဏလေးအိပ်ပါရစေ။
Even the lion sleeps likes an eagle. Sure, fishing is the naughty fame. ငါးတွေကငါးမြှားချိတ်ကိုမြင်နိုင်ဘူး။Then, it is a trick. It is not a fair game. ဒါမျှတတဲ့ကစားပွဲတခုမဟုတ်ဘူး။
မင်းဘာလို့ လပ်ကီးစထရိုက်မကြိုက်တာလည်း။
ကျနော်အစီခံမပါတာပိုကြိုက်တယ်။
မနက်ဖြန်ရမယ်။
ငါတို့ လွတ်တော့မယ် ။
နိုး။နိုး။ကျနော်ရေမချိုးချင်ဘူး။အရမ်းအေးလွန်းတယ်။
ဘေးမှာဇော်ဇော်မင်းကရပ်ပြီး စပ်ဖြဲဖြဲမျက်နှာနဲ့ ။ ရေပုံးအခွန်ကိုကိုင်လို့ ။ ထိုင်နေတဲ့ အနေအထားမှာ ကျနော်စိုရွှဲလို့ ။ အခြေအနေကိုခုထိ ရေရေလည်လည်သဘောမပေါက်သေး။ ဒါပေမယ့်သေချာတာက နာကျင်မှု။ နာကျင်မှုဝေဒနာက တကိုယ်လုံးမှာ။ခေါင်းထဲကထိုးတယ်။ငယ်ထိပ်ကထိုးတယ်။ ဘာကိုမှ သဲသဲကွဲကွဲမမြင်နိုင်ဘူး။
ဒီကနေ့ နည်းနည်း သက်သာတယ်။ ဘာလို့ လည်းဆိုတော့ အခုပဲ အဆုံးသတ်အထိတွေးလိုက်လို့ ။ သူတို့ ငါ ဆီ ရောက်လာတယ်။ မန္တလေးက ထောက်လှမ်းရေးဗိုလ်မှူးမောင်မောင်ချိုလို့  တံဆိပ် ကပ်သွားတယ်။ညီအကိုဝမ်းကွဲ ထွန်းအောင်ကျော်ကလည်းအဲဒီဌာန ဗိုလ်မှူးပဲ။
သောက်ရူးတွေ။ မှတ်ပုံတင်မှာငါနာမည်က အောင်သန်း။ မန္တလေးက မစ်ရှင်ကျောင်းသွားတော့ ဖရက်ဒီ။ ချိုကြီးဆိုတာရင်းနှီးသူတွေခေါ်တာ။ သူတို့ အခုငါ့ကိုနာမည်သစ်တခုပေးတယ်။


(45)
ဒီကိစ္စကိုကျနော်ချဲ့ ကားမပြောဘူး။ I will give you a fine sketch on this subject.သေသွားတဲ့ပြည်စိုးနိုင်နဲ့ ခင်ချိုဦးတို့ အကြောင်းပါ။ ပြည်စိုးနိုင်က စစ်ကြောရေးလုပ်တုန်း ညှင်းဆဲခံရတယ်။စစ်ကြောရေးမှာဝန်ခံလာအောင်အရိုက်ခံရ။ညှင်းဆဲခံရတယ်။ သူ့ နောက်ဆုံးစကားက ကျောင်းသားတပ်မတော်ကိုငါ မရွံရှာ။မစက်ဆုပ်ချင်ဘူး။
His last words were “I don’t want to disgust ABSDF.”
ဒီစကားပြောပြီးနောက် သတိလစ်ပြီး နောက်တော့သေဆုံးသွားတယ်။ပြည်စိုးနိုင်ဘာမှ ၀န်မခံပဲသေ ဆုံးသွားတော့ သူတို့ ဒီအခြေအနေကိုမကျေနပ်ဘူး။ခင်ချိုဦးကို အလောင်းဘေး ကိုခေါ်လာ တယ်။ ပြည်စိုးနိုင်ရဲ့ အလောင်းကိုဖက်ခိုင်းတယ်။ငိုခိုင်းတယ်။ ဒါကိုဗီဒီယိုမှတ်တမ်းယူတယ်။ဒါ ဟာ စီအီးစီ အဖွဲ့ ဝင်၊ ကျောင်းသားတပ်မတော်ထောက်လှမ်းရေးအဖွဲ့ ဝင်တွေရှေ့ မှာဖြစ်ခဲ့တာပါ။ ဂျူဂျူး။သိမ့်ဆွေ နဲ့ တင်စမ်းဦးဆိုတဲ့ အ မျိုးသမီးအဖွဲ့ ဝင်တွေပါရှိတယ်။ ခင်ဆွေဦးကို ပြည်စိုးနိုင် အလောင်း က ယောက်ျား အင်္ဂါကို orall sex လုပ်ခိုင်းတယ်။
ခင်ဗျားတို့ ဒါမျိုးကြားဖူးကြရဲ့ လား။ တကယ့်လူမဆန်တဲ့ဖြစ်ရပ်။
သူတို့ ကအဖမ်းဆီးခံ ထားရတဲ့သူတွေ ဟာ ခွေးတွေလိုပဲ ၀ါဒဖြန့် တယ်။ကြည့်ကြ။ ခင်ချိုဦးဟာ ဥပ မာ တခုပဲ။ သေသွားတဲ့သူ့ ရည်းစား စပိုင် ရဲ့ အလောင်း ကိုတောင်ဒါမျိုး မစဉ်းစားရဲစရာမဖွယ်မရာတွေ လုပ်တယ် လို့ ဝါဒဖြန့် တယ်။


(48)
၁၂၃၄
ခေါင်းကသွေးတွေ မျက်နှာပေါ်သွေးတွေစီးကျလာတယ်။
ရန်အောင်နာကျင်မှုဝေဒနာတစက်မှမပြပဲ မျိုးဝင်းရဲ့ မျက်နှာကိုစိုက်ကြည့်တယ်။
၂၈ ၂၉ ၃၀ ၃၁ ၃၂
မျိုးဝင်းရပ်လိုက်တယ်။ ရန်အောင်ရဲ့ ခုခံတဲ့စိတ်ဓာတ်နဲ့  ဆန္ဒကို ဖြုံသွားပုံပဲ။ သူအော်တယ်။ဆဲဆို ကန်ကျောက်ပြီး စစ်ရုံးထဲကထွက်သွားတယ်။ ဘယ်သူကသတ္တိရှိပြီး ဘယ်သူက သူရဲဘောကြောင်လည်း တဆိတ်လောက်ရှင်းပြပါလား။သတ္တိဆိုတာ ရုပ်ပိုင်းလား စိတ်ပိုင်းလား။ ရုပ်ပိုင်း ကနေစိတ်ပိုင်းကို ဘယ်လိုပြောင်းသွားလဲ။ သူရဲ့ နယ်ခြားစည်းကဘယ်မှာလည်း။

ဒီနေရာမှာ တခုပြောဖို့ မေ့နေတာက စစ်ကြောရေးလုပ်နေစဉ်ကာလ မှာလေးလက်မသံချောင်း ကို ပြည်စိုးနိုင် ရဲ့ စ အိုထဲရိုက်ထည့်ထားပြီး ၂၂၀ ဗို့ အားလည်းရှော့ရိုက်ထားတယ်။ ကျနော်အတွက်တော့ ရုပ်ပိုင်းအရ မခုခံနိုင်ဘူး။ I have never asked extra treatment. I have already enough.မနက်ဖြန်ဆို ကျနော်တို့ ကိုရှင်းတော့မယ်လို့  သိထားတယ်။ကောင်းကောင်းအိပ်ပြီးဒီ အတွက်ပြင်ဆင်ရမှာ ပဲ။ကောင်းကောင်း အိပ်တာနာကျင်မှုကိုသက် သာစေတဲ့ဆေးပဲ။ နာကျင်မှုကိုတောင်အရ သာတွေ့  သလိုလို ဖြစ်လာသလားပဲ။ အိုကေ။ အတိုက်အခံခေါင်းဆောင်တွေနဲ့ အင်အယ်လ်ဒီ အယ်အေ ဘာလုပ်မ လဲကြည့်ကြရအောင်။


(50)
အမျိုးသမီး ၂ ယောက်ကို ကားစင်ပေါ်တင်ပြီး ကြာပွတ်နဲ့ တကိုယ် လုံးကိုရိုက်တယ်။ မျက်နှာတွေပါမချန်ဘူး။ စကားလုံးတွေနဲ့ ဘလက် ကာယလုပ် တယ် ။ဒါ တကယ့် မဟာအကြံအစီနဲ စီစဉ်ထားတဲ့စတိတ်ရှိုးပဲ။ မတော်တဆဖြစ်တာမဟုတ်။ သေသေချာ ချာအကွက်ချပြီး ဒါတွေဖြစ်လာတာ။ ကျနော့်မှာ ရှင်းပြဖို့ အ ချက်အလက်တွေအပြည့်ပဲ။ ဒီအမျိုးသမီး ၂ယောက်အပြင် ဖမ်းခံရတဲ့အထဲမှာတခြား မိန်းကလေး သုံးယောက်ရှိသေး တယ်။
နန်းစော။သင်းသင်းညီနဲ့ တူးတူး။ သင်းသင်းညီက မကြာခင်လွတ်တောမယ် လို့ ။ မကြာခင်လွတ်တော့မှာမို့ သင်းသင်းညီကို ရိုက်ခွင့်မပြုဖူး အစောင့်တွေကပြောပါတယ်။ ဒါမှ အပြကောင်းမယ်။သူ ကို ခပ်ဆဆလေး ငါးချက်လောက်ပဲရိုက်ရမယ်။
မနက်စာစားအပြီး ထွန်းအောင်ကျော်နဲ့ ကျနော့်ကို သတ်ဖို့ တောင်ကုန်းကိုခေါ်သွားတယ်။ လက်ဝါး ကပ်တိုင် ၂ ခုက တခုနဲ့ တခု ၁၀ ပေအကွာ။ အဖမ်းခံရတဲ့အထဲက တချို့ ရောက် လာပြီး သက်သေထွက်ကြတယ်။အဲဒီအချိန် မျိုးဝင်းကအားလုံးကို ဒီကိစ္စဆွေးနွေးဖို့ ပြောတယ်။ ခင်မောင်ဇော် နဲ့ မိုးကြီးကလွဲလို့ ဘယ်သူက မှဘာပြောရမှန်းမသိဘူး။ မျိုးကြီးနဲ့ ခင်မောင်ဇော် က ကျနော်တို့ ဟာ အစိုးရသူလျှိုတွေဖြစ်ကြောင်း၊အသက်မဆုံးရှုံးချင်ရင် ကျောင်းသားတပ်မတော်နဲ့ တော်လှန်ရေးမှာ ပါဝင်ရမယ်ဖြစ်ကြောင်းပြောပါတယ်။


(52)
သူတို့ ကခင်ဗျားကို နည်းနည်းအနားပေးလိမ့်မယ်။ နို့ မိုဆိုရင်တော့ ခင်ဗျားကိုသေတဲ့အထိရိုက်သတ်လိမ့် မယ်။ ဒီကောင်တွေက ဒီစကားလုံးမျိုးတွေကို ကြိုက်တာသဲခြေခိုက်ပဲ။ ဒီစကားတွေကြားရင်သူတို့  ကျေနပ် သွားတယ်။ဒါမှမဟုတ်ရင်တော့ သူတို့ ဒေါသက ရူးသွပ်မှုကိုပြောင်းသွားတယ်။

ဇော်ဇော်မင်းက အော်ဟစ်ရယ်လိုက်ပြီး လေးလက်မသံကို သူအိင်္ကျီ အိတ်ထဲ ကထုတ်လိုက် တယ်။ မောင်ဌေး က အောက်ကိုသွားပြီး တူသွားယူတယ်။ ဇော်ဇော်မင်းက ထွန်းအောင်ကျော် လက်ဖ၀ါးနှစ် ဖက်စလုံးထဲကို လက်ဝါးကပ်တိုင်မှာကပ်ပြီး သံရိုက်ထည့်လိုက်တယ်။

နာကျင်တာနဲ့ အော်ဟစ်တာ။ အော်ဟစ်တာ။နာကျင်တာ။ ဒါတွေက ဖမ်းဆီးခံထားရတဲ့သူတွေအတွက် တစိမ်းတွေမဟုတ်တော့ဘူး။ ဒီနှစ်ခုဟာ ကြိုတင်သတိပေးမထားပဲ ကျနော်တို့ ဆီရောက်ရောက်လာတယ်။ ကျနော်တို့ အထဲက နာကျင်မှု၊အော်ဟစ်ရမှုမရှိတဲ့သူတယောက်ယောက်ရှိတယ်ဆိုရင် အဲဒီလူဟာ သစ္စာဖောက်ပဲ။ မိုးကြီးတို့ ခင်မောင်ဇော်တို့ လိုပေါ။့ သူတို့ နေသာဖို့ ကျနော်တို့  ကိုသစ္စာဖောက် သွားကြ တယ်။
Myo Zaw and Win Myint would not be left out.
ဥက္ကဌအောင်နိုင်။ ဒီစစ်ရုံးထဲမှာအခုရှိနေတဲ့သူတွေအားလုံးတယောက်မှ အစိုးရသူလျှိုတွေမဟုတ်ဘူးဆိုတာ ဒီကောင်သိတယ်ဆိုတာ ကျနော်လောင်းရဲတယ်။ Even the glorious chairman Aung Naing; I will bet that he knows that everybody in this war office is not the government agents. ဒီအောင်နိုင်ဆိုတဲ့ကောင်ဟာ သူ့  လုံခြုံဖို့ အတွက်ဆိုသူ့ အမေကိုတောင်ရောင်းစားဖို့ ဝန်မလေးတဲ့ကောင်။ ခင်မောင်ဇော်နဲ မျိုးကြီးက မသိနားမလည်တဲ့ကျောင်းသားတွေကို ဖမ်းဆီးခံထားရတဲ့သူတွေကို လက်ညိုး ထိုးပြီး သူတို့ ဟာ အေဘီအက်ဒီအက်ဖ် ကို ဖြိုခွဲဖို့ လာခဲ့တာ လို့ ပြောကြတယ်။
ရပြီ။ရပြီ။ ဒီလောက်ဆိုလုံလောက်ပါပြီ။


(175)
ကျနော်က ဆန္ဒပြတဲ့ကာလတုန်းက ခေါင်းဆောင်တွေထဲမှာဝင်ရောပြီး စစ်တပ်အာဏာပိုင်တွေကို အားလုံးသ တင်းပို့ ရ ပါတယ်။ သူတို့ ကျနော်လုပ်ဆောင်ချက်တွေ ကိုသဘောကျလို့ ရာထူးတိုးပေးပါတယ်။
မင်းအဆင့်ကဘာလည်း။
ကျနော်တပ်ကြပ်ကြီးကနေ ဒုဗိုလ်အဖြစ်ရာထူးတိုးပေးပါတယ်။
အိုးဂျမ့်ပ်ပရိုးမိုးရှင်းပါလားကွ။ (သေလိုက်စမ်း။ငါဘယ်လောက်နမော်နမဲ့နိုင်လိုက်သလဲ။နာကျင်မှုတွေကြောင့်ဖြစ်မယ်ထင်တယ်။ မတတ်နိုင်ဘူး။ကိုယ့်ကိုယ်ကို ရာထူးခုန်ကျော်ပြီးတိုးပေးလိုက်တယ်။)
မင်းကိုငါ ကျေနပ်ပြီ။ကျေနပ်ပြီ။ မင်းစစ်မြေပြင်တွေဘာတွေကိုရောသွားဖူးသလားကွ။
တခါမှမသွားဖူးပါဘူး။ဒါကကျနော့်အလုပ်မဟုတ်ပါဘူး။
ဒါဆိုမင်းအလုပ်ကဘာလည်း။
ကျနော်က upgrading section ကပါ။
ဘာတုန်းကွ Upgrading section ဆိုတာ။
ကျနော်တို့ က စစ်ရေးထက်နိုင်ငံရေးဖက်ကိုပိုအလုပ်လုပ်ရပါတယ်။We were upgraded there, in that section.
ဒီမှာ တွေ့ တဲ့ကော်လန်တွေကဘာတွေလည်းကွ။
ဘာသာစကားပါ။ တရုတ်။ထိုင်း။ဟင်ဒီ။အင်္ဂလိပ်။ရုရှား၊စီးပွားရေးနဲ့ နိုင်ငံရေးပါ။ ကျနော်က အင်္ဂလိပ်စာဌာ နက ကျူ တာပါ။
အော်။အော် ဒါကြောင့်မင်းအင်္ဂလိပ်စာကောင်းတာကိုး။ အင်္ဂလိပ်စာဘယ်မှာသင်ခဲ့လည်း။
ကျနော်တို့ ဌာနက ဗိုလ်မှူးဆီမှာပါ။
မင်းကိုဒီကိုဘယ်သူကလွှတ်လိုက်တာလည်း။
မန္တလေးက ဗိုလ်မှူးမြင့်ဦးပါ။ကျနော့်ကိုဒီကိုလွှတ်တော့ဗိုလ်အဖြစ်ရာထူးတိုးပေးပါတယ်။
(ဗိုလ်မှူးမြင့်ဦးက မန္တလေးထောက် လှမ်းရေး ၁က ဗိုလ်မှူးပါ။)


(67)
ဆေးကျောင်းတက်နေတဲ့ ကျနော့်ညီအငယ်ဆုံးရဲ့ သူငယ်ချင်း။သူ့ ထက် နှစ်နှစ်လောက်ကြီးပါတယ်။ သူ့ အ ဖေအမေတွေက အစိုးရကဖိအားပေးလို့  သူ့ ကိုအမွေပြတ်စွန့် လွှတ်ထားရပါတယ်။ သူနေသိပ်မကောင်းတော့ အိမ်မှာလာနေပါတယ်။ ကျနော့်ညီက သူကို ဆေးကုပေးပါတယ်။
မျိုးဝင်းနဲ့ အောင်နိုင် ရီပြီး အပြင်ထွက်သွားကြတယ်။
မင်းဒီကိုလာတော့ အထူး သင်တန်းတွေတက်ခဲ့ရလား။
ဟုတ်ကဲ့။ တက်ရပါတယ်။ တက်ရောက်သူ ၁၃ ယောက်ပါပါတယ်။ ကျနော်ကခြောက်ယောက်မြောက် ပါ။(တကယ်တော့ ညီအကိုမောင်နှမတွေကြားမှာ ကျနော်က ခြောက်ယောက်မြောက်ပါ။)
ပြော။အဲဒီသင်တန်းသားတွေကို။
တင်မောင်။တင်မောင်ညွန့် ။တင်စိုး။ ချစ်ပို။ချစ်ဖေ။ လှရွှေ။ရဲမြင့်။ မျိုးလွင်။ခင်မောင်မြင့် နဲ့ …အကုန် မမှတ်မိတောဘူးဗျ။
အိုကေအိုကေ အကုန်ပြောစရာမလိုပါဘူး။
(ဒီနာမည်တွေက မန္တလေး။တောင်စဉ်ကုန်းဗလီဝင်းမှာနေတဲ့ အိမ်ထောင်ဦးစီးတွေရဲ့ နာမည်တွေ)
ထောက်လှမ်းရေး ၁ ကို ဘယ်လိုသတင်းကပို့ သလဲ။
(ဘယ်လို။ ငါက ထောက်လှမ်းရေး ၁က ဗိုလ်ပါလို့ ပြောခဲ့ပြီးပြီလေ။ ငါ့ရုံးကိုငါ သတင်းအချက် အလက်တွေ ပို့  ဖို့ အထူးအထွေနည်းစနစ်တွေလိုသေးလို့ လားကွ)
ပုံမှန်အားဖြင့် တပတ်တခါ သတင်းပို့ ပါတယ်။ညီမင်းလို့  ခေါ်တဲ့ မူဆလင်ကားပြင်ဝပ်ရှော့နားက ကားအစိတ်အပိုင်းတွေရောင်းတဲ့သူက ကျနော့်ဆက်သားပါ။
(တကယ်တော့ သူက ကျနော့်ညီရဲ့ သူငယ်ချင်း)
အရေးပေါ်ဆိုရင်ကော
မျိုးလွင် ၂၉လမ်းနဲ့ ၉၃လမ်းဒေါင့်က သူ ကအရေးပေါ်အတွက်ပါ။
ရေဒီယိုထရန်စ္စမစ်တာတို့ တယ်လီဖုန်းတို့ ……



(69)
ငါမင်းကိုအခွင့်အရေးတခုပေးမယ်။ သေနတ်တွေ အဆိပ်တွေ ထုတ်ပေးစရာမလိုဘူး။ငါလိုချင်တာက မင်းဝန်ခံဖို့ ပဲ။ ၀န်မခံရင်တော့သေပြီလို့ သာမှတ်တော့။
စီအက်စ် ကျနော်သူလျှိုမဟုတ်ပါဘူး။
ကျနော်တကိုယ်လုံးကို ထိုးကြိတ်ကန်ကျောက်တာတွေလာပါတော့တယ်။
ခွေးမသား။ထပ်မေးဦးမယ်။ မျိုးဝင်း ကတ္တရာဘုတ်ကြီးသယ်လာပါပြီ။
ငါအသက်ကိုကယ်ဖို့ ငါတယောက်ပဲရှိတယ်။အသက်ဥာဏ်စောင့်ပဲ။ ဒီနေရာမှာ အသေခံပြီးသူရဲကောင်း မလုပ်ချင်ဘူး။
ပူတယ်။ ပူတယ်။ ပူတာထက်ပိုပူတယ်။ ဒီထက်ပိုပြီးငါသည်းမခနိုင်တော့ဘူး။ရပ်ပါတော့။ရပ်ပါတော့။ ကျနော်အကုန်ပြောပါတော့မယ်။
အိုကေ။မင်းက မင်းဟာ ဗိုလ်မှူးပါလို့ ဝန်ခံတယ်။
ဟုတ်ပါတယ်။ဟုတ်ပါတယ်။
သူ့ ကိုကြိုးဖြေပေးလိုက်။အခုမင်းတော်တော်သဘောပေါက်လာပြီ။ စောစောဝန်ခံရင် မင်းဒီလိုအသားမနာ ဘူး။ ခင်မောင်ဇော်လိုတောင်ဖြစ်တယ်။
ကျနော်ဘာမှထပ်မကြားလိုတော့ဘူး။တကိုယ်လုံးနာကျင်နေသလို စိတ်ထဲမှာ လည်းနာကျင်နေတယ်။ သူတို့ ကျနော်တို့ အားလုံးကို စစ်ရုံးပြန်ပို့ ကြတယ်။


(71)
စစ်ကြောရေးကာလမှာ ကျနော်ဟာကျောင်းသားစစ်စစ်ပါ။စစ်တပ်နဲ ဘာမှမပတ်သက်ပါဘူးဆိုတာ ကျိန်တွယ်ပြီးပြောခဲ့ပါတယ်။ ပြသနာက သူတို့ ကကျနော်ကို ဗိုလ်မှူးလို့ တံဆိပ်ကပ်ပြီးဖြစ်နေတာပါပဲ။ ဖမ်းဆီးခံရသူတွေအတွက်ကျနော်ဝမ်းနည်းပါတယ်။တကယ်ကိုဝမ်းနည်းကြေကွဲရပါတယ်။သူတို့ ကျနော်တို့ ကို ယုံကြည်အားကိုးကြတယ်။အထူးသဖြင့်ထွန်းအောင်ကျော်ကိုပေါ့။
အခု ကျနော်တို့ ဟာကိုယ့်ကိုယ်ကိုတောင်မကယ်နိုင်တဲ့အခြေအနေ။ညှင်းပန်းမှုတွေကြံ့ကြံ့မခံနိုင်တဲ့နောက် ကိုယ်ကိုယ့် ကိုယ်မုန်းတဲ့အစိုးရရဲ့ သူလျှိုအဖြစ်ဝန်ခံရတဲ့အဖြစ်ပါ။ ဒီဝန်ခံချက်တွေက ဖမ်းဆီးခံရ သူတွေ ပိုလို့ ညှင်း ပန်းမှုခံလာရတယ်။ညှင်းပန်းခံရလို့ ဝန်ခံ။ဝန်ခံလို့ ပိုညှင်းပန်းနဲ့ ကျောင်းသားတပ်မတော်ပျက် သုဉ်းတဲ့ အထိဒီသံသရာလည်ရပ်တော့မယ်ထင်ပါတယ်။ ဒါကသေချာပါတယ်။ Those confessions would bring further torture among the detainees and it will bring further confession till to the devastation of ABSDF.This is the most sure thing. Later, there will be a Red Shan Army in the place of ABSDF.
ကျနော့်ထွက်ဆိုချက်ကြောင့်ကျောင်းသားဘယ်နှစ်ယောက်အနှိပ်စက်ခံခဲ့ရလည်းကျနော်မသိနိုင်ပါဘူး။ ဒီကျောင်းသားတွေဟာ တော်လှန်ရေးမှာပါဝင်ဖို့ လာခဲ့ကြသူတွေ။ခုလိုညှင်းဆဲခံဖို့ ၊ခေါင်းဖြတ်ခံရဖို့ ရောက် လာကြသူတွေမဟုတ်ဘူး။အခုတော့အားလုံးနောက်ကျကုန်ပါပြီ။
ဆေးတပ်ဖွဲ့ ကကျနော့်ဒဏ်ရာကို ကုဖို့ လာတယ်။တချို့ ကထွန်းအောင်ကျော်အနားမှာ။ အနာကိုဆေးလိမ်းတော့ ဒီအနာက ဒီအနာရတုန်းကလိုပဲနာတယ်။ ရင်ထဲမှာလည်းနာနေပါ တယ်။ရင်ထဲ ကအနာကို သူတို့ ဆေးမလိမ်းပေးနိုင်ပါဘူး။ ထွန်းအောင်ကျော်ဆီကလည်း နာလို့ အော်တဲ့အ သံကြားရတယ်။ ဒါပေမယ့်ဂရုမစိုက်နိုင်ဘူး။

Myanmar Daily Mail

2 comments:

ဈေးရောင်းပွဲတွေ၊ ဂီတပွဲတွေကိုတော့သွား၊ ကိုယ့်ဖခင်အတွက်အလှူပွဲတော့ မတက်တဲ့ ဒေါ်စု http://goldenmyanmarnews.blogspot.com/2011/12/blog-post_28.html

ဈေးရောင်းပွဲတွေ၊ ဂီတပွဲတွေကိုတော့သွား၊ ကိုယ့်ဖခင်အတွက်အလှူပွဲတော့ မတက်တဲ့ ဒေါ်စု http://goldenmyanmarnews.blogspot.com/2011/12/blog-post_28.html

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်